Sunday, April 6, 2008


ပဋိပက္ခများနှင့်လမ်းလျှောက်ခြင်း

သင်ကိုယ်တိုင်ကသင့်ကိုယ်ကို
အငိုတိတ်အောင်မချော့နိုင်မှတော့
သင်ကိုယ်တိုင်ကသင့်ကိုယ်ကို
လိုအပ်ချက်တွေမဖြည့်စွက်နိုင်မှတော့
ကိုယ့်ရဲ့ညွှတ်ထားတဲ့ဦးခေါင်း
ညောင်းတာသာအဖတ်တင်…..

နှစ်ပေါင်းများစွာစုဆောင်းထားရတဲ့မာန
ဈေးကြီးပေးပြီးဝယ်ယူထားရတဲ့မာန
ဖန်ခွက်ပါးတစ်လုံးလိုထိရှလွယ်လှ
ကိုယ်နဲ့ကိုယ့်ကိုမပိုင်ရတဲ့ဘဝထဲမှာတောင်….

တကယ်တော့.ကိုယ်ဟာ
အဆိပ်လူးမြားတစ်ချောင်း
အဲဒီမြားကို သင်သာကောင်းကောင်းပစ်ခွင်းနိုင်ရင်
ချိန်မှတ်ကိုထိဝင်စေချင်တဲ့မြားတစ်ချောင်း….

သင်မကောင်းလို့ရွေ့ခဲ့ရတဲ့ခေါင်းတွေအတွက်
ကိုယ့်ရဲ့နံနက်မှာ
မျက်နှာသစ်စရာ ရေမရှိဘူး
ကိုယ့်ရဲ့ညမှာ
နားခိုစရာ အိပ်ရာမရှိဘူး…..

နေ့နေ့ညည
ကိုယ်လျှောက်ဖို့ဖောက်တဲ့လမ်းထဲမှာ
မီးပွိုင့်အားလုံးက အဝါ
လူကူးမျဉ်းကြားတွေလည်းပါမလာဘူး….။

4 comments:

honey said...

လွှတ်ကောင်းပဲဗျာ
ဖတ်ရတာ ကျေနပ်တယ် ကဗျာဆရာရေ

Nyein Chan Aung said...

ကြိုက်တယ်ဗျာ ကိုဆောင်းရေ။

ကောင်းကင်ကို said...

ကဗျာလေး ကြိုက်တယ်အစ်ကို။ သူရိန်လင်းလေးကော နေကောင်းရဲ့ လားအစ်ကို။ ကျန်းမာပျော်ရွှင်ပါစေ။

Pinkgold said...

အကိုရေ ဘလောဂ့် ပြန်ရေးနေပြီပေါ့ ဟုတ်လား

ကဗျာလေး ကြိုက်တယ်အကို

သင်္ကြန်ကျကာနီးမို့ ရေလည်း လောင်းသွားတယ်နော် ဗွမ်း ဗွမ်း ဗွမ်း