Monday, July 28, 2008


”နှင်းဆီဆူးပေါ်တွင်အိပ်ပျော်မိခြင်း”
နှင်းဆီတစ်ပွင့်
ကိုယ့်ရဲ့နှလုံးသားမရင့်တရင့်ပေါ်မှာ
ခဏတာလန်းစွင့်ခဲ့
နှင်းဆီရဲ့ဆူးခက်တွေအောက်မှာ
ကိုယ်ဟာသွေးအလိမ်းလိမ်းပေကျံရင်း
ညနေခင်းတွေမှာသူမပြန်ပွင့်လာလေနိုး
နံနက်ခင်းတွေမှာသူမပြန်လည်လန်းဆန်းလာလေနိုး
ကိုယ့်ရဲ့အဆုံးမဲ့မျှော်လင့်ခြင်းတွေကိုအားကိုးရင်း
မြတ်နိုးတွယ်တာခြင်းတွေနဲ့
သူမရဲ့နှင်းဆီအဆိပ်ဆူးတွေမှာယစ်မူးနေရလေရဲ့…


ကွယ်..တကယ်တော့
ကိုယ်ဟာအိပ်မက်တွေကိုမောင်းနှင်ရင်း
ကိုယ့်ရဲ့ကမ္ဘာကျဉ်းကျဉ်းမှာ
တစ်သက်မှာတစ်ခါသာပွင့်ဖူးစေတဲ့ပန်းကိုမှ
တမ်းတနေမိလေခဲ့သူ…

3 comments:

Nyein Chan Aung said...

ကဗျာလာဖတ်တယ် ကိုဆောင်း..။ ပျော်ရွှင်ပါစေ။

ဖြိုးငယ် said...

ကဗျာကတော့ လုံးဝ ကို လန်းတယ် အကိုရေ

Kaung Kin Ko said...

ကဗျာလေး ကြိုက်တယ် အစ်ကို။ ကဗျာလေးတွေ ဆက်မျှော်နေမယ် အစ်ကို