Thursday, March 27, 2008

ကောင်းကင်ထက်ကငှက်…
ထိုးနှက်ချက်
ဖိနှိပ်မှု
ရာသီဥတုဒဏ်
ဘယ်လောက်ဘဲပြင်းထန်ပါစေ
လွတ်မြောက်တေးသီတဲ့ငှက်တွေ
ကောင်းကင်ထက်မှာဘဲတောင်ပံခပ်ရင်းနေတယ်
ကောင်းကင်ထက်မှာဘဲတောင်ပံခပ်ရင်းသေတယ်…

နှောင်ကြိုးအထပ်ထပ်ရစ်ပြီး
တားမြစ်ချက်အကန့်အသတ်တွေ
ရာထောင်ချီရှိနေပါစေ
အဲဒီငှက်တွေဟာ
လေဆန်ကိုပျံကာဝဲရင်း
ကောင်းကင်ထက်မှာကြီးပြင်းသလို
ကောင်းကင်ထက်မှာဘဲလွတ်လပ်ခြင်းကိုရှာတယ်….

ကောင်းကင်ထက်ကငှက်တွေဟာ
ဘယ်အခါမျှဦးမစိုက်
ဘယ်သောအခါမျှအိပ်မငိုက်
ဘယ်သောအခါမျှအချောင်မလိုက်
ဘယ်သူ့ခါးပိုက်ထောင်ထဲမှာမှမနေ
ပျံသန်းရင်းအမှန်တရားကိုရှာဖွေသလို
ပျံသန်းရင်းဘဲအများအတွက်အသေခံတယ်…..။


ခွပ်ဒေါင်းစစ်မစစ်မိမိကိုယ်မိမိသုံးသပ်ဆင်ခြင်နိုင်ကြဖို့အတွက်ဒီကဗျာလေးကိုရေးဖွဲ့လိုက်တာပါ။
ဒီရက်ပိုင်းအတွင်းမှာကဗျာရေးခြင်းဘလော့လည်ပတ်ခြင်းတွေကို ကိုယ်ရေးကိုယ်တာကိစ္စလေး
တစ်ခုကြောင့်ခေတ္တနားထားရပါဦးမယ်။ အပွင့်လင်းဆုံးပြောရရင်တော့မိန်းမကတတိယမြောက်
သားဦးရတနာလေးကိုမွေးဖွားတော့မှာမို့ဖြစ်ပါတယ်။ တတိယမြောက်သားဦးရတနာလို့ရေးလိုက်
တော့နဲနဲဆန်းသွားသလိုဘဲနော်..ပထမနဲ့ဒုတိယမြောက်တွေကသမီးတွေမို့တတိယမြောက်သားဦး
ရတနာလို့ခပ်ဆန်းဆန်းလေးထွင်ပြီးရေးကြည့်လိုက်တာပါ.....။
အားလုံးနဲ့မကြာခင်ပြန်ဆုံကြရတာပေါ့..
ချစ်ခြင်းများစွာဖြင့်......
ဆောင်းယွန်းလ

5 comments:

Yaw Han Aung said...

ကောင်းတယ်ဗျာ။ ကဗျာကိုလည်း ကြိုက်တယ်။
သားရတနာရတော့မယ်ဆိုတော့ ကွန်ဂရက်ကျူလေးရှင်းဗျာ။
ပျော်ရွှင် ချမ်းမြေ့ကြပါစေဗျာ။

မြန်မာပြည်ကိုလွမ်းတယ် said...

ကောင်းကင်ထပ်ကငှက်ကရဲရင့်တယ်။သတ္တိရှိ
တယ်။စာသားလေးတွေကောင်းတယ်အကိုရ။
ဒီလိုရဲရင့်ဖို.ကြိုးစားရဦးမယ်။ဂုဏ်ယူ၊လေးစား
အားကျမိပါတယ်။သားလေးဆိုတော့အားဆေး
ပေါ့အကိုကြီးရာ။

Pinkgold said...

ဟာ
ဒါဆို အကိုက သားလေးရတော့ ပျော်နေတော့မှာပဲ
သားလေးကို ဘောလုံးသမား လုပ်ခိုင်းအကို
သမီးလေးတွေကိုတော့ ရှေ့နေလုပ်ခိုင်း
အဲဒါဆို ၀င်ငွေလည်း ကောင်းတယ် မိုက်လည်းမိုက်တယ်

Nyein Chan Aung said...

ထိုးနှက်ချက်
ဖိနှိပ်မှု
ရာသီဥတုဒဏ်
ဘယ်လောက်ဘဲပြင်းထန်ပါစေ
လွတ်မြောက်တေးသီတဲ့ငှက်တွေ
ကောင်းကင်ထက်မှာဘဲတောင်ပံခပ်ရင်းနေတယ်
ကောင်းကင်ထက်မှာဘဲတောင်ပံခပ်ရင်းသေတယ်…

ဟုတ်တယ်။ ကျနော်ထောက်ခံပါတယ်။ သားလေးကော မိခင်ကော ကျန်းမာပါစေဗျာ...။

Kaung Kin Ko said...

သားလေး ရတော့မယ်ဆိုလို့ Congratulation အစ်ကိုး-)