Sunday, January 11, 2009

”အိမ်မမည်တော့တဲ့အိမ်”
နိဂုံးပိုင်းရောက်ခါနီးမှ
မာတိကာဆိုတာာကြီးကိုပြန်လှန်မြည်းနေရ..

အဆုံးသတ်လိုခြင်းတွေကလည်း
အဆုံးမသတ်နိုင်ကြသေးပါဘူး..

ကိုယ့်ဒူးကိုတော့ကိုယ်ယုံချင်ပါရဲ့
အစာကျွေးနေရရင်းလောင်းရိပ်မိ
ပြာနှမ်း မဲမှောင်
စိတ်မှာရောင်စုံကင်ဆာတွေဖြစ်..

ခေါင်မိုးကစပြီးမလုံခဲ့တာပါ
နေပူရင်နေပြောက်ထိုး
မိုးသည်းရင်မိုးရေယို
နှင်းစိုရင်နှင်းရည်လူး…

ကြမ်းခင်းကလည်းပေါက်
လမ်းလျှောက်ရင်ခြေကျွံ
ခြေကျွံရင်နွံနစ်
ဒုက္ခဆစ်ဆစ်မြည်သံ
ခေါင်မိုးကစကြမ်းခင်းနဲ့နံရံအဆုံး
တစ်အိမ်လုံးဆူညံကွဲအက်
ဗုဒ္ဓလည်းဆွမ်းမဘုဉ်းရက်တာကြာပြီ….။

11 comments:

Nyein Chan Aung said...

ဒီကဗျာလည်း ကဗျာကောင်းတစ်ပုဒ်ပဲ ကိုဆောင်းရေ.။

ပျူနိုင်ငံ said...

ကဗျာကောင်းကောင်းလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
ဖတ်ခွင့်ရနေတာ ကျေးဇူး ကိုဆောင်းရေ။

အိုင်လွယ်ပန် said...

ကျွန်တော်တို့ကလောလောဆယ်
အိမ်အပြင်ရောက်နေတယ်အစ်ကို....
အစ်ကို့ကဗျာတွေကတော့ထုံးစံအတိုင်း
ခံစားလို့ကောင်းဆဲပဲဗျ ..........

မောင်မျိုး said...

ဒီမှာ အရမ်းအေးနေတယ် အစ်ကိုရ နှင်းရည်မလူးပါရစေနဲ့ အိမ်ကြီးကဟောင်းနေပြီး အိမ်သစ်လေးနဲ့ လွတ်၂လပ်၂လေးနေခွင့်ရချင်လိုက်တာ ။

မမသီရိ said...

နေစရာ.. ချောင်လေး တစ်ခုတောင်
မကျန် တော့ပါ လားကွယ်..
.....................
မလှမပ ခြင်းတွေ နဲ့ ပြည့် နှက်နေတဲ့
အိမ်ကလေး......
...............
တနေ့နေ့ မှာ.. တို့ တွေ..
ဝိုင်းဝန်း ..ပြုပြင်လို့ ကာလ လေး တစ်ခု
ရှိတော့ ရှိလာမှာ ပါ....
.............
ကဗျာကောင်းလေး ပါ...

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း .. ခေါင်ကစပြီး မိုးမလုံခဲ့တော့လည်း..။

ဖတ်ပြီးတော့ ကိုယ်ပါအပြစ်ရှိနေသလိုခံစားလိုက်ရတယ် အကို... ။

မေ့သမီး said...

အစ်ကို ဒီကဗျာဖတ်ပြီး စိတ်တောင်နည်းနည်းကျသွားတယ်။ ဘယ်အချိန်မှ home sweet home ဖြစ်လာမလဲဆိုပြီးတော့။

အမရာ said...

အကိုရေကဗျာကတော်တော်ဟတ်ထိတယ်.....

pandora said...

ရင်ထဲကို ထိစေတဲ့ကဗျာလေးပါ။
အိမ်ကတော့ ပိုပြီးပိုပြီး ပျက်စီးလာပြီ။အိမ်လွမ်းနေသူတွေအားလုံး တနေ့ အိမ်ပြန်နိုင်ကြပါစေ။

ခေါင်ခေါင် said...

ရင်ထဲတစ်ကယ် ထိရှသွားပါတယ် ဦးဆောင်းရေ...

ငြိမ်းချမ်းပြည့်စုံသာယာလုံခြုံ သော အိမ်သို့ အမြန်ဆုံးပြန်ရောက်နိုင်ပါစေ

ကေ said...

အင်းးးးးးးးး
နောက်တလုံး ပေးသွားတယ်။