Friday, February 27, 2009

”တခါတလေ”
အခင်းအကျင်းက.
အားလုံး ဗလာပါပဲ
နှလုံးသား ဗလာ
ဦးနှောက် ဗလာ
လေဟာနယ်ထဲ ရောက်နေရသလိုပေါ့ဗျာ…

ဒီလို ဗလာဖြစ်နေပုံ
ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်မိ
အရေးပြားကို လက်သည်းနဲ့ ဆိတ်ကြည့်တော့
နာကျင်ခြင်းအသိနဲ့ တည့်တည့်တိုး
အိပ်မက်ထက်ဆိုးတဲ့
လတ်လတ်ဆတ်ဆတ် လက်တွေ့မျိုးပဲပေါ့….

ကိုယ့်စိတ်ကို ထီထိုးကြည့်မိမှ
မှန်ထဲမှာ တွေ့လိုက်ရတဲ့ လူတစ်ယောက်
သိန်းဆုပေါက်ပြီး လက်မှတ်ပျောက်နေခဲ့….။

14 comments:

ယောနသံစင်ရော် said...

သိန်းဆုပေါက်ပြီး လက်မှတ်ပျောက်နေတဲ့သူတွေထဲမှာ တခါတလေ ညီမလည်းတယောက်အပါအဝင်ပေါ့..။

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ကဗျာလေးမိတယ်..း)

MANORHARY said...

ကိုယ်က အဲဒီလက်မှတ်ကို မလိုချင်ဖြစ်နေတယ်
ဘယ်နားသွားထိုးထားးရင်ကောင်းးမလဲ..
ရှိနေလည်းရမယ့်အရာက ကိုယ်မတပ်မက်တဲ့အရာ...
လူမိုက်လို့ခေါ်မလား.

မမသီရိ said...

ကိုဆောင်ယွန်း ရေ
ဘာတွေ ဖြစ်နေလို့ လဲ
နှလုံးသား က ဗလာ သာပြောတယ်..
ကဗျာလေး က လှလို့....း)

Moe Cho Thinn said...

ချိုသင်းလဲ နှလုံးသား ဗလာ ဖြစ်ပြီး ပြန်သွားပြီ..

ကောင်းကင်ကို said...

ကဗျာလေး ဖတ်သွားတယ် အစ်ကို။

အိုင်လွယ်ပန် said...

တစ်ခါတစ်လေပေါ့အစ်ကိုရာ :P
ကဗျာကောင်းတယ်ဗျာ .....

ကောင်းကင်ပြာ said...

တခါတလေ အားလုံးဗလာပဲ အကိုရေ

မောင်မျိုး said...

ထီလက်မှတ် ပျောက်တယ်ဆိုတော့ ရင်ခံစရာကြီး အစ်ကိုရား)

ဗလာ ဖြစ်ရတဲ့ ဘ၀ကလည်းကောင်းပါတယ် တစ်ခါခါ တမ်းတမိတယ်။

Craton said...

အဖြစ်ကမနှစ်ကနဲ့မတူပါလား ဦးဆောင်းရယ်..

မေ့သမီး said...

အစ်ကိုရေ တခါတလေမှာ အရာအားလုံးကို ဗလာပဲလို့ ခံစားမိတဲ့အချိန်တွေအများကြီးရှိတယ်နော်။

ကိုအောင်(ပျူနိုင်ငံ) said...

အကိုပျောက်သွားတဲ့ လက်မှတ်ကို အကို ပြန်တွေ့
နိုင်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်၊ ကဗျာလေးက
အရမ်းကောင်းပါတယ်။

အိန္ဒြာ said...

ကိုယ့်စိတ်ကို ထီထိုးကြည့်မိမှ
မှန်ထဲမှာ တွေ့လိုက်ရတဲ့ လူတစ်ယောက်
သိန်းဆုပေါက်ပြီး လက်မှတ်ပျောက်နေခဲ့….။

ကောင်းတယ်အစ်ကိုရာ...

အိပ်မက်ထက်ဆိုးတဲ့ လက်တွေ့ ဘ၀တွေကနေ...
လွတ်မြောက်ဖို့....ဆုတောင်းကြရုံပဲ...ပေါ့..

Moe Myint Tane said...

အကို ဒီကဗျာက ထိတယ်ဗျာ။

ကိုယ့်စိတ်ကို ထီထိုးကြည့်မိမှ
မှန်ထဲမှာ တွေ့လိုက်ရတဲ့ လူတစ်ယောက်
သိန်းဆုပေါက်ပြီး လက်မှတ်ပျောက်နေခဲ့….။

ဟုတ်တယ်အကို တကယ်ကို လက်မှတ်ပျောက်နေခဲ့တာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်