”နှစ်သစ်စိတ်ကူး”
စကားလုံးပျောက်တွေကုန်းကောက်ရင်း
ဝေါဟာရတွင်းထဲကရေကြည်ကိုသောက်
အတွေးအခေါ်တွေထဲကိုလမ်းလျှောက်ကြည့်လိုက်တဲ့အခါ
ကောင်းကင်ဟာပြာလို့ကြည်လင်ဖြူစင်သွား
ကိုယ့်နံရံပေါ်က ၂၀၀၉ ဆိုတဲ့စာသားလေးတောင်
ကိုယ့်ကိုကောင်းခြီးသြဘာပေးနေသယောင်ပြု
၂၀၀၈ကတော့အိပ်မက်အတုတွေကိုလုယူသွားခဲ့ပြီ…..။
Thursday, January 1, 2009
Posted by
ဆောင်းယွန်းလ
at
5:12 PM
Subscribe to:
Post Comments (Atom)



7 comments:
စိတ်ကူးသစ်လေးတွေ...
လှတယ် ညီလေးရေ့...
Cheers!!!!!
ကဗျာလေး ကြိုက်တယ် ကိုဆောင်းရေ။
စိတ်ကူး တိုတိုလေး
လှနေတယ်
နှစ်သစ်စိတ်ကူးကဗျာ လေးက တိုတိုနဲ့ လှတယ်ဗျာ
ကိုဆောင်းရေ အားပေးလျက်ပါ။
စကားလုံးပျောက်တွေကုန်းကောက်ရင်း
ဝေါဟာရတွင်းထဲကရေကြည်ကိုသောက်
အတွေးအခေါ်တွေထဲကိုလမ်းလျှောက်ကြည့်လိုက်တဲ့အခါ...
စကားလုံးတွေလှတယ် ကိုဆောင်း။
ကောင်းတယ်ကိုဆောင်းယွန်းရေ....
ကိုဆောင်း ...ဆောင်းဆိုယင် ကြောက်ပေမဲ့ .. ကိုဆောင်းရဲ့ အတွေးနဲ့ ချယ်မှုန်းတဲ့ ကဗျာတွေတော့ ခိုက်တယ်....။
Post a Comment