Saturday, March 22, 2008


သွေးခဲသွားရတဲ့နွေးထွေးမှု
မပီပြင်မှုတွေက
လမိုက်ညရဲ့ဝိုးတဝါးပုံရိပ်တွေလိုဘဲ
နွေးထွေးမှုတွေလည်းသွေးခဲခဲ့ရတာကြာပြီ…

စာကဗျာသီဖွဲ့နေပေမယ့်
ပဲ့ကြွေနေတဲ့စိတ်ဝိညာဉ်တစ်စုံကြောင့်
ရင်ဘတ်ထောင့်စွန်းတစ်နေရာမှာသိမ်းဝှက်ထားတဲ့
မနက်ခင်းလေး
အခုထိတိုင်အောင်မနွေးသေးဘူး…

နှလုံးသားတွေကခြောက်သွေ့
ဒီနေ့ထိအောင်မမေ့သေးတဲ့ပြဇာတ်တစ်ပုဒ်ကြောင့်
လက်ဖဝါးတွေကလည်းအေးစက်
အိပ်ပျက်ခဲ့ရတဲ့တစ်ထောင့်တစ်ည ညနက်တွေထဲမှာ…

ပါးလျတဲ့ကံကြမ္မာဝတ်ရုံကိုခြုံရင်း
ခြောက်သွေ့သွေ့မြက်ခင်းပြင်တွေကိုဖြတ်ခဲ့ရ
ထူကဲတဲ့ဒုက္ခပုံဆောင်ခဲကိုငုံရင်း
တွယ်ရာမဲ့ဟင်းလင်းပြင်တွေကိုကျော်ဖြတ်ခဲ့ရ…

အချိန်မြစ်ကြီးရဲ့ကြမ်းခင်းအောက်ကဘဝ
အခုချိန်ထိတော့ဦးမော့မလာခဲ့သေးဘူး
လျှောက်ဖူးသမျှလမ်းတွေကြမ်းနေ
မြင်ဖူးခဲ့သမျှပန်းတွေနွမ်းကြေ
တောင်ကျစမ်းရေတွေလည်းမအေးဘူး
တောင်တန်းသစ်ပင်တွေလည်းမလန်းဘူး
စူးနစ်ခဲ့ဖူးတဲ့သောကဆူးတစ်စင်းဟာ
အချိန်ကာလနဲ့ရင်းပြီးတဆစ်ဆစ်နာကျင်စေခဲ့တယ်….

မပီပြင်မှုတွေက
လမိုက်ညရဲ့ဝိုးတဝါးပုံရိပ်တွေလိုဘဲ
နွေးထွေးမှုတွေလည်းသွေးခဲခဲ့ရတာကြာပြီ…။

3 comments:

စိုးထက် - Soe Htet ! said...

""နှလုံးသားတွေက ခြောက်သွေ့
ဒီနေ့ထိအောင် မမေ့သေးတဲ့ ပြဇာတ် တစ်ပုဒ်ကြောင့်
လက်ဖဝါး တွေကလည်း အေးစက်
အိပ်ပျက်ခဲ့ရတဲ့ တစ်ထောင့်တစ်ည ညနက်တွေထဲမှာ…
မပီပြင်မှုတွေက
လမိုက်ညရဲ့ ဝိုးတဝါးပုံရိပ်တွေလိုဘဲ
နွေးထွေးမှုတွေလည်း သွေးခဲခဲ့ရတာ ကြာပြီ…။""

နွေးထွေး စေချင်ပါသည် :)

Nyein Chan Aung said...

မပီပြင်မှုတွေက
လမိုက်ညရဲ့ဝိုးတဝါးပုံရိပ်တွေလိုဘဲ
နွေးထွေးမှုတွေလည်းသွေးခဲခဲ့ရတာကြာပြီ…။

သွေးခဲသွားရတဲ့ နွေးထွေးမှု ကိုလာခံစားသွားတယ်ကိုဆောင်းရေ။

ကောင်းကင်ကို said...

စာကဗျာသီဖွဲ့နေပေမယ့်
ပဲ့ကြွေနေတဲ့စိတ်ဝိညာဉ်တစ်စုံကြောင့်
ရင်ဘတ်ထောင့်စွန်းတစ်နေရာမှာသိမ်းဝှက်ထားတဲ့
မနက်ခင်းလေး
အခုထိတိုင်အောင်မနွေးသေးဘူး…

very good poem, brother. :-)