Wednesday, January 28, 2009


”မနက်ကကျသွားတဲ့နှင်းကိုမုန်းတယ်”
ခင်ဗျားက
ဆောင်းသိပ်ပီသတာဘဲ
နှင်းတွေကိုအခဲလိုက်ပစ်ချ
ကျုပ်တို့ရောက်တဲ့ဒုက္ခကိုခင်ဗျားကဟားတိုက်
ခင်ဗျားရဲ့ ဆောင်းပီသလိုက်ပုံကတယ်မမိုက်ဘူး…

နှင်းရေ..
ကျုပ်မှာဖြင့်ရင်တွေတောင်တုန်တယ်
ကားစတီရာရင်န်ကခုန်
လက်တွေလည်းကတုန်ကယင်ဖြစ်
အကွေ့အကောက်တွေမှာစိတ်သိပ်ညစ်ရ
ခင်ဗျားကတော့ဘာသိဘာသာကျနေလိုက်တာ
ခွန်နှစ်လက်မဆိုတာ ဘာကြာလိုက်လို့လဲ….

လမ်းပေါ်မှာကြည့်လိုက်ရင်
ဖြူနီဝါပြာရောင်စုံယာဉ်တတန်း
လှည်းအိုကြီးတွေတအိအိစမ်းတဝါးဝါးသွားနေပုံမျိုး
လိပ်ကတောင်ဘိုးအေခေါ်လောက်ပါဘိ
လူတွေအားလုံးသတိရှိနေလိုက်ကြပုံများ
ဆဲလ်ဖုန်းတောင်မကိုင်အားကြတော့ဘူး
ခင်ဗျားရဲ့ဆောင်းကိုဦးညွှတ်
ကြောက်..ဖျား…..ကျွတ်..သွားသူတွေထဲမှာ
ကျုပ်လည်းတစ်ယောက်အပါအဝင်ပေါ့
ဖြစ်နိုင်ရင်တော့..ဆောင်းဆိုတာကြီးကိုလွန်မြောက်
နှင်းတွေခပ်မြန်မြန်ပျောက်စေချင်လှပြီ….။

13 comments:

MANORHARY said...

လက်မနည်းနည်းလောက်လျှော့ကျပေးပါလို့ပြောရမယ်
ထင်တယ်နော်
း)

Anonymous said...

အစ်ကိုရေ့ ညီကတော့ အဲ့လောက်များတဲ့ နှင်းတွေမမြင်ဖူးလို့လားမသိ တွေ့ဖူးချင်နေတာ ဒါမဲ့ အစ်ကိုရေးထားသလိုဆို ကြောက်စရာကြီး ဟုတ်တယ် မြန်၂ပျောက်ပါစေ ၀ိုင်းဆုတောင်းသွားတယ်း)

Anonymous said...

အီကွေတာ နား ရောက်ရင်..ဒီမြင်ကွင်းတွေ.. မြင်ရမှာ
မဟုတ်တော့ ဘူးလေ..
မြတ်နိုး နှစ် သက် ထား လိုက်ပါ....
တစ်သက် လုံး အဲဒီမှာ နေဘို့
စိတ်မကူး ဘူး မို့ လား....း)........

ဆောင်းယွန်းလ said...

မနော်ရေ.တစ်လက်မလောက်တော့လျှော့ပြောဖို့ကြိုးစား
ပါသေးတယ်.လျှော့မရတော့လို့ပါဗျာ...မကျခင်ကြေငြာ
ချက်က၇လက်မတဲ့.ကျပြီးတဲ့အချိန်မှာ၇လက်မအတိအကျရှိမရှိတော့မသိဘူး.ကျထားလိုက်တာတော့အများကြီါ်ဘဲဗျ..

ညီမောင်မျိုး..ဓာတ်ပုံတင်ပေးနိုင်ဖို့ကြိုးစားပေးပါ့မယ်.

တစ်သက်လုံးနေဖို့စိတ်ကူးမရှိပါဘူး.မသီရိရေ..

pandora said...

အနော်လည်းမမြင်ဖူးလို့ ခဏလေး ကြည့်ရုံကြည့်ပြီးပြန်ပြေးလာလို့ မရဘူးလား

ဓာတ်ပုံတွေ ရိုက်ထားပါလား ကိုဆောင်း

မေ့သမီး said...

အစ်ကိုရေ အစ်ကိုကနှင်းတွေကျတဲ့ဆောင်းကို စိတ်ညစ်နေတာပေါ့။ ညီမကတော့ နှင်းမကျတဲ့ဆောင်းကို မုန်းတယ်။ ဒီဇင်ဘာဖြစ်ပြီး တစ်စက်မှမအေးတဲ့ စင်္ကာပူကိုမုန်းလိုက်တာအရမ်း။
ဒိုင်ယာရီထဲမှာတောင် ဒီလိုရေးမိတယ်။
“စိတ်ကူးထဲမှာ ဒီဇင်ဘာဟာ
နှင်းတွေတဖွဲဖွဲကျလို့
လက်တွေ့မှာတော့
နေတွေပူ၊ မိုးတွေရွာ။
နှင်းတွေမကျတဲ့
အယောင်ဆောင် ဒီဇင်ဘာမှာ
ခရစ္စမတ်တောင်မလှဘူး”

ATN said...

ညီရေ့ အကိုကတော့ Buffalo မှာ ကြုံခဲ့ဘူးပြီမို့ သိနေတယ်... ကဗျာလေးကတော့ အဖြစ်အပျက်ကို တကယ် သရုပ်ဖော်ပေးနိုင်တာပဲ...

အိုင်လွယ်ပန် said...

နေခြည်လေးနွေးနိုင်ပါစေအစ်ကိုရေ ....

ကိုအောင် said...

နှင်းတွေကျတာ တအားများနေရင် ကားမောင်းတာကို
ဂရုစိုက်အုံး ကိုဆောင်းရေ။ အကို့ နာမည်လဲ ဆောင်း
ဆိုတာ ပါနေတော့ အကို့ကဗျာထဲက နှင်းတွေကို မုန်း
တဲ့ဆိုတဲ့ ခံစားမှုကို ကျနော်တော့ ပြုံးမိတယ်။

စိုးသင့်ဆွေ said...

အကိုဆောင်းယွန်း.. သတိထားပါဦးရှင့်။ ကားမောင်းတာ လမ်းသွားတာကအစ။ အကိုက နှင်းပျောက်တဲ့ဆောင်းဖြစ်စေချင်နေပြီနဲ့တူတယ်..းD

mirror said...

ခင်ဗျားက
ဆောင်းသိပ်ပီသတာဘဲ
နှင်းတွေကိုအခဲလိုက်ပစ်ချ
ကျုပ်တို့ရောက်တဲ့ဒုက္ခကိုခင်ဗျားကဟားတိုက်
ခင်ဗျားရဲ့ ဆောင်းပီသလိုက်ပုံကတယ်မမိုက်ဘူး…တဲ့..။

ကြက်သီးတောင် ထတယ်။ညီမသာဆို အေးလို့ငိုတောင်ငိုမိမသလားမသိဘူး။

အစ်ကိုကြီးတို့ ရေးလိုက်မှဖြင့်....လွှတ်ကောင်းချည်းပဲ။
ညီမစုသိမ်းထားချင်လို့...ခွင့်ပြုမလား သိချင်ပါတယ်။

နောက်တစ်ခုက ဓာတ်ပုံလေးတွေလဲ အဆင်ပြေရင် တင်လေဗျာ။ကူပြီး အေးရ၊ချမ်းရ၊ဒုက္ခရောက်ရအောင်လို့လေ။ 8-:)

Kaung Kin Ko said...

လမ်းပေါ်မှာကြည့်လိုက်ရင်
ဖြူနီဝါပြာရောင်စုံယာဉ်တတန်း
လှည်းအိုကြီးတွေတအိအိစမ်းတဝါးဝါးသွားနေပုံမျိုး
လိပ်ကတောင်ဘိုးအေခေါ်လောက်ပါဘိ
လူတွေအားလုံးသတိရှိနေလိုက်ကြပုံများ
ဆဲလ်ဖုန်းတောင်မကိုင်အားကြတော့ဘူး
ခင်ဗျားရဲ့ဆောင်းကိုဦးညွှတ်
ကြောက်..ဖျား…..ကျွတ်..သွားသူတွေထဲမှာ
ကျုပ်လည်းတစ်ယောက်အပါအဝင်ပေါ့
ဖြစ်နိုင်ရင်တော့..ဆောင်းဆိုတာကြီးကိုလွန်မြောက်
နှင်းတွေခပ်မြန်မြန်ပျောက်စေချင်လှပြီ….။

တင်စားထားတာလှလိုက်တာအစ်ကိုရာ။

Nyein Chan Aung said...

ကောင်းတယ်ဗျာ။