Tuesday, January 15, 2008

ခံစားချက်တွေက လက်တွေ့နှင့်ယှဉ်ပြီးစီးဆင်းလာလေ့ရှိတဲ့ ကျနော့်ရင်ဘတ်ထဲမှာ အချိန်
ကာလကြာမြင့်စွာကတည်းက ကိန်းအောင်းနေခဲ့တဲ့ မြင်ကွင်းတွေရှိပါတယ်။ နောက်ပြီး အဲဒီမြင်ကွင်းတွေကိုဘယ်လိုပုံစံနဲ့ လှပတဲ့မြင်ကွင်းတွေဖြစ်အောင်ပြောင်းလဲပစ်ရရင် ကောင်းမလဲဆိုတဲ့တွေးခေါ်ပုံအဆင့်ဆင့်တွေကိုစဉ်းစားမိတဲ့အခါတိုင်း အင်မတန်မှထုထည်
ကြီးမားတဲ့အစိုင်အခဲတခုက ရင်ဝမှာတစ်ဆို့နေသလိုခံစားရပါတယ်။ အဲဒီလို တစ်ဆို့နေတဲ့
အစိုင်အခဲကြီးထဲက တချို့သောအစိတ်အပိုင်းလေးတွေ ပဲ့ကျလိုကျငြားဆိုတဲ့စိတ်အသိနဲ့ဘဲ
မုသားမပါ ကာရန်မညီတဲ့ ဒီကဗျာလေးကို စိတ်ရဲ့လိုအင်အတိုင်း ကီးဘုတ်ပေါ်ကနေ ဖြန့်ကျဲ
ပေးဝေလိုက်ပါရစေ။ ဖတ်ရှုသူအပေါင်းလည်း ကျနော့်လိုဘဲ ခံစားနားလည်နိုင်ကြပါစေလို့
ဆုတောင်းရင်း…..

”တိမ်ထူအိပ်မက်”
ယူအန်အိခ်ျစီအာရဲ့
အုပ်ထိမ်းမှုအောက်.လမ်းလျှောက်ရင်း
တတိယနိုင်ငံတွေတွေအတွင်းသက်ဆင်းလာသူအများစုမှာ
သေရာပါအမှတ်အသား ဒဏ်ရာဒဏ်ချက်တွေရှိကြ..

သူတို့က
လူလိုက်မုဆိုးတွေရန်ကရှောင်တိမ်းရင်း
စစ်တလင်းမှာဝမ်းနည်းခြင်းတွေလောင်ကျွမ်း
သူတို့အထွတ်အမြတ်ထားရာလမ်းမှာ
ဘုရားကျောင်းကန်တွေဟာလည်းမီးရှို့ခံရ
ဘဝဟာ.တာရာဟောင်းတလုံးအောက်မှာမျိုးတုံးပြီး
နေ့မြင်ညပျောက် အသက်ပျောက်ကြရ
မနက်စာ ညစာမရှိ
သောကအတိပြီးတဲ့ဘဝမှာ
မျက်ရည်တွေချွေတာရေးမရှိဘဲကြွေကျ….

သူတို့က လူမှုဘဝကို
ပျမ်းမျှ ၅၂ဆိုတဲ့သက်တမ်းထဲ
ပြေးရင်းလွှားရင်းဗုံးကျင်းတွေရဲ့မီးခဲပေါ်ဖြတ်သန်း
ခရီးကြမ်းဆူးလမ်းမှာ..
သူတို့ဟာ
ဖိနပ်မပါ ခြေဗလာလျောက်ရင်း
အေတီအမ်နဲ့ခရက်ဒစ်မသိ
မိုးပျံရထားမမြင်ဖူး
ရှမ်ပူနဲ့ရေပန်း
ဟီတာနဲ့အဲယားကွန်းမကြားဖူး
အေဘီစီမသိ
ကကြီးနဲ့ဝလုံးတောင်အနိုင်နိုင်အာဂုံဆောင်ရ
သမတရွေးကောက်ပွဲအကြောင်းမသိ
လစ်ဗင်းတူဂဲသားမရှိ….

သူတို့က လူမှုစံနစ်ကို
ငါးမျှား ပိုက်ထောင်ရင်းဖြတ်သန်း
ချောင်းလျှောက်ရင်း အဝတ်လျှော်
ပေါ်တာထမ်းရင်း ကျန်းမာရေးချို့တဲ့
ဝဲလ်ဖဲလ်မသိ မယ်ဒီကိတ်မရှိ
ပေပါဝေါ့ခ်အကြောင်းနားမလည်
ကြက်ခြေခတ်ဟာ သူတို့ရဲ့အထင်ရှားဆုံးလက်မှတ်
ကိုယ့်ကိုယ်ကို
ဘယ်နှစ်ရက်ဘယ်နှစ်လမွေးမှန်းတောင်အသေချာမသိ
သူတို့ဟာ
စစ်ရဲ့ဖိဆီးမှုမှာမွေးဖွား
မလေးရီးယားကိုအဖော်လုပ်
ပြာပုံဟာ သူတို့မွေ့ရာ
ဗုံးကျင်းဟာ သူတို့အိမ်ယာ
ဝါးရုံရှိရာ သူတို့စာသင်ကျောင်း
ကွန်ဒိုမီနီယမ်မသိ
ဟားဗက်စ် အောက်စဖို့တ် ဝေလာဝေး
ပလိုင်းနဲ့စောင်ပိုင်းငယ်လေးကိုလွယ်အိတ်လုပ်နေရတဲ့ဘဝ
မလှပလိုက်ကြပုံများ….

တကယ်တော့
ဘယ်သူမဆို
ကိုယ့်အိမ်ကိုယ့်မြေမှာနေ
ကိုယ့်တိုင်းပြည်ရာသီကိုချစ်
ကိုယ်နှစ်သက်ရာလေးတွေကိုရွေးစား
မိဘဆွေမျိုးများခေါင်းချရာမှာ
ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်ပြီး
ဘာသာတရားရဲ့ခရီးမှာပျော်မွေ့ချင်ကြ
ဒါသဘာဝဘဲမဟုတ်လား…

ဒါပေမယ့်..
အခြေအနေမပေးလို့
လွတ်မြောက်ရာကိုရှောင်ပြေးရတဲ့ဘဝ
ဘယ်သူမျှ …တခဏတောင်မပျော်
မသူတော်တွေရဲ့ လက်ကရှောင်ကွင်း
တော်ရာမှာနေရင်း
လူနေမှုစံနစ်တွေရဲ့ ဝိရောဓိတွင်းထဲကျ
ဒါ.ဒီနေ့ တတိယနိုင်ငံသားတွေရဲ့လူမှုဘဝ…

အမြန်ယာဉ်တွေချည်းဒုန်းဆိုင်းစီးနေတဲ့
အနောက်နိုင်ငံ (ဝါ) အင်အားကြီးနိုင်ငံတွေရဲ့ခေတ်ထဲ
သူတို့လို ခေတ်နောက်ကျနိုင်ငံသား
ဘယ်ပုံနဲ့များ နေသားကျနိုင်ပါ့…..

လူနေမှုစံနစ်ရဲ့
စီးဆင်းမြစ်ထဲ
လမ်းမလွဲစေဘဲဆန်တက်ဖို့ဆိုရင်
သူတို့အတွက်…ကူးခတ်နိုင်မယ့်လက်နှစ်ဘက်
ပြီးတော့.ခြေနှစ်ချောင်း
သက်လုံကောင်းကောင်းနဲ့ဟန်ချက်ညီဖို့လိုတယ်….

သက်လုံကောင်းကောင်းနဲ့ ဟန်ချက်ညီဖို့ဆို
သူတို့မှာလိုနေတာက…
အတွေးအခေါ်ရှိတဲ့ ဦးခေါင်းတလုံး
ဝေခွဲပိုင်းခြားနိုင်စွမ်းမယ့် အတွေ့အကြုံ
ပြီးတော့.ကိုယ့်ရေမြေကိုချစ်ပြီး
တော်လှန်ခရီးကိုမငြီးတမ်းလှမ်းရဲတဲ့စိတ်
အိပ်မက်မမက်တတ်တဲ့ စိတ်ကူးတစုံစီနဲ့
တည်ကြည်လေးနက်စွာ ပုံဖော်တတ်တဲ့လက်
အမှန်တရားကိုလေးစားတတ်တဲ့ရင်ဘတ်
ဒါတွေအားလုံး.သိမ်းကြုံးပြီးတော့ကိုလိုတယ်….

ဒီလိုအပ်ချက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေကိုဖဲ့ထုတ်
သူတို့ကိုဖေးမတဲ့အလုပ်တွေလုပ်ဖို့လိုသလို
ငါတို့ရဲ့လက်တွေ..
သူတို့ကိုဆန့်တန်းပေးဖို့လည်းလိုနေတယ်….

တကယ်လို့များ
ငါတို့က မိုးသားတိမ်လိပ်ဖြစ်ပြီး
မိုးရွာချပေးနိုင်စွမ်းရှိမယ်ဆိုရင်
ငါတို့….
တိမ်ထူအိပ်မက်
ဆက်မမက်ချင်တော့ဘူး
လှသောပန်းကိုသာစိုက်ပျိုးရင်း
သခင်ပျိုးတဲ့ပန်း
သခင့်အနမ်းနဲ့ဘဲ လန်းစေချင်တယ်….

ဆောင်းယွန်းလ


8 comments:

Nyein Chan Aung said...

”တိမ်ထူအိပ်မက်”
ယူအန်အိခ်ျစီအာရဲ့
အုပ်ထိမ်းမှုအောက်.လမ်းလျှောက်ရင်း
တတိယနိုင်ငံတွေတွေအတွင်းသက်ဆင်းလာသူအများစုမှာ
သေရာပါအမှတ်အသား ဒဏ်ရာဒဏ်ချက်တွေရှိကြ..

သူတို့က
လူလိုက်မုဆိုးတွေရန်ကရှောင်တိမ်းရင်း
စစ်တလင်းမှာဝမ်းနည်းခြင်းတွေလောင်ကျွမ်း
သူတို့အထွတ်အမြတ်ထားရာလမ်းမှာ
ဘုရားကျောင်းကန်တွေဟာလည်းမီးရှို့ခံရ
ဘဝဟာ.တာရာဟောင်းတလုံးအောက်မှာမျိုးတုံးပြီး
နေ့မြင်ညပျောက် အသက်ပျောက်ကြရ
မနက်စာ ညစာမရှိ
သောကအတိပြီးတဲ့ဘဝမှာ
မျက်ရည်တွေချွေတာရေးမရှိဘဲကြွေကျ….

သူတို့က လူမှုဘဝကို
ပျမ်းမျှ ၅၂ဆိုတဲ့သက်တမ်းထဲ
ပြေးရင်းလွှားရင်းဗုံးကျင်းတွေရဲ့မီးခဲပေါ်ဖြတ်သန်း
ခရီးကြမ်းဆူးလမ်းမှာ..
သူတို့ဟာ
ဖိနပ်မပါ ခြေဗလာလျောက်ရင်း
အေတီအမ်နဲ့ခရက်ဒစ်မသိ
မိုးပျံရထားမမြင်ဖူး
ရှမ်ပူနဲ့ရေပန်း
ဟီတာနဲ့အဲယားကွန်းမကြားဖူး
အေဘီစီမသိ
ကကြီးနဲ့ဝလုံးတောင်အနိုင်နိုင်အာဂုံဆောင်ရ
သမတရွေးကောက်ပွဲအကြောင်းမသိ
လစ်ဗင်းတူဂဲသားမရှိ….

သူတို့က လူမှုစံနစ်ကို
ငါးမျှား ပိုက်ထောင်ရင်းဖြတ်သန်း
ချောင်းလျှောက်ရင်း အဝတ်လျှော်
ပေါ်တာထမ်းရင်း ကျန်းမာရေးချို့တဲ့
ဝဲလ်ဖဲလ်မသိ မယ်ဒီကိတ်မရှိ
ပေပါဝေါ့ခ်အကြောင်းနားမလည်
ကြက်ခြေခတ်ဟာ သူတို့ရဲ့အထင်ရှားဆုံးလက်မှတ်
ကိုယ့်ကိုယ်ကို
ဘယ်နှစ်ရက်ဘယ်နှစ်လမွေးမှန်းတောင်အသေချာမသိ
သူတို့ဟာ
စစ်ရဲ့ဖိဆီးမှုမှာမွေးဖွား
မလေးရီးယားကိုအဖော်လုပ်
ပြာပုံဟာ သူတို့မွေ့ရာ
ဗုံးကျင်းဟာ သူတို့အိမ်ယာ
ဝါးရုံရှိရာ သူတို့စာသင်ကျောင်း
ကွန်ဒိုမီနီယမ်မသိ
ဟားဗက်စ် အောက်စဖို့တ် ဝေလာဝေး
ပလိုင်းနဲ့စောင်ပိုင်းငယ်လေးကိုလွယ်အိတ်လုပ်နေရတဲ့ဘဝ
မလှပလိုက်ကြပုံများ….

တကယ်တော့
ဘယ်သူမဆို
ကိုယ့်အိမ်ကိုယ့်မြေမှာနေ
ကိုယ့်တိုင်းပြည်ရာသီကိုချစ်
ကိုယ်နှစ်သက်ရာလေးတွေကိုရွေးစား
မိဘဆွေမျိုးများခေါင်းချရာမှာ
ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်ပြီး
ဘာသာတရားရဲ့ခရီးမှာပျော်မွေ့ချင်ကြ
ဒါသဘာဝဘဲမဟုတ်လား…

ဒါပေမယ့်..
အခြေအနေမပေးလို့
လွတ်မြောက်ရာကိုရှောင်ပြေးရတဲ့ဘဝ
ဘယ်သူမျှ …တခဏတောင်မပျော်
မသူတော်တွေရဲ့ လက်ကရှောင်ကွင်း
တော်ရာမှာနေရင်း
လူနေမှုစံနစ်တွေရဲ့ ဝိရောဓိတွင်းထဲကျ
ဒါ.ဒီနေ့ တတိယနိုင်ငံသားတွေရဲ့လူမှုဘဝ…


ကြိုက်တယ် ကိုဆောင်းရေ။ တတိယနိုင်ငံရောက် ဘ၀တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ပါတယ်။ အားပေးလျှက်

chaos said...

တကယ်တော့
ဘယ်သူမဆို
ကိုယ့်အိမ်ကိုယ့်မြေမှာနေ
ကိုယ့်တိုင်းပြည်ရာသီကိုချစ်
ကိုယ်နှစ်သက်ရာလေးတွေကိုရွေးစား
မိဘဆွေမျိုးများခေါင်းချရာမှာ
ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်ပြီး
ဘာသာတရားရဲ့ခရီးမှာပျော်မွေ့ချင်ကြ
ဒါသဘာဝဘဲမဟုတ်လား…

အစ်ကိုရယ် သရုပ်ဖော်တာ ပီပြင်လိုက်တာ
တကယ်တမ်းတော့
ကျွန်မတို့ ကဗျာဆရာတွေဆိုတာ
ခံစားချက်တွေကို ဖောက်ထုတ်ကြတဲ့လူတွေပါ
ဖောက်ထုတ်လိုက်တဲ့ ကဗျာဟာ
အချစ်လဲဖြစ်မယ်
အမုန်းလဲဖြစ်မယ်
ကဗျာသီးသန့်ဆန်တဲ့ ကဗျာလဲဖြစ်ချင်ဖြစ်မယ်
ဘ၀လဲဖြစ်မယ်
နိုင်ငံရေးလဲဖြစ်မယ်
သဘာဝတရားလဲဖြစ်ချင်ဖြစ်မယ်ဗျာ
အားလုံးဟာတကယ်တမ်းတော့
စိတ်စေရာအတိုင်းပါပဲအစ်ကိုရယ်
အစ်ကို့ကဗျာလေးကောင်းတယ်

Yan said...

အိပ်မက်မမက်တတ်တဲ့ စိတ်ကူးတစုံစီနဲ့
တည်ကြည်လေးနက်စွာ ပုံဖော်တတ်တဲ့လက်
အမှန်တရားကိုလေးစားတတ်တဲ့ရင်ဘတ်
ဒါတွေအားလုံး.သိမ်းကြုံးပြီးတော့ကိုလိုတယ်….

ဒီလိုအပ်ချက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေကိုဖဲ့ထုတ်
သူတို့ကိုဖေးမတဲ့အလုပ်တွေလုပ်ဖို့လိုသလို
ငါတို့ရဲ့လက်တွေ..
သူတို့ကိုဆန့်တန်းပေးဖို့လည်းလိုနေတယ်….


သိပ်ကောင်းတဲ့ စကားလုံးရွေးချယ်မှုတွေပဲ ကိုဆောင်းယွန်းလရေ...

မာန်ပါတယ်. အားရှိတယ်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

ကောင်းကင်ကို said...

တကယ်လို့များ
ငါတို့က မိုးသားတိမ်လိပ်ဖြစ်ပြီး
မိုးရွာချပေးနိုင်စွမ်းရှိမယ်ဆိုရင်
ငါတို့….
တိမ်ထူအိပ်မက်
ဆက်မမက်ချင်တော့ဘူး
လှသောပန်းကိုသာစိုက်ပျိုးရင်း
သခင်ပျိုးတဲ့ပန်း
သခင့်အနမ်းနဲ့ဘဲ လန်းစေချင်တယ်…

ကဗျာလေး ထိတယ်ဗျာ။ နိဂုံးလေးကလည်းလှတယ်။

Mintasay said...

ကကြီးနဲ့ဝလုံးတောင်အနိုင်နိုင်အာဂုံဆောင်ရ
သမတရွေးကောက်ပွဲအကြောင်းမသိ
လစ်ဗင်းတူဂဲသားမရှိ….
ကောင်းလိုက်တဲ့ စာသားတွေပါလားဗျာ...
၂ ခေါက်၃ခေါက်ထပ်ဖတ်မိပါတယ် အကို

pandora said...

မှိုင်းအုံ့နေတဲ့အိပ်မက်ပိုင်ရှင်ဘ၀တွေအတွက်
စာနာမှု အပြည့်အ၀ပေးနိုင်တဲ့ ကဗျာလေးပါ
လာရောက်ခံစားသွားပါတယ်

စိုးထက် - Soe Htet ! said...

စာနာမှု အပြည့် နဲ့ နားလည်ခံစားသွားပါတယ် :D

မေပျို said...

ကဗျာလေးက မာန်ပါလိုက်တာ အကိုရေ။ ဖတ်ရတာလဲ အားရတယ်။ ဒီလိုကဗျာမျိုး များများ ရေးနိုင်ပါစေနော်။ ဒါနဲ့ အကို့စိဘောက်စ်ပေါ်ဖို့က တအားကြာတာပဲ သိလား။ ဘာလို့လဲ မသိဘူး။

လေးစားစွာဖြင့်
မေပျို