”တိုက်ပွဲ”
ငါတို့က..
ယုံကြည်ချက်တွေကိုအိတ်ထဲထည့်ပြီး
ညစဉ်မက်အိပ်မက်တွေလိုမက်ရတာထက်
ယုံကြည်ချက်တွေကိုပခုံးပေါ်ထမ်းပိုးရင်း
တလမ်းဝင်တလမ်းထွက်
အခါမလပ်လမ်းလျှောက်နေရတာကိုလိုလားတက်မက်ကြတာပါ…
ဒါကြောင့်…
ဘဝခါးခါးနေ့ရက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေဟာ
အဆိပ်တခွက်ဖြစ်ခဲ့ရင်တောင်
တစက်မျှမကျန်သည်အထိမော့သောက်ကြည့်မယ်
အဲဒီအမှောင်ကိုမျိုးစေ့မချချင်တော့လို့…..
ငါတို့ရဲ့….
တပြိုင်နက်တည်းညီညွတ်တဲ့လက်တွေနဲ့အတူ
စားပွဲပေါ်ကခွက်တွေကိုယူရင်း
အခိုင်မာဆုံးတည်ဆောက်မှုတွေကိုသောက်ဖို့
အလင်းနှစ်တို့ရဲ့ မီးအိမ်တွေလိုတယ်…..
ဒါကြောင့်…
လှိုင်းကြမ်းကြမ်းနေ့ရက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေဟာ
မုန်တိုင်းတစ်စင်းဖြစ်ခဲ့ရင်တောင်
တက်စုံရွက်ကုန်ဖွင့်ရင်းလှော်ခတ်ကြည့်မယ်
အဲဒီပင်လယ်ကိုရဲရင့်ခြင်းလှေငယ်နဲ့ကျော်ဖြတ်အနိုင်ယူချင်လို့…
ငါတို့ရဲ့…
တသွေးတသားတည်းမျိုးရိုးဗီဇတွေနဲ့အတူ
မျှော်လင့်ချက်တွေကိုအားဖြည့်ယူရင်း
အလှဆုံးညနေခင်းတွေကိုလျှောက်ဖို့
အရုဏ်နေ့သစ်တို့ရဲ့ လေပြေညင်းတွေလိုတယ်….
တကယ်တော့…
နားလည်မှုဆိုတဲ့စကား
ပါးပါးလေးဆောက်တည်လို့မရ
ပေးဆပ်ခြင်းတွေနဲ့လဲလှယ်မှုပြုကြရတာပါ
ဒါကြောင့်…ငါတို့ဟာ
တခါတခါကြမ်းတမ်းမှုတွေနဲ့နူးညံ့ကြရရင်း
တခါတခါနူးညံ့မှုတွေနဲ့ကြမ်းတမ်းကြရရင်း
မျှော်လင့်ခြင်း မြားတစင်းကိုပစ်ခွင်းတယ်…
အဲဒီမြားဦးထိပ်ကစာသား
နှစ်လုံးတည်းနဲ့ သိပ်ပြီးတာသွားတယ်
”တိုက်ပွဲ“
လိုက်ရဲသူတွေအတွက်သာ…..။ ။
ဒီကဗျာကို ကျနော့်ရဲ့မိခင်အဖွဲ့အစည်းဖြစ်ခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲ့ဆုံဆည်းရာဘလော့
မှာသုံးဖို့ မနေ့ညကပို့ပေးခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီကဗျာကို ကျနော်ကိုယ်တိုင်
အလွန်နှစ်သက်တဲ့အတွက် ဆုံဆည်းရာကိုအရင်ဦးဆုံးမျှဝေပေးခဲ့တာပါ။ လာရောက်ဖတ်ရှုသူ
ဘလော့ဂါ ညီအကိုမောင်နှမများနဲ့တကွ ကဗျာမြတ်နိုးသူအားလုံးလည်း ကျနော်နဲ့အတူ မျှဝေ
ခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့်…………………………..
ဆောင်းယွန်းလ
လမ်းကလေးရေ
4 weeks ago
7 comments:
ကဗျာကို လာဖတ်သွားပါတယ်။ ကောင်းတယ်ဗျာ။ ခင်ဗျားက နှစ်ဆန်းကတည်းက ပြောင်မြောက်နေတယ်။
ကျနော့်ကဗျာကို သိပ်လည်း မတွေးပါနဲ့။ အခုတလော ကျနော် နေမျိုးကဗျာတွေကို ဖတ်ပြီး ဒီလိုပုံစံမျိုး ရေးကြည့်ချင်နေလို့ပါ။
”တိုက်ပွဲ“ ကို လိုက်ရဲပါတယ်.....
ကျနော့်ရဲ့တက္ကသိုလ်ညတွေကို သတိရစေတဲ့ကဗျာတစ်ပုဒ်ပါ...တိုက်ပွဲတွေ မလိက်ြရဲရင်တော့ ဗိုက်မွှဲတွေပိုများလာမှာကို အားလုံးသိကြရင် ဘယ်လောက်ကောင်းလိုက်မလည်း နော်
ငါတို့က..
ယုံကြည်ချက်တွေကိုအိတ်ထဲထည့်ပြီး
ညစဉ်မက်အိပ်မက်တွေလိုမက်ရတာထက်
ယုံကြည်ချက်တွေကိုပခုံးပေါ်ထမ်းပိုးရင်း
တလမ်းဝင်တလမ်းထွက်
အခါမလပ်လမ်းလျှောက်နေရတာကိုလိုလားတက်မက်ကြတာပါ…
ကဗျာလေးက ခံစားချက်ကိုအပြည့်ဘဲဗျာ...
”တိုက်ပွဲ“ လိုက်ရဲကြပါတယ်.. ကိုဆောင်းရေ...
အဲဒီမြားဦးထိပ်ကစာသား
နှစ်လုံးတည်းနဲ့ သိပ်ပြီးတာသွားတယ်
”တိုက်ပွဲ“
လိုက်ရဲသူတွေအတွက်သာ…..။ ။
တိုက်ပွဲ။ တိုက်ပွဲပေါ့ကိုဆောင်းရေ။ အစဉ်အားပေးလျှက်ပါ။
ကဗျာလေးဖတ်သွားတယ်ကိုဆောင်းရေ။ ဆုံစည်းရာမှာလည်းဖတ်ပြီးသား။ ကဗျာလေးက အားမာန် အပြည့်ပေးတယ်ဗျာ
ကိုဆောင်း..ရေးတဲ့ကဗျာအားလုံးကို...တကယ်ချစ်တယ်
အတုယူပီးရေးတတ်အေင်လည်းကြိုးစားနေပါတယ်၊ညီနကိုအရင်းလိုရင်ထဲမှာအမြဲရှိ
ုတယ်....်တစိတ်ထဲပါ။
Post a Comment