Friday, November 30, 2007

“ဒီလိုမျှဝေခံစားစေချင်ပါတယ်”
ကျနော်ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့အဖေအကြောင်းအောက်မေ့ဖွယ်ရာစာစု
လေးတပုဒ်ကိုမနေ့တနေ့ကမှဒေါင်းအိုးဝေစာစောင်ထဲမှာဖတ်လိုက်ရတဲ့အမေ့
အကြောင်းအောက်မေ့ဖွယ်ရာစာစုလေးတပုဒ်နဲ့အတူဒီလိုမျှဝေခံစားကြစေလို
ပါတယ်။ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့အဖေနဲ့ပတ်သတ်တဲ့စာစုလေးကတော့
ဒီလိုပါ။အသက်ငါးနှစ်သားလောက်မှာကလေးတယောက်ကဒီလိုတွေးပါတယ်။
ငါ့အဖေကြီးကငါဘာဘဲမေးမေးအကုန်ဖြေတတ်တယ်။အဖေကအကုန်သိတာ
ပဲဆိုပြီးအဖေ့ကိုအထင်ကြီးခဲ့တယ်ပေါ့။ဒီလိုနဲ့၁၅နှစ်သားလောက်အရွယ်ရောက်
လာတော့ဒီအဖိုးကြီးကခေတ်အောက်နေပါပြီ။ဘာမှလည်းသိတာလည်းမဟုတ်
ဘဲနဲ့ဘာညာပေါ့။တဖြည်းဖြည်းနဲ့အသက်အစိတ်လောက်ရောက်လာတော့တခုခု
အရေးကြီးတာလုပ်တော့မယ်ဆုံးဖြတ်တော့မယ်ဆိုရင်ဒီလိုတမျိုးတဖုံတွေးမိလာ
ပြန်တယ်။အင်း..အဖေကတော့လူကြီးလည်းဖြစ်တယ်ရှေ.မှီ
နောက်မှီလည်းရှိတယ်ဆိုတော့တခုခုလုပ်ဖို့ဆုံးဖြတ်ဖို့အတွက်အဖေနဲ့တိုင်
ပင်ရင်တော့ငါတယောက်တည်းဆုံးဖြတ်ပြီးလုပ်တာထက်ပိုပြီးကောင်းမယ် သင့်
တော်မယ်လို့တွေးတတ်လာတယ်။အဲ..အသက်သုံးဆယ်ကျော်ကျော်လောက်ဖြစ်
လာတော့ဘာပဲလုပ်လုပ်အဖေနဲ့တိုင်ပင်ပြီးလုပ်တာအကောင်းဆုံးပဲလို့တွေးတတ်
လာခဲ့ပြီးတိုင်တိုင်ပင်ပင်လုပ်တတ်လာခဲ့တာပေါ့။အသက်လေးဆယ်လောက်အ
ရွယ်ရောက်လာတော့အဖေလည်းလူ့လောကထဲမှာမရှိတော့တဲ့အခါကျတော့..
သြော်..ဒီအချိန်မှာအဖေသာရှိနေခဲ့ရင်ဘယ်လောက်များကောင်းလိုက်လေမလဲ။
အဖေသာဒီအချိန်ရှိနေခဲ့ရင်ငါ့အတွက်တအားပဲ။အမှားနဲ့အမှန်ကိုကောင်းကောင်း ပိုင်းခြားပေးနိုင်မယ့်အဖေသာရှိခဲ့ရင်ဘယ်လောက်တောင်မကောင်းလိုက်လေမလဲလို့တွေးတတ်လာခဲ့တာပေါ့လေ။ဒီစာစုလေးကတော့လူတယောက်ရဲ့အသက်
အပိုင်းအခြားကိုလိုက်ပြီးပြောင်းလဲလာတတ်တဲ့သူ့ရဲ့မိဘတွေအပေါ်မှာထားရှိတဲ့
စိတ်ပိုင်းဆိုင်ရာသဘောထားလေးတွေကိုသားတယောက်ရဲ့အတွေးလေးတွေနဲ့
ဖော်ကြူးပြသထားတာပဲဖြစ်ပါတယ်။
ဒေါင်းအိုးဝေစာစောင်ထဲမှာဖတ်လိုက်ရတဲ့ဝတ္ထုတို လေးကတော့ဒီလိုပါခင်ဗျ။ တနေ့ကဒေါင်းအိုးဝေစာစောင်ထဲမှာကလောင်ရှင်နိုင်းနိုင်းစနေရဲ့ခံစားချက်အပြည့်
ပါတဲ့ဖြန့်ဝေမှုဝတ္ထုတို လေးတပုဒ်ကိုစိတ်ဝင်တစားဖတ်လိုက်ရပါတယ်။ဖတ်ပြီးပြီးချင်းပဲကျနော့်စိတ်
ထဲမှာဖော်မပြနိုင်လောက်အောင်ခံစားခဲ့ရပါတယ်။ဒါကြောင့်လည်းဝတ္ထုတိုလေးထဲ
မှာပါတဲ့ ဒီစာစုလေးကိုအခုလိုရေးချလိုက်ရတာဖြစ်ပါတယ်။ ကလောင်ရှင်ကဒီလိုရေးသား
ဖော်ပြထားခဲ့ပါတယ်။ဒီနေရာမှာကျနော့်အနေနဲ့အဓိကဖော်ပြလိုတဲ့အကြောင်းအရာလေးတချို.ကိုပဲတင်ပြပေးပါရစေ။အဲဒီအတွက်လည်းနားလည်ပေးနိုင်ကြပါစေ။
“မျက်မှန်ထူကိုတပ်စာဖတ်တိုင်းအားစိုက်ရတဲ့အမေ သတင်းစာတမျက်နှာချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကိုမည်မျှခက်ခက်ခဲခဲ
ညှပ်ယူခဲ့သည်ဆိုတာကိုကျနော်အသိ။သို့သော်အသုံးမဝင်တော့သော ထိုသတင်းစာများကို ကျနော်ယူမသွားချင်ပေ။ကျနော်တွေဝေနေသည့်အခိုက်တွင်အမေ့လက်ထဲမှာ
ဖြတ်ပိုင်းလေးတခုလွင့်ကျသွားသည်။ကျနော့်ထက်ဦးအောင်အမေကကောက်ယူ
လိုက်ပြီးအိတ်ထဲသို့ထည့်လိုက်သည်။”ဘာဖြတ်ပိုင်းလဲမေမေ ကျနော့်ကိုပြပါလား” အမေတွေတွေလေးနှင့်ကမ်းပေးပြီးထမင်းစားခန်းထဲသို့ထွက်သွားလိုက်သည်။
ကျနော်ချက်ချင်းဖတ်ကြည့်မိလိုက်သည်.. “ငါအိုသွားသောအခါ” ဟုစဉ်တပ်ထားသော ၂၀၀၄-၁၂ လပိုင်း ၆ ရက်နေ့ကဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေးမှာ……….
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။ ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေအင်္ကျီ ပေါ်လောင်းမိတဲ့အခါ ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းကငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ အပ်ကြောင်းထပ်မကပြောခဲ့ဖူးတဲ့စကားတွေကိုငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တထောင့်တညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတထောင့်တညပုံပြင်တွေကို
မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်တော့လို့ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်
တုန်းကချော့တလှည့်ခြောက်တခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။
ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့
လက်တစုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက တလှမ်းချင်း လှမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ.နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကိုနားထောင်ပေးရင် ကျေနပ်ပါပြီ။
တနေ့ထက်တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့။ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ။“
ဒီဝတ္ထုတိုလေးထဲကအထက်ဖော်ပြပါ စာရေးသူရဲ.ရှာဖွေတင်ပြချက်လေးဟာ အင်မတန်မှထိမိလှပြီး ကျနော့်ရဲ့ထိလွယ်ရှလွယ်တဲ့ နှလုံးသားကိုသိသိသာသာကြီးရိုက်ခတ်သွားစေခဲ့ပါတယ်။ “ငါအိုသွားတဲ့အခါ”ဆိုတဲ့ဆောင်းပါးလေးဟာ ကျနော်တို့အားလုံး တနေ့နေ့တချိန်ချိန်မှာ ဖခင်နေရာဖြစ်ဖြစ် မိခင်နေရာဘဲရောက်ရောက် ကြုံတွေ.လာနိုင်တဲ့အကြောင်းအရာကို အခြေခံပြီးရေးသားထားတာဖြစ်နိုင်သလို လူ့ဘဝဖြစ်စဉ်ရဲ့ အပြောင်းအလဲနိယာမလေးတခုကို လေးလေးနက်နက် တင်ပြထားတယ်လို့ယူဆမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
အဆုံးသတ်အနေနဲ့ ကျနော်တင်ပြလိုတာကတော့ ကျနော်တို့အားလုံးဟာ သားသမီးနေရာမှာနေနေ မိဘနေရာကိုဘဲရောက်ရောက်
လူ့ဘဝကြီးမှာ နေတတ်ဖို့ စဉ်းစားဆင်ခြင်တတ်တဲ့အတွေးအခေါ်တွေကိုမွေးမြူတတ်ဖို့လိုအပ်လှပါတယ်။ ဒါနဲ့တဆက်တည်းပြောလိုတာကတော့ ဒီကနေ့ မြန်မာနိုင်ငံမှာအာဏာကိုမတရားရယူပြီး ပြည်သူ့အပေါ်မှာ သားသမီးလိုမဆက်ဆံ မိဘလိုလည်းသဘောမထားနိုင်တဲ့ အာဏာရှင်တွေအနေနဲ့ မိမိကိုယ်ကိုယ်ပြန်လည်ဝေဖန်သုံးသပ်ပြီး လူပီသစေဖို့ ပြီးတော့လူမဖြစ်သေးတဲ့ ကိုယ့်စိတ်ဓာတ်ကို လူဖြစ်အောင်ပြုပြင်ဖို့လိုအပ်ကြောင်း သတိပေးပါရစေ………။
ဆောင်းယွန်းလ

2 comments:

chaos said...

အစ်ကိုရေ
အရေးအသားကောင်းတယ်နော်
မျောသွားတယ် စာတွေထဲမှာ
လိုရာကို ဆွဲယူသွားတဲ့ ပုံစံလေး
တအားမိုက်တယ်နော်

ကောင်းကင်ကို said...

အမေကို သတိရမိ၊လွမ်းဆွတ်မိပါတယ်။