”၃၉ (သို့) ကိုယ်ရေးကိုယ်တာကဗျာ”
၃၉ဟာ တားမနိုင်ဆီးမရ
ဘဝကိုထိုးဖောက်
တဖျောက်ဖျောက်ကျတဲ့ နှင်းစတွေနဲ့အတူ
သက္ကရာဇ်တခုကို ဆောင်ယူရင်း
ဟောဒီ ဖေဖော်ဝါရီမှာ နေသားတကျခင်းကျင်းလေရဲ့…
လွန်ခဲ့တဲ့ ၃၈ခုသော
ဘဝအမောတွေထဲမှာ
ကမ္ဘာလောကရဲ့ ခရီးသည်တဦး
ကာရန်မဲ့ကဗျာကိုခြွေခူးရင်း
ပြက္ခဒိန်စာမျက်နှာကိုတရွက်ချင်းလှန်
ပျိုမြစ်ခြင်းမာန်ကို မှောက်လှန်ချခဲ့လေရဲ့….
ဒီလိုနဲ့..
ဖန်တရာတေနေတဲ့ နာရီရဲ့လက်ချောင်းများ
အဟောင်းတွေကိုခြွေယူရင်း
အက္ခရာခြင်းထဲကိုပစ်ချ
”၂”ရက်နေ့ညရဲ့ အလွန်”၃”ရက်နေ့မနက်မှာ
ကမ္ဘာလောကရဲ့ ခရီးသည်တဦး
၃၉ကိုစတင်လို့လက်ပစ်ကူးလိုက်ရလေရဲ့…..။ ။
ဆောင်းယွန်းလ
Sunday, February 3, 2008
Posted by
ဆောင်းယွန်းလ
at
6:37 AM
Subscribe to:
Post Comments (Atom)



8 comments:
happy birthday ပါဗျာ။ လေးမြားတလက်နဲ့ သီချင်းသည် သီချင်းလေးကို သတိရမိတယ်။
ကိုဆောင်းယွန်းရေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ။ လိုချင်တဲ့ဆန္ဒမှန်သမျှ ပြည့်ဝပါစေနော်။
Happy Birthday!!!
လေးစားစွာဖြင့်
မေပျို
မွေးနေ့ဆိုရင် ဆုတောင်းပေးရတယ် ပျော်လို့ပါ။ အရင်က မသိပေမယ့် … အခုကျရောက်တဲ့ မွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့သောနေ့ရက်များနဲ့ ဖြတ်သန်းနိုင်ပါစေ။
ပြက္ခဒိန်တခု သုံးဆယ့်ကိုးကြိမ်တိုင်ခဲ့ပြီပဲ၊ ပျော်ရွှင်ဖွယ်ရာ စာမျက်နှာများနဲ. ကဗျာတွေများများ ချွေခူးနိုင်ပါစေဗျာ။
Happy Belated Birthday ပါအကို
အကိုက စောစောကတော့ မပြောဘူး
ခုတော့ ဆုတောင်းတာ နောက်ကျသွားပြီ
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကိုဆောင်းရေ။
ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေဗျာ။
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ကိုဆောင်းယွန်းရေ .။
Post a Comment