Friday, February 6, 2009


”အရုပ်ခေတ်ထဲက ကောင်မလေးအတွက်”

အချစ်အကြောင်း မပြောသေးတာ
ခေတ်မကောင်းသေးလို့ပါကွဲ့ ကောင်မလေးရဲ့….

အခုလို ခေတ်မျောကြီးထဲမှာ….
ငါတို့ဇာတ်ကို ခေတ္တပြည်ဖုံးကားချ
မိုင်ထောင်ချီဝေးနေကြရတာ ဘာဆန်းတာမှတ်လို့
ခေတ်မလန်းလို့ ငါတို့ဝေးနေကြရတာလို့ပဲ သဘောထား
ကျောသားရင်သားခွဲခြားတဲ့ ခေတ်အတွက်
စိတ်ပျက်မနေပါနဲ့တော့ ကောင်မလေးရေ….

အခုလို ခေတ်ကျပ်ကြီးထဲမှာ….
မင်းလည်းအရုပ် ငါလည်းအရုပ်
နေဝင်မိုးချုပ် အလုပ်လုပ်နေကြရတာမဟုတ်လား
ခေတ်စကားနဲ့ပြောရရင်….
ခေတ်ပညာသင်ထားတာတောင်မှ ငါတို့ထမင်းဝကြလို့လား
သွက်သွက်လာ သွက်သွက်သွား ကသုတ်ကရက်မို့
တို့..တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်တဲ့
ဟောဒီ ခေတ်အပျက်ကြီးထဲမှာ
မီးမလာရင် ဖယောင်းတိုင်ထွန်း
တစ်ယောက်ကိုတစ်ယောက် လွမ်းနေကြရုံပေါ့…

ကံမကုံရင်တော့
ပြန်ဆုံကြသေးတာပေါ့ ကောင်မလေးရာ
အခုတော့ လွမ်းနေကြရုံကလွဲပြီး
ကျန်တာတွေအားလုံး ဈေးကြီးတာမို့
အလွမ်းကမ္ဘာမှာ အလွမ်းကဗျာတွေနဲ့စာဖွဲ့ရင်း
ခေတ်သတင်းကို အလွမ်းခြင်းထဲမှာထည့်ပြီး ပို့လိုက်ပါတယ်
ခေတ်မကောင်းသေးဘူး ကောင်မလေးရယ်….

ခေတ်နေသာ လေပြည်လာတဲ့ တစ်ရက်ကျမှ
ငါတို့ တွေ့ကြတာပေါ့ ကောင်မလေးရေ..။

13 comments:

Anonymous said...

အချစ်အကြောင်း မပြောသေးတာ
ခေတ်မကောင်းသေးလို့ပါကွဲ့ ကောင်မလေးရဲ့….

ခေတ်နေသာ လေပြည်လာတဲ့ တစ်ရက်ကျမှ
ငါတို့ တွေ့ကြတာပေါ့ ကောင်မလေးရေ..။

နိဒါန်း နဲ့ နိဂုံးက မိုက်လှကြီလားး ရှယ်ပဲ ။
အစ်ကိုအငယ်က ရည်းစားစာရေးတော်မယ်ဗျး)

Nyein Chan Aung said...

အချစ်အကြောင်း မပြောသေးတာ
ခေတ်မကောင်းသေးလို့ပါကွဲ့ ကောင်မလေးရဲ့….

အခုလို ခေတ်မျောကြီးထဲမှာ….
ငါတို့ဇာတ်ကို ခေတ္တပြည်ဖုံးကားချ
မိုင်ထောင်ချီဝေးနေကြရတာ ဘာဆန်းတာမှတ်လို့
ခေတ်မလန်းလို့ ငါတို့ဝေးနေကြရတာလို့ပဲ သဘောထား
ကျောသားရင်သားခွဲခြားတဲ့ ခေတ်အတွက်
စိတ်ပျက်မနေပါနဲ့တော့ ကောင်မလေးရေ….

ခေတ်စကားနဲ့ပြောရရင် ကိုဆောင်းကဗျာက တကယ်လန်းတယ်ဗျာ။

Anonymous said...

ကံမကုန်ရင်တော့
ပြန်ဆုံကြသေးတာပေါ့ ကောင်မလေးရာ
အခုတော့ လွမ်းနေကြရုံကလွဲပြီး
ကျန်တာတွေအားလုံး ဈေးကြီးတာမို့
အလွမ်းကမ္ဘာမှာ အလွမ်းကဗျာတွေနဲ့စာဖွဲ့ရင်း
ခေတ်သတင်းကို အလွမ်းခြင်းထဲမှာထည့်ပြီး ပို့လိုက်ပါတယ်
ခေတ်မကောင်းသေးဘူး ကောင်မလေးရယ်….
....................................
....................................
ခေတ်ကောင်းမှ တွေ့ ကြရ မယ်ဆိုရင်..
အချိန်တွေ နှောင်းကုန်လိမ့်မယ်..ကိုဆောင်းယွန်း ရယ်..
ဈေးကြီးပေမဲ့..အတွေးတွေ နီးနေဖို့ က..
အဓိက ပဲ မဟုတ်လား.....း)....
အလွမ်းခြင်းထဲ မှာ..ခေတ်သတင်းပဲ ပါတော့....
ကောင်မလေးကတော့.. ငိုတော့ မယ်.....း)..
အချစ်အကြောင်း..ဆိုတာ
ခေတ်ကောင်းစရာမှ မလို တာ..နော်....
ဘယ်အချိန် ဘယ်အခါ ..ဘယ်စံနစ်မှာ မဆို..
ခေတ်ပျက် ပေမဲ့...အချစ်ငှက်ကလေးတွေ..
တေးသီနိုင် ပါတယ်....
.........................................
ကိုဆောင်းယွန်းရေ....
ပျော်စေချင်လို့ပါ...း)...
........................
လှလှ ပပ ကဗျာလေး...ဖတ်ပြီး ဆွေးနွေးသွားပါတယ်..
..
ခင်တဲ့

မမသီရိ

Anonymous said...

အင်း.. မမသီရိလည်းမှန်တာပဲ..
သားကတော့ဘာမှသိဝူး.. ကဗျာတည်းက ကောင်လေးနဲ့ ကောင်မလေးကို တီနားတွားဒယ်..
ဝေးနေတဲ့ချစ်သူတွေ နီးစပ်ကြပါစေနော်..

ကိုအောင် said...

အကို့ကဗျာကို လာဖတ်သွားပါတယ်။

Kaung Kin Ko said...

ခေတ်မကောင်းတော့ အချစ်ရေးပါ မကောင်းတော့ဘူးး-(

လင်းထက် said...

ကဗျာက လန်းတယ်ဗျာ.. ခေတ်နေကြီး အမြန်သာ ပြီး လေပြည်တွေ အမြန်ဆုံး တိုက်ခတ် ပါတော့...

pandora said...

ဆရာနှင်းခါးမိုးကလည်း....

တတ်နိုင်ရင်
သနတ်မကိုင်ချင်ဘူးကွယ်
အချစ်အကြောင်းကိုတော့
ခေတ်ကောင်းမှပြောတော့မယ်

လို့ ရေးခဲ့တဲ့ ကဗျာလေးကို သတိရသွားတယ်။ http://nykomme.blogspot.com/2007/07/blog-post_28.html

ခေတ်ကြီးက ဘယ်တော့မှ ကောင်းမှာလဲ။ အားလုံးပွင့်လင်းပျော်ရွှင်စွာ တွေ့ကြမယ့်ရက်တွေကို မျှော်လင့်ရင်း .

Yaw Han Aung said...

ဒီလိုခေတ်ကောင်းကိုစောင့်ရင်း ခေတ်ဆွေးကြီးတွေဖြစ်ကုန်ကြတယ်..
အချစ်တွေကတော့ ဟောင်းမသွားဘူးလေ။

လင်းဒီပ said...

ကောင်းပါသည်...
အလွမ်းကလွဲလို့ ကျန်တာအားလုံး ဈေးကြီးတယ်ဗျာ..

Anonymous said...

ဆန္ဒတွေပြည့်ဝပါစေ ကိုဆောင်းယွန်းရေ

ကောင်းကင်ပြာ said...

ဒီမှာလဲခေတ်မကောင်းဘူးးအစ်ကိုရေ

Anonymous said...

အလွမ်းကလဲ ဘယ်ဈေးနည်းပါ့မလဲ အစ်ကိုရယ်...

ရင်းလိုက်ရတဲ့ စိတ်ခံစားချက်ပေါင်းများစွာ...

စိတ်နဲ့ပတ်သက်တာ အကုန်ဖြစ်ရတဲ့ခေတ်မှာ...

အသည်းကွဲနေရတာလဲ..ဖက်ရှင်ပေါ့ အကိုရာ