Monday, September 15, 2008

ကဗျာနဲ့ငါ

ကဗျာနဲ့ငါ..
ဘယ်ခါမျှခွဲမရဖူးခဲ့..
ဝမ်းရေးတစ်ထွာပြဿနာကြောင့်
ခေတ္တပြည်ဖုံးကားချထားတဲ့
ငါ့ရဲ့…ဟောဒီကဗျာနှလုံးသားကို
ဘယ်လိုဘဲဖုံးဖုံးဖိဖိ
ဒုံးတိတိဖြတ်မရနိုင်တဲ့ စိတ်ငလျင်လှိုင်းတစ်စုံကြောင့်
ရုံမခါခင်ဖွင့်လှစ် တေးတစ်ပုဒ်အဖြစ်ဟစ်လိုက်မိတယ်
ကဗျာ..သင်သာငါ့ရဲ့အချစ်ဆုံး
သင်သာငါ့နှလုံးသားရဲ့အရှင်သခင်
သင်သာငါ့ကောင်းကင်ရဲ့အလင်းတန်း
သင်သာငါ့ဘဝရဲ့လမ်းပြ
သင်သာငါ့ညတွေရဲ့မီးအိမ်ရှင်
သင်တီထွင်ပေးတဲ့ငါ့ရဲ့စိတ်ဓာတ်တွေမှာ
သင်နဲ့သင့်ရဲ့ရိုးသားခြင်းအပြည့်အဝပါသလို
ငါခံစားရင်းရေးတဲ့ဟောဒီကဗျာတစ်ပုဒ်မှာ
မာယာတစွန်းတစမျှမပါဘူးဆိုတာ..ငါယုံကြည်တယ်…..

2 comments:

Nyein Chan Aung said...

ကဗျာတွေဟာ ရိုးသားပြီး သစ္စာရှိတဲ့ ချစ်သူပေါ့ဗျာ..။ မဟုတ်လား။

Chaos said...

ကဗျာနဲ့ငါ
ငါနဲ့ ကဗျာ ခွဲမရတဲ့
ဝိဥာည်နဲ့ ခန္ဓာ

ဆိုသလိုပါပဲနော်
အစ်ကို ကဗျာတွေ ပြန်ရေးနေတာ မသိလိုက်ဘူး။