Friday, February 15, 2008

အာဇာနည်ဆိုတာ.....
မိစ္ဆာကိုကိုင်လှုပ်တဲ့လက်
အဲဒီအကိုင်းအခက်မှာရှိတယ်
အကိုင်းအခက်ပေါ်မှာ လန်းတဲ့ပန်း
ကြွေကျ မြေခသွားတဲ့တိုင်လန်းတယ်….


တပွင့်ကြွေရင် တပွင့်သစ်ပေမယ့်
ကြွေတဲ့တစ်ပွင့်မှာ တစ်ပင်လုံးစာပါတယ်
ကြွေတဲ့တစ်ပွင့်ဟာ
အသည်းမာတယ်
ကြွေပင်ကြွေငြား

ကျန်သူရဲ့နှလုံးသားမှာ ကဗ္မည်းတင်သွားစေခဲ့တယ်.....

4 comments:

Nyein Chan Aung said...

တိုတိုနဲ့ ထိတယ်ဗျာ ကိုဆောင်းရေ။

ThinkingHoney said...

ကောင်းလိုက်တာဗျို

မျှားပြာ said...

အကိုကြီးရေ ကဗျာလေး ကောင်းလိုက်တာ ..။

Pinkgold said...

ဟုတ်တယ် အကို
အာဇာနည်ဆိုတာ
လူတွေရဲ့ ရင်ဘတ်မှာ
ယုံကြည်မှုတွေ
ခံစားမှုတွေနဲ့
မပျောက်ပျက်နိုင်အောင်
ကဗျည်း ရေးထိုးထားတဲ့ မြင့်မြတ်တဲ့ စကားလုံးပါပဲ