Saturday, February 7, 2009

”လမ်းရှင်းပေးပါ”
တွန့်လိမ် ကွေ့ကောက်
နေ့ရက်ခြောက်ခြောက်တွေက
နေရောင်ပျောက်သွားတဲ့
အကာလအောက်က
ပိုးစုန်းကြူး မီးတောက်လောက်တောင်
မပြောင်လက်ကြပေတော့ဘူး.....

ရူးသူရူး မူးသူမူး
လဲသူလဲ ကွဲသူကွဲ
ပြိုသူပြို ငိုသူငို
လိမ်သူလိမ် ကျစ်သူကျစ်
ဟစ်သူဟစ် ညစ်သူညစ်ရင်း
အဓွန့်ရှည်ခြင်း နွံအိုင်မှာနစ်
မချစ်လို့ အောင့်မနမ်းနိုင်တဲ့ခါ
လူဟာ ကတ္တရာလမ်းထက် ပြားပြီး
မီးကြီးကြီး တောက်လောင်
ဝမ်းခေါင်းတွေလည်း ပြောင်လက်
အစာအိမ်ကို ပိုးမွှားတစ်ကောင်တစ်လေတောင်
ယောင်ရမ်းပြီး မလျက်ကြတော့ဘူး…

ရေထက် မီးများသွားလို့
မီးတောက်လောင် ပြာကျသွားတဲ့
ကမ်းနားသစ်ပင် တချို့ထက်
ပမ်းဖျားပမ်းနာကို မြိုချ
ကိုယ့်ဈာပန ကိုယ်လှလှပပချသွားသူတွေက
ပိုပြီး တန်ဖိုးရှိကြတာတော့ အမှန်ပဲ….

နိဿရည်းတွေနဲ့ ကြိတ်ပြီး
စိတ်ကြီးဝင်
ကိုယ့်အပင် ကိုယ်သတ်
ကိုယ့်ခြေထောက် ကိုယ်ဖြတ်နေကြလို့
လူတချို့လက်ထဲက မြေပုံအတု တစ်ချပ်
အခု…ဘယ်သူမှ ရင်မခုန်တတ်ကြတော့ဘူး…

ကမ္ဘာငယ် အတုကလေးကိုတောင်
အယောင်ဆောင် မျက်နှာဖုံးတွေတပ်
လုယက်နေလိုက်ကြတာ…
ဒါကြောင့်မို့လည်း…
ပုံပြင်သိပ်ဆန်တဲ့ လူတချို့ရဲ့ ညနေခင်းထဲ
လူငယ်တွေ လမ်းဆင်းမလျှောက်ရဲတာဖြစ်မှာ…

နာဖျားနေတဲ့ မြို့ကလေးကို
လူငယ်တွေရဲ့လက်နဲ့ အသက်ဆက်စေဖို့အတွက်
ရူးသွပ်မှုကို ခြင်ထောင်ထောင်အိပ်သူတို့
ခင်ဗျားတို့ မျက်စိတွေ ယာယီမှိတ်ပေးကြဖို့ တောင်းပန်ပါရစေ..။

11 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ရင်ဘတ်ကြီးနဲ့ဖတ်သွားပါတယ်..

Craton said...

ကမ္ဘာငယ် အတုကလေးကိုတောင်
အယောင်ဆောင် မျက်နှာဖုံးတွေတပ်
လုယက်နေလိုက်ကြတာ…
ဒါကြောင့်မို့လည်း…
ပုံပြင်သိပ်ဆန်တဲ့ လူတချို့ရဲ့ ညနေခင်းထဲ
လူငယ်တွေ လမ်းဆင်းမလျှောက်ရဲတာဖြစ်မှာ…

ဘာပြောရမှန်းမသိအောင်ကို အဓိပ္ပါယ်ရှိလွန်းတယ်း)

မောင်မျိုး said...

ညီတို့လည်း မှောင်ဝါးဝါး လမ်းမှာ
ခလုတ်တိုက်လိုက်
ဆူး စူးလိုက်နဲ့ နာကျင်လှပြီး
လမ်းဖြောင့်ဖြောင့်လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ခေါက်လောက်တော့ လျှောက်ဖူးချင်တယ်ဗျာ။

ဒီကဗျာရဲ့ဆိုလိုရင်းလေးကို အရမ်းကြိုက်တယ် အစ်ကို ။

MANORHARY said...

ဘာပြောရမှန်းမသိတော့ဘူး
ယာယီပဲမှိတ်ခိုင်းထားမယ့်ကဗျာဆရာရဲ့
စိတ်ကလေးကတော့တရားပြည့်ပါပေတယ်။

မမသီရိ said...

လူတချို့လက်ထဲက မြေပုံအတု တစ်ချပ်
အခု…ဘယ်သူမှ ရင်မခုန်တတ်ကြတော့ဘူး…
...............
အင်း...................
ဟုတ်တယ်............

ပျူနိုင်ငံ said...

အကိုကဗျာက ကောင်းတယ်ဗျာ။

အိုင်လွယ်ပန် said...

အစ်ကိုရေ ...
ဘာမှမပြောခဲ့တော့ဘူးဗျာ....
ကြိုက်လွန်းလို့ .............

BLACK DREAM said...

နိဿရည်းတွေနဲ့ ကြိတ်ပြီး
စိတ်ကြီးဝင်
ကိုယ့်အပင် ကိုယ်သတ်
ကိုယ့်ခြေထောက် ကိုယ်ဖြတ်နေကြလို့
လူတချို့လက်ထဲက မြေပုံအတု တစ်ချပ်
အခု…ဘယ်သူမှ ရင်မခုန်တတ်ကြတော့ဘူး…။

ဒီတစ်ကြောင်းကတော့ အတော်တာသွားတယ် အစ်ကိုရေ။ အနုပညာ လက်စောင်းဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်..။

Nyein Chan Aung said...

ကမ္ဘာငယ် အတုကလေးကိုတောင်
အယောင်ဆောင် မျက်နှာဖုံးတွေတပ်
လုယက်နေလိုက်ကြတာ…
ဒါကြောင့်မို့လည်း…
ပုံပြင်သိပ်ဆန်တဲ့ လူတချို့ရဲ့ ညနေခင်းထဲ
လူငယ်တွေ လမ်းဆင်းမလျှောက်ရဲတာဖြစ်မှာ…

နာဖျားနေတဲ့ မြို့ကလေးကို
လူငယ်တွေရဲ့လက်နဲ့ အသက်ဆက်စေဖို့အတွက်
ရူးသွပ်မှုကို ခြင်ထောင်ထောင်အိပ်သူတို့
ခင်ဗျားတို့ မျက်စိတွေ ယာယီမှိတ်ပေးကြဖို့ တောင်းပန်ပါရစေ..။

ဟုတ်တယ် လမ်းရှင်းပေးကြဖို့လိုတယ်။ ကဗျာကောင်းတယ်ဗျာ ကိုဆောင်းရေ။ ကိုဆောင်းသဘောထားကို ခုမှ ပိုသိရတယ်။

Tester said...

အရမ်းကို အဓိပ္ပာယ်ကော စပ်ဆို ထားတာကော အနှစ်သာရ ရှိလှတဲ့ ကဗျာလေး ပါပဲ ကိုဆောင်းယွန်းရေ အဲလို မျိုးလေး တွေ ရေးတတ်ချင်တယ်ဗျာ..

အိန္ဒြာ said...

"ကမ္ဘာငယ် အတုကလေးကိုတောင်
အယောင်ဆောင် မျက်နှာဖုံးတွေတပ်
လုယက်နေလိုက်ကြတာ…
ဒါကြောင့်မို့လည်း…
ပုံပြင်သိပ်ဆန်တဲ့ လူတချို့ရဲ့ ညနေခင်းထဲ
လူငယ်တွေ လမ်းဆင်းမလျှောက်ရဲတာဖြစ်မှာ…"

လူ...ငယ်....တွေ....
လျှောက်ကြဖို့ လမ်းမ...???

ကောင်းလိုက်တဲ့ကဗျာတွေ...

အစ်ကိုရေ...ကဗျာကောင်းတွေကို..
အဖတ်နောက်ကျသွားမိတယ်..
နောက်ကကဗျာတွေရော..အကုန် ခံစားသွားပါတယ်..