Thursday, April 10, 2008

သင်္ကြန်အလွမ်း
အကြိုထောက်
သူရောက်လာခဲ့တစ်ခါ
အတာ
ပိတောက်ဝါဝါတွေကိုခေါင်းမှာပန်
တစ်နှစ်မှာတစ်ခါမှန်မှန်ရောက်
နေခြည်လျှောက်တဲ့လမ်းမှာ
ရွှေစက်ရွှေရည်သောက်ရင်း
သင်္ကြန်သီချင်းတွေသံပြိုင်ကြူးကြ
ကသူက ခုန်သူခုန်
နှစ်စဉ် ရင်ခုန်စရာဒီပွဲ
ပျော်ပျော်နွှဲချင်ပေမယ့်
ကိုယ့်ရဲ့နွေကခြောက်သွေ့
ပိတောက်ကိုလည်းမတွေ့နိုင်
အလွမ်းတွေသာလှိုင်လှိုင်ပွင့်…
ဒီလိုနဲ့ဘဲ
ပြိုယိုင်လဲတဲ့ဟက်တက်အသဲ
ဒီတစ်ကြိမ်နဲ့ပါဆိုအနှစ်၂၀ကွဲခဲ့ဖူးပြီ..။

6 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

သင်္ကြန်ရဲ့ပိတောက်ဝါ၀ါလေးတွေကော
ရွှေစက်ရွှေရည်သောက်ပြီး ပျော်ပျော်ကြီး
ကနေတဲ့သူတွေပါကဗျာထဲထည့်စပ်ထားလို.
မေတော့ သင်္ကြန်မြင်ကွင်းကိုမြင်ယောင်မိ
သွားတယ်အကိုရေ။

ThinkingHoney said...

နွေကခြောက်သွေ့ ပိတောက်ကိုလည်း မတွေ့ဘူးတဲ့လား
အရမ်းကောင်းတာပဲ။ သွက်နေရော။
အနှစ် ၂၀ကွဲဖူးပြီ ဟုတ်လား
အို မိုင်ဂေါ့ဒ်ရေ :)
ဒီတနှစ်တော့ ပျော်ရွှင်ဖွယ်အတိပြီးတဲ့ သင်္ကြန်အခါသမယဖြစ်ပါစေနော်။

Nyein Chan Aung said...

ဒီလိုနဲ့ဘဲ
ပြိုယိုင်လဲတဲ့ဟက်တက်အသဲ
ဒီတစ်ကြိမ်နဲ့ပါဆိုအနှစ်၂၀ကွဲခဲ့ဖူးပြီ..။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ..။

Tin said...

နှစ် လ ရာသီ အလီ လီ
ဘယ်လို ပင် ပြောင်း ခဲ့ ပြောင်း ခဲ့
်တို့  တွေ အား လုံး အသက်တွေကြီး ခဲ့ ပေမဲ့
မပြောင်းလဲ တဲ့ နု ပျို လှ ပ
အမြဲ ကြုံ တွေ့ ရ
ဒို့ ဒုက္ဒ က... လွတ် ရာ နတ္ထိ
ဆေး မရှိ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....:D

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Câmera Digital, I hope you enjoy. The address is http://camera-fotografica-digital.blogspot.com. A hug.

Pinkgold said...

သြော် နှစ် 20 တောင် ရှိပြီကို