Sunday, December 7, 2008

”ကိုယ့်ကိုကိုယ်မုန်းမိတဲ့ မဟာအမုန်းတွေ”
ဒီရက်ပိုင်းတွေထဲမှာ နှလုံးသားရောဦးနှောက်ကပါ ကဗျာတွေသိပ်ပြီးထွက်မကျလာတတ်လို့
ဆွံ့အနေတဲ့သူနဲ့တူနေတယ်လေ.ဒါနဲ့ဒီလတော့ပို့စ်အသစ်တွေသိပ်ရေးဖြစ်တော့မှာမဟုတ်
တော့ဘူးလို့တွေးနေမိတုန်းမှာဘဲ ”ဗြုန်း”ကနဲစီပုံးထဲမှာတွေ့လိုက်ရတာက ”ကိုယ့်ကိုကိုယ်
မုန်းတဲ့အကြောင်း၁၀ချက်”တဲ့ ဘရားသား ကိုရန်အောင်လာ Tag သွားတာပေါ့..
အင်း…ပို့စ်အသစ်တစ်ခုတော့တိုးတာပေါ့လေ..သူများတကာမျက်စိနောက်နားမူးစေမယ့်
ပို့စ်ဖြစ်နေမလားဘဲ..မတတ်နိုင်ဘူး ခင်မင်ရင်းနှီးလို့ ကျွေးတဲ့အစားဆိုတော့သေဆေးဆိုရင်
လည်း”စား”ရမှာဘဲမဟုတ်လား..အခုဟာကသေဆေးမဟုတ်တော့”စား”လိုက်ဦးမယ်ခပ်
များများဆိုပြီးဦးနှောက်”စား”လိုက်မိပါရဲ့ တသီတတန်းကြီး….
ကိုယ့်ဖာသာကိုယ်တစ်ခါမျှမတွေးမိဖူးတဲ့အကြောင်းအရာဆိုတော့ကိုယ်ကိုကိုယ်လည်း
Analyze လုပ်ဖြစ်သွားတာပေါ့လေ..ကျေးဇူးပါ ဘရားသားရေ…..

ကဲ..စရေးပြီ ကိုယ့်ကိုကိုယ်မုန်းမိတဲ့အချက်ဆယ်ချက်…..
(၁) သိလိုတတ်လိုမှုသိပ်ကိုနည်းပါးခြင်း
အင်း..ဘယ်ကစရမှန်းတောင်မသိဘူး.အဲဒီဘယ်ကစရမယ်မှန်းမသိတာကိုဘဲ

သိပ်မုန်းမိတာပေါ့..

.သိချင်တဲ့အကြောင်းအရာတွေဆိုရင်သိအောင်ကြိုးစားဖို့လုံးဝနောက်မတွန့်
မိသလို မသိချင်တဲ့အကြောင်းအရာတွေကိုဆိုရင်ယောင်လို့တောင်မတို့ထိမိတာကိုကကိုယ့်
မှာမသိတဲ့အကြောင်းအရာတွေသိပ်ကိုများစေခဲ့တာပေါ့.ဘာဖြစ်လို့လဲဆိုတော့ကိုယ်သိချင်တဲ့
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကကိုယ့်ရဲ့စံနှုန်းသတ်မှတ်ချက်ထဲမှာသိပ်ကိုနည်းပါး
လွန်းလို့ဘဲပေါ့..တခါတလေကျရင်ကမ္ဘာကြီးမီးတွေလောင်နေတာလည်းမသိချင်ဘူး.ကိုယ့်
အိမ်မှာမီးလောင်နေတာလည်းမသိချင်ဘူး.ကိုယ့်ဖာသာကိုယ်နေတတ်သလိုနေလိုက်တယ်.
အိမ်အတွက်ပစ္စည်းတစ်ခုခုဝယ်လာရင် အိမ်ထဲမှာချထားလိုက်ရင် ကိုယ့်ကိစ္စကငြိမ်းပြီ.ကျန်တဲ့
အပိုင်းကလုပ်ချင်တဲ့သူလုပ်တော့ဘဲ.ဥပမာတစ်ခုက.ကွန်ပြူတာရှေ့မှာထိုင်ဖို့ခုံတစ်လုံးဝယ်
လာပြီးရင် ကိုယ်ကဒီအတိုင်းဘဲ Packing မဖောက်ဘဲအိမ်ထဲမှာချထားလိုက်တယ်.နောက်ဆုံး
ကိုယ့်အမျိုးသမီးက အဲဒီထိုင်ခုံကိုဆင်ပေတော့ဘဲ.အဲဒီလိုဘဲတီဗွီတို့ဘာတို့တခြားအသေးအ
မွှားတိုလီမုတ်စအဆုံးကိုယ်ကိုယ်တိုင်တစ်ခါမှဖြုတ်တပ်စီမံလေ့မရှိဘူး.ဒါတွေလုပ်ဖို့စိတ်မဝင်
စားတာလား.စိတ်မရှည်တာလား.ဒါမှမဟုတ်ပျင်းတာလားဆိုတာကိုလည်းကိုယ့်ကိုကိုယ်တခါ
မှမသုံးသပ်ခဲ့မိဘူး.အဲဒါကိုကကိုယ့်ကိုကိုယ်မုန်းမိစေတဲ့”မဟာအမုန်း”အမှတ်စဉ်တစ်ပါဘဲ…

(၂) အားနာတတ်ခြင်း
”စိတ်”မပါရင်လေတောင်မချွန်တတ်ဘူး.ဒီလိုနဲ့ဘဲစကားသိပ်နည်းတဲ့ခပ်ကြောင်ကြောင်
လူတစ်ယောက်အဖြစ်နဲ့ရပ်တည်လာတာအနှစ်၄၀နီးပါး..သူငယ်ချင်းတစ်ယောက်နဲ့ခရီးတစ်ခု
အတူသွားတယ်ဆိုပါတော့.တလမ်းလုံးသူငယ်ချင်းကစကားတွေဖောင်ဖွဲ့ပြီးပြောနေသလောက်
စိတ်မပါရင်ကိုယ်ကတစ်ခွန်းတလေမျှပြန်မပြောတတ်ဘူး…အားနာတတ်
လွန်းလို့သူများပြောတဲ့အကြောင်းအရာတွေကိုမပြောပါနဲ့ကိုယ်စိတ်မဝင်စားလို့ပါဆိုပြီးတော့
လည်းတခါမှမတားတတ်ဘူး..စိတ်မဝင်စားတဲ့အကြောင်းအရာတွေပြောရင်အားနာလို့သာ
နားထောင်ချင်ယောင်ဆောင်နေတတ်တာ.သူတို့ပြောတဲ့စကားတွေကကိုယ့်နားထဲကိုတစ်
လုံးတလေတောင်ရောက်မလာတတ်ဘူး.ဒီတော့ပြောတဲ့သူသာမောသွားမယ်.သူတို့ကတော့
ကိုယ်စိတ်ပါးဝင်စားနားထောင်နေတယ်လို့ထင်ပြီး ကိုယ်ကကိုယ်တွေးချင်ရာတွေတွေးလို့.
ဥပမာ.ကိုယ်ကကဗျာရေးဖို့စကားလုံးတွေအကြောင်းအရာတွေကာရန်တွေကိုတွေးနေတတ်
တာကိုသူတို့မသိကြရှာဘူး.တကယ်ဆိုရင်ကိုယ်က ကိုယ်စိတ်မပါတဲ့အကြောင်းအရာပြောနေ
သူကိုပွင့်ပွင့်လင်းလင်းနဲ့တခြား Topic ပြောင်းပြောဘာလားလို့ဆိုရင်ဆို…
.ဒါမှမဟုတ်ရင်လည်းကိုယ်စိတ်ပါ
တဲ့စကားဘက်ရောက်အောင်ပရိယာယ်တွေသုံးပြီးစကားလမ်းကြောင်းလွှဲသင့်တာပေါ့..ကိုယ့်
ရဲ့အားနာတတ်မှုတွေကဒီလို.ဒီလို…ဒါကကိုယ်ပြောင်းလဲပစ်ဖို့လိုအပ်တဲ့ကိုယ့်ရဲ့အားနည်းချက်
မှန်းသိရက်နဲ့ဒီနေ့ထက်ထိမပြောင်းလဲနိုင်သေးတဲ့ ကိုယ့်ရဲ့ ကိုယ့်ကိုကိုယ်မုန်းတဲ့”မဟာအမုန်း”
အမှတ်စဉ်နှစ်ပေါ့…

(၃) စိတ်ပိုင်းဆိုင်ရာခံစားမှုကိုဦးစားပေးလွန်းခြင်း
စိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ပတ်သက်ရင် ကိုယ်ကယောကျာင်္းတန်မဲ့နဲ့သိပ်ကိုမျက်ရည်ပေါတဲ့
သူလို့ဆိုရမလားဘဲ..ဝမ်းနည်းစရာတွေ့ရင်ဟန်မဆောင်နိုင်အောင်ကိုဝမ်းနည်းပစ်လိုက်ရမှ
ကျေနပ်တတ်တယ်.စိတ်ပိုင်းဆိုင်ရာခံစားမှုအားများတယ်လို့ဘဲပြောရမလားမသိဘူး.ရယ်တဲ့အခါတောင်မျက်ရည်ထွက်တတ်တယ်.ဝမ်းသာစရာတွေ့ရင်လည်းဟန်မဆောင်နိုင်တတ်
လောက်အောင်ဝမ်းသာတတ်တာလည်းကိုယ်ပါဘဲ..ငယ်ငယ်တုန်းကဆိုအမေ့မျက်နှာကိုအချိန်တန်လို့မတွေ့ရရင်စိတ်ထဲကအလိုလိုဝမ်းနည်း

လာတတ်ပြီးမျက်ရည်ကျတော့တာဘဲ.
အချိန်တန်လို့အမေရုံးကပြန်မရောက်သေးရင် အမေ့အဝတ်အစားတွေမှာအမေ့အနံ့အ
သက်တွေကိုတိတ်တခိုးနမ်းရှိုက်ပြီးမျက်ရည်ကျတတ်ခဲ့တာလည်းကိုယ်ပါဘဲ.

ဝမ်းသာစရာတွေ့ရင်လည်းထိုင်ရမလိုထရမလိုဖြစ်နေတတ်ပြီး လူတွေသိပ်သိအောင်ကိုခံစားတတ်လွန်းတဲ့သူကကိုယ်ပါ.
ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ဟန်မဆောင်တတ်တဲ့ကိုယ့်ရဲ့စရိုက်တွေက ဒီနေ့ထက်တိုင်
ကိုယ်စွဲစွဲမြဲမြဲဝတ်ထားတဲ့ချွတ်လို့မရနိုင်သေးတဲ့အဝတ်ဟောင်းတစ်စုံဘဲပေါ့.ဒီအချက်ကဘဲ
ကိုယ့်ကိုကိုယ်မုန်းစေတဲ့ ”မဟာအမုန်း” အမှတ်စဉ်သုံးဖြစ်လာခဲ့တယ်….

(၄) ခေါင်းမာတတ်ခြင်း
ကိုယ်ကသိပ်ကိုခေါင်းမာတတ်တဲ့သူပေါ့.သူများပြောလို့လုပ်လိုက်ရတာဆိုတာထက်ကိုယ့်
စိတ်နဲ့ကိုယ့်ကိုယ်လုပ်ရတာကိုဘဲကျေနပ်တဲ့သူပေါ့.ငယ်ငယ်ကဆိုကိုယ်စိတ်ပါလို့ကိုယ့်စိတ်နဲ့ကိုယ်စာကျက်နေတုန်းမှာအဖေအမေက

စာကျက်ဖို့ပြောတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့ကတော့
စာအုပ်ကိုတခါတည်းပိတ်လိုက်တော့တာပါဘဲ.လုံးဝကိုမကျက်တော့ဘူး.စိတ်ထဲမှာသူများခိုင်း
လို့လုပ်လိုက်ရတာဆိုတာကိုလုံးဝကိုအဖြစ်မခံနိုင်လောက်တဲ့အထိကိုခေါင်းမာတာပါ..
အခုယူအက်စ်ကိုရောက်လာပြန်တော့လည်းသူများတွေက၁နှစ်ကြာတာနဲ့

Green Card လျှောက်.ဟော…ငါးနှစ်လည်းကြာရောနိုင်ငံသားတွေဘာတွေလျှောက်ပြီး
US Citizen တွေတောင်ဖြစ်ကုန်ကြပြီ..ကိုယ်ကကိုယ့်ရဲ့တလွဲခေါင်းမာမှုနဲ့ဘာမှ
မလျှောက်ဘဲနေလာလိုက်တာ ၇နှစ်ကျော်လောက်ကြာမှ ၂၀၀၇နှစ်ကုန်ပိုင်းမှာမှ
Green Card လျှောက်ဖြစ်တယ်.
ဒါတောင် အမျိုးသမီးနဲ့တောထဲမှာမွေးတဲ့ကိုယ့်သမီးအကြီးဆုံးအတွက်စဉ်းစားပြီး
လျှောက်ဖြစ်တာ.တစ်ယောက်တည်းသမားသာဖြစ်လို့ကတော့ကိုယ့်အတွေးအခေါ်နဲ့ကိုယ်
ဆက်ပြီးခေါင်းမာမာနဲ့ဘာမှမလုပ်ဘဲနေလိုက်ဦးမှာ…..
.ဒီခေါင်းမာတတ်တဲ့ကိုယ့်ရဲ့အကျင့်ဆိုးကြီးကိုပြန်လို့ရနိုင်ရက်နဲ့မပြင်မိသေးပါ
ဘူး.ဒီခေါင်းမာမှုတွေကဘဲကိုယ့်ကိုကိုယ်မုန်းလာမိတဲ့ ”မဟာအမုန်း” အမှတ်စဉ်လေး
ဖြစ်လာခဲ့ပါတယ်…….

(၅) ငွေကိုတန်ဘိုးမထားတတ်ခြင်း
ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်လည်း ကိုယ်ကဘယ်တော့မှအလေးထားတတ်
လေ့မရှိဘူး..ပြီးတော့သုံးစွဲမှုလည်းလုံးဝစနစ်မကျဘူး.ရှိရင်ရှိသလောက်စိတ်ထဲရှိသလို
သုံးပစ်လိုက်ပြီး မရှိရင်လည်းရှိအောင်ရှာပြီးသုံးပစ်တတ်သူဟာကိုယ်ပါဘဲ..
ဆိုင်တစ်ဆိုင်ထဲဝင်သွားရင် ကိုယ့်အတွက်အသုံးတဲ့မလား ကိုယ်တကယ်သုံးဖို့လိုအပ်သ
လားဆိုတာမစဉ်းစားဘဲ စိတ်ထင်သလိုဝယ်တတ်တာကြောင့်ငွေတွေမလိုအပ်ဘဲကုန်တယ်
ကုန်သွားတဲ့ငွေတွေအကြောင်းကိုပြန်စဉ်းစားပြီးနှမြောနေလေ့မရှိတတ်တာလည်းကိုယ့်
ရဲ့အကျင့်ပါဘဲ.ဒါကြောင့်ကိုယ်လိုလူမိုက်နားမှာ အသပြာကဘယ်တော့မှနေလေ့မရှိပါဘူး
ဈေးဝယ်ပြီးရင် ငွေစာရင်းဖြတ်ပိုင်းတွေကိုစနစ်တကျစစ်ဆေးတာတို့သိမ်းဆည်းတာတို့
လုပ်လေ့မရှိတာလည်းကိုယ်ပါဘဲ.ဒီလိုငွေကိုတန်ဘိုးမထားတတ်တဲ့အချက်ကဘဲ ကိုယ့်
ကိုကိုယ်မုန်းစေတဲ့ ”မဟာအမုန်း”အမှတ်စဉ်ငါးဖြစ်လာခဲ့ပါတယ်…(အကြွေးတွေများသထက်
များလာလို့ပါ)

(၆) ဒေါသကြီးတတ်ပြီးစိတ်ပြေလွယ်တတ်ခြင်း
ကိုယ်ကစိတ်မထင်ရင်မထင်သလိုဒေါသကြီးတတ်ပြီးဒေါသထွက်လာတဲ့အခါဆိုရင်

တစ်ခုခုကိုလုပ်လိုက်ရမှကျေနပ်တတ်ပါတယ်.ဒေါသထွက်လာပြီဆိုရင်
ကိုယ်ကဘာကိုမှမမြင်တော့ဘူး.ဒါကြောင့်သက်မဲ့ပစ္စည်းတချို့ကိုယ့်လက်ချက်နဲ့မကြာ
ခဏကွဲရှဖူးပါတယ်..ဒေါသထွက်တာမြန်သလောက်စိတ်ပြေတာလည်းသိပ်မြန်ပါတယ်.လူတစ်
ယောက်ကိုကာလကြာရှည်စိတ်ဆိုးဒေါသထွက်ပြီးတေးမှတ်ထားလို့မရတတ်တာ

ကိုယ့်ရဲ့စိတ်ဘဲပေါ့…ဒီလိုလွယ်လွယ်နဲ့စိတ်ပြေတတ်ရင် အစကတည်းက
ဒေါသမထွက်တတ်ရင်ပိုကောင်းမှာပေါ့.တကယ်ဆိုရင် ကိုယ်ကဒေါသထွက်ပြီးရင
စိတ်မပြေဘဲနေလိုက်ချင်တာ.ဒါပေမယ့်.အဲဒီလိုဖြစ်အောင်တခါမှကြိုးစားလို့မရခဲ့ဘူး.
ဒါကြောင့် ”ဒေါသကြီးတတ်ပြီးစိတ်ပြေလွယ်တတ်”တာဟာကိုယ့်ကိုကိုယ်မုန်းစေတဲ့
”မဟာအမုန်း”အမှတ်စဉ်ခြောက်ဖြစ်လာခဲ့ရပါတယ်…

(၇) တသီးပုဂ္ဂလသိပ်ဆန်ခြင်း
ဘာလုပ်လုပ်အဖွဲ့အစည်းနဲ့လုပ်ရတာထက် တစ်ဦးတစ်ယောက်တည်းလုပ်ရနေရထိုင်ရတာကို
ပိုပြီးနှစ်သက်လေ့ရှိတဲ့ ကိုယ့်ရဲ့ဗီဇကြောင့် အဖွဲ့အစည်းတွေဆိုရင်ဝေးဝေးရှောင်လေ့ရှိပါတယ်.
ရှောင်လွှဲလို့မရနိုင်တဲ့အခါမှသာ အဖွဲ့အစည်းနဲ့လုပ်တဲ့အလုပ်ကိုလုပ်တတ်ပါတယ်..
တစ်ယောက်တည်းထိုင်ပြီးကဗျာရေးနေတဲ့အချိန် ဒါမှမဟုတ်စာရေးနေတဲ့အချိန်မှာ အနားကို
တစ်ယောက်ယောက်ကလာထိုင်ကြည့်ပြီဆိုရင် ကိုယ့်ဦးနှောက်ကဘာမှထွက်ကျမလာတတ်
တော့ပါဘူး.အဲဒီအချိန်မျိုးဆိုရင် ရေးလက်စကဗျာတို့စာတို့ကိုလုံးဝရပ်ပစ်လိုက်တော့တာပါဘဲ.
ယူအက်စ်ကိုစရောက်ပြီးနောက်တစ်နှစ်၂၀၀၁ခုနှစ်ကနေမနှစ်က၂၀၀၇ခုနှစ်အထိ ကျောင်း
တက်ခဲ့တဲ့သက်တမ်းမှာ သူငယ်ချင်းတစ်ယောက်မှမရှိခဲ့ရလောက်အောင်ကို ကိုယ်ကသိပ်ကို
တသီးပုဂ္ဂလဆန်ဆန်နေတတ်ခဲ့သူပါ…ဒီလိုတသီးပုဂ္ဂလသိပ်ဆန်မှုတွေဟာ ပြင်ပလက်တွေ့
လောကမှာ ကိုယ့်အတွက်ရနိုင်မယ့်အခွင့်အရေးတွေကိုတားဆီးပိတ်ဆို့နိုင်တဲ့အဟန့်အတား
တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုသိရက်နဲ့ ဒီနေ့ထက်ထိ ကိုယ့်ကိုကိုယ်မပြုပြင်နို်င်ခဲ့သေးပါဘူး.
ကိုယ့်ကိုကိုယ်မပြုပြင်နို်င်သေးတဲ့ ”တသီးပုဂ္ဂလသိပ်ဆန်မှု” ဟာမိမိကိုယ်မိမိမုန်းစေတဲ့ ”မဟာ
အမုန်း” အမှတ်စဉ် ၇ ဘဲဖြစ်ပါတယ်…..

(၈) လျှို့ဝှက်မှုနည်းပါးခြင်း
ကိုယ်ကအရက်မမူးဘဲနဲ့ကိုကျွဲခိုးပေါ်တတ်တဲ့သူပါ..ဘာကိုမှအကြာကြီးဖုံးကွယ်မထားတတ်ပါ
ဘူး..အခုဘဲကြည့်လေ ကိုယ့်အကြောင်းတွေကိုယ့်ဖာသာဖော်ထားတာအပေါ်မှာ၇ချက်တောင်
ရှိသွားပြီမဟုတ်လား….စာကရေးရင်းနဲ့အပေါ် ၇ ချက်မှာကိုသိပ်ရှည်နေပြီဆိုတော့ စာဖတ်တဲ့
သူတွေသိပ်စိတ်ရှည်မှာမဟုတ်တော့ဘူးဆိုတာသိနေပြီ..ဒီတော့ဒီတစ်ချက်ကိုအနည်းငယ်လျှို့
ဝှက်ထားမှဘဲဖြစ်တော့မယ်…တော်ကြာကိုယ့်ကိုကိုယ်သိပ်မုန်းမိသွားမှာစိုးရိမ်မိလို့……

(၉) လွမ်းဆွေးတတ်လွန်းခြင်း
ကိုယ်က သီချင်းနားထောင်ရင်တောင်မှ အလွမ်းအဆွေးသီချင်းတွေကိုပိုနားထောင်တတ်
ပါတယ်…ဥပမာ ဝိုင်ဝိုင်းရဲ့ ”အိမ်လွမ်းသူ” တို့ ”အချစ်မဲ့ဂစ်တာ” တို့လိုသီချင်းမျိုးတွေပေါ့…
ငယ်ငယ်ကဆိုရင် အိမ်ကိုဧည့်သည်လာပြီးပြန်သွားရင် တော်တော်နဲ့လွမ်းလို့မဆုံးတတ်
တဲ့သူပါ….ဒီလွမ်းဆွေးတတ်မှုတွေက ကိုယ့်စိတ်ကိုဖိဆီးတတ်လွန်းလို့ဘဲ ကိုယ့်ကိုကိုယ်
မုန်းတီးတဲ့ ”မဟာအမုန်း”မှာ လွမ်းဆွေးတတ်ခြင်းကို အမှတ်စဉ်ကိုးအဖြစ်သတ်မှတ်ချင်
ပါတယ်…..

(၁၀) ဇီဇာသိပ်ကြောင်တတ်ခြင်း
အစားအသောက် အနေအထိုင် အဝတ်အစား အရာအားလုံးမှာ ကိုယ်ကသိပ်ကိုဇီဇာကြောင်
တတ်ပါတယ်..ဒါကြောင့်လည်း ကိုယ့်အမျိုးသမီးနဲ့နေ့စဉ်နီးပါးစကားများတတ်ပါတယ်..
ကိုယ့်ကိုကိုယ်ပြင်ဆင်သင့်မှန်းသိရက်နဲ့ ယနေ့ထက်တိုင်ပြင်ဆင်လို့မရသေးတဲ့အထဲမှာ
အဝတ်အစားဇီဇာကြောင်မှုကအဆိုးဆုံးပါဘဲ..တစ်နေ့နေ့မှာတော့ ကိုယ့်ကိုကိုယ်မမုန်း
မိရလေအောင် ဒီဇီဇာကြောင်မှုတွေကိုရုတ်သိမ်းပစ်နိုင်ဖို့ကြိုးစားပါဦးမယ်….

ကဲ…ကိုယ့်ကိုကိုယ်မုန်းမိတဲ့အချက် ၁၀ ချက်ကတော့ပြည့်သွားပြီ..ဘာကျန်သေးသလဲ
စဉ်းစားစမ်း…….
သတိရပြီ..ခင်မင်ရင်းနှီးတဲ့ဘလော်ဂါတွေထဲက ဒီအကြောင်းမရေးရသေးတဲ့သူတချို့ကို
တဂ်ဖို့….
ကျနော်တဂ်ချင်တဲ့သူတွေကတော့……
(၁) ကိုငြိမ်းချမ်းအောင်
(၂) စိုးသင့်ဆွေ
(၃) Mirror
(၄) ကိုရဲရင့်သက်ဇွဲ
(၅) ကိုဒူကဘာ
(၆) ကိုလူလ တို့ဘဲဖြစ်ကြပါတယ်…..။
ခင်မင်လျက်….
ဆောင်းယွန်းလ

10 comments:

kay said...

ကိုဆောင်းယွန်းလ ရဲ့..၁၀ ချက် ဖတ်ပြီး- အမျိုးသမီးက..ခုံဆင်ပေးတယ်ဆိုလို့.. ပြုံးမိသွားတယ်။
ဖြစ်နိုင်ပါတယ်။ ကဗျာဆရာတွေဆိုတော့..လွမ်းနေရတာ.. မအားဘူးလေ။ ( နောက်တာနော်- )း)

mirror said...

အစ်ကိုကြီးဖတ်ပြီးသွားပြီ
ရေးမယ်လေ..
သတိတရနဲ့တဂ်တာလဲ ကျေးဇူး
ကဗျာချစ်ကြသူချင်းတူလို့နဲ့တူပါတယ်
အစ်ကိုနဲ့ တော်တော်များများနီးစပ်တာလေးတွေပဲ
ထွက်လာမယ်ထင်တယ်...

လေးစားခင်မင်လျက်

ခေါင်ခေါင် said...

ခုတစ်လော ကိုယ့်ကိုယ်ကို မုန်းတဲ့ လူတွေ တော်တော်များတာပါပဲလား....
ဘလော့တိုင်းမှာကို အပြိုင်မုန်းနေကြတယ်.... ဟီး..ဟီး

MANORHARY said...

သမီးအတွက် citizen ယူဖို့ဆုံးဖြတ်လိုက်တယ်
ဆိုတဲ့စိတ်ကလေးကိုလေးစားပါတယ်။ တစ်ခါတစ်ခါ
တော့လည်းကိုယ့်ခေါင်းမာမှုတွေဟာသူတို့လေးတွေ
နဲ့ကျလျှော့ပေးတတ်ရကြတာပါပဲ...

ATN said...

ဘာတွေတူလဲ... မပြောတော့ဘူး.. ညီရေ့...း)

ဒူကဘာ said...

ကိုဆောင်း ...မအားလွန်းလို့ လာအော်မှပဲ သိတော့တယ် အနုပညာသမားခြင်းဆိုတော့ တူတာတွေလဲ ရှိလား? ရှိရဲ့...ရေးဖြစ်မှာပါ၊ ဘာပဲပြောပြော ကိုယ်ယုံကြည်ရာ ကိုယ်ဆောက်တည်ပြီးပြီမို့ သားသမီးတွေ အတွက် အလေးထားရမှာ ကျနော်တို့ရဲ့ တာဝန် မဟုတ်လား ? လေးစားပါတယ်။

Nyein Chan Aung said...

ကိုဆောင်းက ကျနော့်ကိုထိပ်ဆုံးကနေ တဂ်ထားတာကိုး..။ ကိုဆောင်းပြောသလို ခင်မင်ရင်းနှီးလို့ကျွေးရင် သေဆေးတောင်စားရမယ်ဆိုတော့လည်း။ ရေးရတော့မှာပေါ့ဗျာ။ ဒါပေမဲ့ ကိုဆောင်းနဲ့ ကျနော်နဲ့က အားလုံးနီးနီးကို တူနေတာ ခက်တယ်ဗျ..။ မတူတာလေးတွေ ဖျစ်ညှစ်ထုတ်ပြီး ဆယ်ချက်ပြည့်အောင်စုရတော့မှာပေါ့လေ..။

ကိုအောင် said...

ကိုဆောင်းရေ စာလာဖတ်သွားပါတယ် အကို။

Yan said...

နံပါတ် (၁) နဲ့ (၂) နဲ့ကို သိပ်ပြောစရာမရှိပေမယ့် နံပါတ်(၃) ကတော့ ဟက်တ်ထိတယ်ဗျာ.

ဟုတ်တယ်. ကျွန်တော်လည်း အဲလိုပဲဗျ. တစ်ခါတစ်လေ ပို့စ်တစ်ခုခုကို ဈာန်ဝင်ပြီး ရေးလိုက်ရရင်၊ အလွမ်းပို့စ်လည်း ဖြစ်မယ်ဆိုရင်ပေါ့
မျက်ရည်တွေကိုရွှဲသွားရောဗျ. အဲဒီ့လို.. တစ်ခါတစ်လေ ကီးဘုတ်ပေါ်ကို မျက်ရည်ကျပြီး ရှော့ခ်တွေဖြစ်မှာစိုးလို့ ပလတ်စတစ်အကြည်ပြားလေးတောင် ကီးဘုတ်ပေါ် အုပ်ထားရတယ်. ဟတ်ဟတ်.. (စတာပါ ဘရားသားရာ. ကျွန်တော်က အတည်တစ်ဝက် အပြောင် သုံးဝက်လောက် ပါတတ်တယ်ဗျ. သည်းခံ)

အဲဒီ့ နံပါတ်(၃) က ကဗျာဆရာတွေကို ဖြစ်စေတဲ့ တွန်းအားပေးခံစားချက်တစ်ခုများလားမသိဘူးဗျာ. နော်. တကယ်ကို မသိဘူး. ဒါပေမယ့် ခံစားလွယ်တယ်. ကျွန်တော် ကိုဆောင်းကို အပြင်မှာ တွေ့လိုက်ရရင် 'ကိုဆောင်းးးးးးးးးး' ဆိုပြီး ဖက်ပြီး မငိုပါဘူး. ရယ်မှာပေါ့ဗျာ. :)

(၄) နဲ့ (၅) ကို ရေးထားတာကလည်း တကယ့်ကို ပွင့်လင်းရိုးသားတယ်. လေးစားတယ်ဗျာ. လူအထင်ကြီးအောင် မရေးဘဲ စိတ်ထဲအရှိအရှိအတိုင်း ချရေးသွားတဲ့အတွက် ကိုဆောင်းရဲ့ အတွင်းစိတ်ကို ထင်းခနဲ မြင်လိုက်ရတယ်.

(၆) ကိုတော့ ခွင့်လွှတ်တတ်တဲ့ အရည်အချင်းတစ်ခုလို့ မြင်တယ်ဗျ. ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ အငြိုးအတေး အမှတ်သည်းခြေ မထားတတ်တဲ့ သဘောထားကြီးတဲ့ သဘာဝတစ်ခုပေါ့ဗျာ... (ဘာကျွေးမှာလဲ.. လာချင်ရင် အနီးလေးဗျ. နော်. ရွှတ်ခနဲပဲ.)

(၇) ကလည်း ကဗျာဆရာ၊ အနုပညာသမားတစ်ယောက်ရဲ့ One of the Characters ပါပဲဗျာ. ဟုတ်တယ်ဗျ. (၈) ကိုတော့ လျှို့ဝှက်ထားပေတော့.

(၉) ကလည်းကျွန်တော်နဲ့ လာတူတယ်. ကျွန်တော်လည်း ကိုငှက်ကြီးရဲ့ အမေ့အိမ်တို့၊ ၀ိုင်ဝိုင်းရဲ့ အိမ်လွမ်းသူတို့၊ ဆောင်းဦးလှိုင်ရဲ့ အရိပ်စစ်တို့ ကြားလိုက်ရရင် လူက ငိုင်သွားရောဗျာ.

(၁၀) အ၀တ်အစားဇီဇာမကြောင်အောင် တီရှပ်တွေသာ ၀တ်၊ ဘရားသားရေ... :) အဲဒါမှ ပိုဆိုးရော. ကျွန်တော်မပါဘူးနော် လို့ မဒမ်ဆောင်း ကိုပြောလိုက်ပါဦး...

ခုလိုမျိုး ခင်မင်ရင်းနှီးစွာနဲ့ အရေးတယူ ရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ.

ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပြီး ကိုဆောင်းချစ်တဲ့ ကဗျာလှလှလေးတွေ ဆက်လက်ရေးသားပြုစုနိုင်ပါစေ..

သာဓု.. သာဓု... အဲလေ.. ယောင်ကုန်ပြီ.. :)

ခင်မင်စွာဖြင့်

ရန်အောင်

Anonymous said...

တစ် နဲ့ ငါး နဲ့ တူ တယ် ကိုဆောင်းယွန်း ...

mie nge