Sunday, January 6, 2008

”ပြောင်းလဲပစ်ရမယ့် အိပ်ရာဝင်ပုံပြင်”
အိပ်ရာဝင်ပုံပြင်တွေ ပြောင်းသွားခဲ့တယ်
နေမထွက်ဘဲနေကြပ်တဲ့နေ့တွေများလာခဲ့တယ်
လမထွက်ဘဲ ဘဝပျက်တဲ့ညတွေများလာခဲ့တယ်

ငွေအသပြာပေါ်က ဓာတ်ပုံတွေအမျိုးမျိုးပြောင်းလဲခဲ့တယ်
ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ သွေးစတွေပိုပြီးပေကျံလာခဲ့တယ်

မျက်မှောင်ကြုံ့ရတာများရင်း
အိုမင်းမစွမ်းကြမ်းခင်းပေါ်ကမျက်နှာတွေပိုများလာကြတယ်
အဆိပ်ပင်ရေလောင်းရင်း
မူးယစ်ဆေးပန်းခင်းကြီးတွေပိုကြီးထွားလာကြတယ်

ဘုရားကျောင်းကခေါင်းလောင်းသံတွေ ပိုပြီးဆွံ့အလာကြတယ်
တရားမရှိဘုရားမသိတဲ့ မိစ္ဆာတွေပိုများလာကြတယ်
ဘုရားပန်းတွေနွမ်းခြောက်ရင်း
လူသတ်ကွင်းတွေပိုကျယ်ပြန့်လာကြတယ်

မာလာဆောင်မှာခြောက်တဲ့သရဲထက်
အဓိပတိလမ်းမှာကြွေတဲ့ကန့်ကော်တွေပိုများလာကြတယ်

တိုးတက်တဲ့ခေတ်မှာ စက်မှုဇုံတွေဖြစ်ထွန်းရမဲ့အစား
ကြွေးမြီတွေတိုးပွားလာကြတယ်
စာသင်ခန်းတွေနဲ့ ဘုရားရင်ပြင်တွေမှာလူစည်ကားရမဲ့အစား
ဆေးရုံနဲ့သင်္ချိုင်းတွေမှာ လူပိုများလာကြတယ်

”က”ကြီးတွေဇောက်ထိုးဖြစ်ရင်း”ယ”တွေရွဲ့စောင်းလာကြတယ်
ခေတ်ရဲ့ကလေးတွေမဆော့နိုင်ကြတဲ့ပန်းခြံတွေထဲမှာ
အမှန်တရားတွေကိုဘောင်းဘီအိတ်ထဲထိုးထည့်တာများလို့
ကောင်းကင်ကြီးတခုလုံးပြုံးစရာနေရာလပ်တွေနည်းပါးလာကြတယ်

ရေးချလိုက်သမျှ စာလုံးမည်းတွေမှာအလိမ်အညာတွေထပ်ပြီး
ဓာတ်ပုံကြီးကြီး ဦးနှောက်သေးသေးတွေရဲ့အကြောင်းများလာကြတယ်

ဝတ်လစ်စလစ်တွေနဲ့ ခေတ်ရဲ့ရှေ့ပြေးအောင်ဖော်ချွတ်ရင်း
ခြေတော်တင်ခံခြင်း ပဒေသရာဇ်တွင်းကိုပြန်ဆင်းနေကြတယ်
ဒါလည်းခေတ်တခုရဲ့မြုံနေတဲ့အနာ အသိမဲ့ခြင်းအကြောင်းအရာတွေပေါ့

မတရားမှုတွေကိုသေနတ်ပြောင်းဝမှာတပ်ပြီးပြည်သူ့ငြီးငြူသံကြားရမှ
ဝတ်ကောင်းစားလှဝတ်နိုင်ကြသူတို့ရဲ့အတ္တယမ်းခိုးတွေ
လေထုကိုပိုပြီးညစ်ညမ်းလာစေခဲ့ကြတယ်

သားချော့တေးဆိုတတ်တဲ့မိခင်တွေက
မျက်ရည်တွေမကျအောင်ထိန်းရင်း တော်လှန်ရေးတေးသီချင်းတွေကိုပိုပြီးဆိုငြီးလာတတ်ကြတယ်

တောင်သူလယ်သမားတွေရဲ့တံစဉ်တွေဟာ
ရိတ်စရာစပါးခေါင်းပါးလွန်းလို့အသွားတုံး
ဘုရားတောင်ဆွမ်းဘုဉ်းပေးစရာရှားပါးလာခဲ့တယ်

လစ်ရင်လစ်သလိုတိုလျှိုခိုးဝှက်လုယက်နေရမှ မနက်ညစာမှနှ်
အရောင်လက်နိုင်ကြတဲ့စနစ်
ချွေးစက်ကြွေသလောက်ငွေမလောက်နိုင်တဲ့ဘဝတွေ
အကိုင်းအခက်မဲ့သစ်ပင်အောက် တဲဆောက်နေကြရရင်း
အကြွင်းမဲ့ချစ်ခြင်းများအတွက်
နေဝင် နေထွက် ခရီးကြမ်းဆက်နေကြရတယ်

နိုင်ငံတကာစာမျက်နှာပေါ်ကအသေးဆုံးစာလုံး
”တိုးတက်ခြင်း”
နိုင်ငံတကာစာမျက်နှာပေါ်ကအကြီးဆုံးစာလုံး
”စစ်အာဏာရှင်”
”အဂတိလိုက်စားခြင်း”
”လူ့အခွင့်အရေးချိုးဖောက်ခြင်း”
”ခုခံအားကျဆင်းခြင်းရောဂါ”
မြန်မာဟုခေါ်ဆိုအပ်သောအရပ်တွင်ပေါများ
ဒီနိုင်ငံမှာလူပြန်မဖြစ်ချင်တော့လို့
တချို့သဘောင်္ပေါ်ကခုန်ချ
တချို့ဗီဇာသက်တမ်းကုန်တော့ ပန်းကန်ဆေး
တချို့စကောလားရှစ်ပြုတ်ရင်းစက်ရုံထဲဝင်
တချို့သေရာပါသောကနဲ့နယ်ခြားမျဉ်းတွေပေါ်မှာရပ်ရင်း
ပေါ်တာဘဝကိုရှောင်ကြဉ်းရ
တတိယနိုင်ငံထွက်ရမယ့်လတွေကိုမျှော်လင့်ကြရ
ဒါသူတို့အတွက်လုပ်ရပ်မှားသလား
ဒီအနိဌာရုံပန်းချီကားချပ်ထဲ ဘယ်သူကများနေချင်လို့လဲ
အာဏာရှင်ယူနီဖောင်းဝတ်တွေကလွဲရင်ပေါ့

ညီအကိုတို့ရေ
တို့တတွေ ဘယ်ဘဲရောက်ရောက်
တို့တတွေဘယ်မှာဘဲနေနေ
တို့တတွေရဲ့မွေးရာဇာတိ အမိမြန်မာပြည်အတွက်
အမှောင်ဆုံးညနက်တွေကိုကျော်ဖြတ်နိုင်ကြရမယ်
ပြီးတော့
မပြောင်းလဲနိုင်သေးတဲ့ပန်းချီကားကို
ငါတို့ရင်ထဲက
ဘယ်တော့မှဆေးသားမပြယ်နိုင်တဲ့
တော်လှန်ရေးစုပ်ချက်တွေနဲ့ရေးသားကြမယ်…..

ငါတို့ရဲ့သားစဉ်မြေးဆက်အတွက်
ငါတို့ဘဝတွေ အသက်တွေနဲ့ရင်းပြီးပြောင်းလဲပစ်ရမယ့်
အိပ်ရာဝင်ပုံပြင်တွေက
သူတို့ရဲ့ ဒီမိုကရေစီညတွေမှာ
ပြည့်ဝတဲ့လူ့အခွင့်အရေး လမင်းနဲ့အတူသာလင်းနေစေရမယ်။
ဆောင်းယွန်းလ
ဇန်နဝါရီလ ၆ရက်နေ့ ၂၀၀၈ခုနှစ်နံနက်တွင်ရေးဖွဲ့ပါသည်။





4 comments:

Nyein Chan Aung said...

အိပ်ရာဝင်ပုံပြင်တွေ ပြောင်းသွားခဲ့တယ်
နေမထွက်ဘဲနေကြပ်တဲ့နေ့တွေများလာခဲ့တယ်
လမထွက်ဘဲ ဘဝပျက်တဲ့ညတွေများလာခဲ့တယ်

မာလာဆောင်မှာခြောက်တဲ့သရဲထက်
အဓိပတိလမ်းမှာကြွေတဲ့ကန့်ကော်တွေပိုများလာကြတယ်

အမှန်တရားတွေကိုဘောင်းဘီအိတ်ထဲထိုးထည့်တာများလို့
ကောင်းကင်ကြီးတခုလုံးပြုံးစရာနေရာလပ်တွေနည်းပါးလာကြတယ်

ဝတ်လစ်စလစ်တွေနဲ့ ခေတ်ရဲ့ရှေ့ပြေးအောင်ဖော်ချွတ်ရင်း
ခြေတော်တင်ခံခြင်း ပဒေသရာဇ်တွင်းကိုပြန်ဆင်းနေကြတယ်
ဒါလည်းခေတ်တခုရဲ့မြုံနေတဲ့အနာ အသိမဲ့ခြင်းအကြောင်းအရာတွေပေါ့

သားချော့တေးဆိုတတ်တဲ့မိခင်တွေက
မျက်ရည်တွေမကျအောင်ထိန်းရင်း တော်လှန်ရေးတေးသီချင်းတွေကိုပိုပြီးဆိုငြီးလာတတ်ကြတယ်

တောင်သူလယ်သမားတွေရဲ့တံစဉ်တွေဟာ
ရိတ်စရာစပါးခေါင်းပါးလွန်းလို့အသွားတုံး
ဘုရားတောင်ဆွမ်းဘုဉ်းပေးစရာရှားပါးလာခဲ့တယ်

လစ်ရင်လစ်သလိုတိုလျှိုခိုးဝှက်လုယက်နေရမှ မနက်ညစာမှနှ်
အရောင်လက်နိုင်ကြတဲ့စနစ်
ချွေးစက်ကြွေသလောက်ငွေမလောက်နိုင်တဲ့ဘဝတွေ
အကိုင်းအခက်မဲ့သစ်ပင်အောက် တဲဆောက်နေကြရရင်း
အကြွင်းမဲ့ချစ်ခြင်းများအတွက်
နေဝင် နေထွက် ခရီးကြမ်းဆက်နေကြရတယ်

ဒီနိုင်ငံမှာလူပြန်မဖြစ်ချင်တော့လို့
တချို့သဘောင်္ပေါ်ကခုန်ချ
တချို့ဗီဇာသက်တမ်းကုန်တော့ ပန်းကန်ဆေး
တချို့စကောလားရှစ်ပြုတ်ရင်းစက်ရုံထဲဝင်
တချို့သေရာပါသောကနဲ့နယ်ခြားမျဉ်းတွေပေါ်မှာရပ်ရင်း
ပေါ်တာဘဝကိုရှောင်ကြဉ်းရ
တတိယနိုင်ငံထွက်ရမယ့်လတွေကိုမျှော်လင့်ကြရ

ငါတို့ရဲ့သားစဉ်မြေးဆက်အတွက်
ငါတို့ဘဝတွေ အသက်တွေနဲ့ရင်းပြီးပြောင်းလဲပစ်ရမယ့်
အိပ်ရာဝင်ပုံပြင်တွေက
သူတို့ရဲ့ ဒီမိုကရေစီညတွေမှာ
ပြည့်ဝတဲ့လူ့အခွင့်အရေး လမင်းနဲ့အတူသာလင်းနေစေရမယ်။
ဆောင်းယွန်းလ
ဇန်နဝါရီလ ၆ရက်နေ့ ၂၀၀၈ခုနှစ်နံနက်တွင်ရေးဖွဲ့ပါသည်။

ကဗျာ ကောင်းတယ် ကိုဆောင်းယွန်းလရေ..။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေတစ်ခုလုံးကို ခြုံငုံမိတဲ့ ကဗျာပါပဲ ဗျာ။

Yaw Han Aung said...

တယ်ကောင်းနေပါလားဗျု့။ ဆက်လုပ်ပါ။ အားပေးနေတယ်။

ကောင်းကင်ကို said...

ကဗျာလေးကောင်းလိုက်တာဗျာ။ ရြင်ထဲထိလွန်းလို့ အထပ်ထပ် ဖတ်သွားတယ်ဗျာ။

မာရ်နတ်ဆိုး said...

အိပ်ယာဝင်ပုံပြင်ပြောင်းသွားတာလေး လာဖတ်တာ..