Thursday, October 30, 2008

သားသမီးတွေရဲ့အပြုံးနဲ့မျက်လုံးများ

သားသမီးတွေရဲ့
ပြုံးနေတဲ့မျက်နှာ
ကျနော့်အတွက်ကဗျာတစ်ပုဒ်ပါဘဲ…

သားသမီးတွေရဲ့
ပြုံးနေတဲ့မျက်လုံး
ကျနော့်အတွက်ခွန်အားတွေနဲ့စကားလုံး….

ဟန်မဆောင်တတ်သေးတဲ့
သားသမီးတွေရဲ့မျက်နှာတွေမှာ
သောကတွေမပါသလို
မောဟတွေမပါဘူး
ဒေါသတွေမပါသလို
လောဘတွေလည်းမပါဘူး..

သားသမီးတွေရဲ့ပြုံးနေတဲ့
မျက်နှာတွေမှာ
ကျနော့်အတွက် အနာဂတ်တွေပါသလို
သားသမီးတွေရဲ့ပြုံးနေတဲ့
မျက်လုံးတွေဟာလည်း
ကျနော့်ရဲ့ အသည်းနှလုံးတွေပါဘဲဗျာ…။









7 comments:

MANORHARY said...

အားလုံးသမီးတွေလား...း)

ဆောင်းယွန်းလ said...

သားတယောက်သမီးနှစ်ယောက်ပါအမရေ..
အပေါ်ဆုံးကအငယ်ဆုံးသားလေးသူရိန်လင်း
အလယ်ကသမီးလတ်နွေနွေလင်း
အောက်ဆုံးကသမီးအကြီးဆုံးထက်ဝဿန်လင်း.
သူတို့ကတယောက်နဲ့တယောက်၅နှစ်ကျော်၆နှစ်လောက်
ကွာကြတယ်...

Kaung Kin Ko said...

သားလေးတွေ သမီးလေးတွေက လူချောလေးတွေပဲ ။ သူရိန်လင်းလေးကတော့ အချောဆုံး။ သူတစ်နှစ်မပြည့်သေးဘူးထင်တယ် အစ်ကို။

kay said...

သားတွေ သမီးတွေ ရဲ့ အပြုံးတွေကို နှုတ်ဆက်သွားတယ်။ အားလုံး ချောတယ်။ ဟုတ်တယ်..သူရိန်လင်းက..အချောဆုံး။း)

Anonymous said...

မင်္ဂလာပါ ကိုဆောင်း

အလယ် ဓါတ်ပုံက အောဒေါ့လား။
မနောမူ တော်တော် ၀နေတာပဲ။


စကားမစပ် သားသမီးတွေ ချောတယ်ဆိုတာက အဖေ့ ဖက် လိုက်လို့ ချောတာ ပြောလိုက်ပေါ့း)

ရွှင်လန်းချမ်းမြေ့ပါစေ...

Chaos said...

အစ်ကိုရေ
ကဗျာလေးက အေးချမ်းတယ်။
မိဘမေတ္တာတွေ ပေါ်လွင်နေတယ်။
အစ်ကို့ကလေးတွေက သူ့ဟာနဲ့သူ ချစ်စရာလေးတွေနော်။
သူရိန်လင်းက ပိုချစ်ဖို့ကောင်းတယ်။
ပါးလေးက ဖောင်းနေတယ်။
ဆွဲချင်စရာလေး

http://thazinhan.blogspot.com said...

visited .............