Sunday, December 2, 2007

“ဒီဇင်ဘာရဲ့ရင်ထဲကနွေ”
နံနက်စောစော
ပြူတင်းတံခါးအဖွင့်မှာ
ဒီဇင်ဘာ ငါ့ကိုနှူတ်ဆက်
နိုးတဝတ် အိပ်မက်တွေထဲမှာ…ငါ
နှင်းနဲ့မိုး ရောနှောခြုံလွှမ်း
အရိုးတုန်အောင်ချမ်းတဲ့ လမ်းမှာ
U.S. တနေရာက ငါ့ရဲ.အလွမ်း
နှလုံးသားမချမ်း ရင်မှာနွမ်း
စိတ်ကူးနဲ့လှမ်းနေတဲ့..အဝေးကအမေ့အိမ်ဆီကို……။
ပြီးတော့..
ရေအလျင်လို စီးနေတဲ့ ငါ့ရဲ.နှလုံးသားမြစ်
အဝေးတနေရာက စစ်တလင်းတွေမှာ..
သာသနာပျက်သုဉ်း
လူညွန့်တုန်းအောင် ကြံဆောင်နေတဲ့
စစ်ဘီလူးကောင်တွေနဲ့ စီးချင်းထိုး……..။
ဒီမှာတော့..နှင်းရိုင်းမြက်တချို.
မခို့တရို.ရှင်သန်ရင်း သီချင်းငြီးဆို
နှင်းထုကိုကြိုနေသလိုပ
က နေလိုက်ကြပုံများ
ငါနဲ့တော့ကွဲပြားခြားနား
ရင်ထဲမှာတော့ နွေရာသီ…….။
ဆောင်းယွန်းလ

1 comment:

Anonymous said...

ဒီကဗျာလေးကို ကြိုက်တယ် အကို ။ အပြင်မှာတော့ ဆောင်းရာသီပေါ့ .. ။ ရင်ထဲမှာတော့ ကန္တာရထဲက မထွက်နိုင်သေးဘူး။