”+-×÷မလိုတဲ့ သခ်ာၤတစ္ပုဒ္ရဲ့..အေၿဖ”
သေချာတာ တစ်ခုက
တစ်စုံတစ်ခုဟာ
သိပ်ကိုသေချာနေတယ် ဆိုတာပဲ..
နောက်ထပ် သေချာတာ တစ်ခုက
ဘာဆိုဘာမှ မသေချာဘူး ဆိုတာပဲ…
တစ်စုံတစ်ရာက သိပ်ကိုသေချာနေတဲ့ အချိန်မှာ
အရာပေါင်းများစွာက လုံးဝမသေချာဘူး..
စက္ကန့်ပိုင်းရဲ့ အစိတ်အပိုင်းများစွာမှာ
မသေချာတာတွေ အများကြီး ဖြစ်နိုင်သလို
အဲဒီ အခိုက်အတန့်လေးမှာပဲ
သေချာတာတစ်ခုက အချိန်မရွေး ဖြစ်နိုင်တယ်..
သေချာခြင်းနဲ့ မသေချာခြင်းရဲ့ကြား
ဝေဝေဝါးဝါး ဖြစ်နေရခြင်းက
မသေချာမှုများစွာအတွက် ဖြစ်နိုင်ပေမယ့်
သေချာမှုတစ်ခုအတွက်တော့ မဖြစ်နိုင်ပေဘူး…
ဒီတော့
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။
သေချာတာ တစ်ခုက
တစ်စုံတစ်ခုဟာ
သိပ်ကိုသေချာနေတယ် ဆိုတာပဲ..
နောက်ထပ် သေချာတာ တစ်ခုက
ဘာဆိုဘာမှ မသေချာဘူး ဆိုတာပဲ…
တစ်စုံတစ်ရာက သိပ်ကိုသေချာနေတဲ့ အချိန်မှာ
အရာပေါင်းများစွာက လုံးဝမသေချာဘူး..
စက္ကန့်ပိုင်းရဲ့ အစိတ်အပိုင်းများစွာမှာ
မသေချာတာတွေ အများကြီး ဖြစ်နိုင်သလို
အဲဒီ အခိုက်အတန့်လေးမှာပဲ
သေချာတာတစ်ခုက အချိန်မရွေး ဖြစ်နိုင်တယ်..
သေချာခြင်းနဲ့ မသေချာခြင်းရဲ့ကြား
ဝေဝေဝါးဝါး ဖြစ်နေရခြင်းက
မသေချာမှုများစွာအတွက် ဖြစ်နိုင်ပေမယ့်
သေချာမှုတစ်ခုအတွက်တော့ မဖြစ်နိုင်ပေဘူး…
ဒီတော့
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။
24 comments:
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။
......................
ဒါ..ကျမတို့ အမှန်တကယ် လက်တွေ့
ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်ပဲ ..ကိုဆောင်းယွန်းရေ..
...
ထုံးစံ အတိုင် ကိုဆောင်းယွန်း ကဗျာတွေ ကတော့.
အတွေးအခေါ်တွေ ..ယုံကြည့်ချက်တွေ ပြည့်ဝ လို့.
.....
အဆင်ပြေပါစေ နော်..
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။
ကျနော်လည်း နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲ
မသေချာတွေများတော့ သေချာမှုနည်းတဲ့ ခရီးတစ်ခုကိုပဲ မသေချာတာတွေကိုအဖော်ပြုရင်း သေချာမလားရယ်လို့ ဒီနေ့ထိ လျှောက်တုန်းပေါ့ အစ်ကိုရေ့ ။
ဒို့အစ်ကိုရေ..
သေချာခြင်း၊ မသေချာခြင်းတွေကို သေသေချာချာ ဖတ်သွားပါတယ်..း)
လော့ဂျစ်ဆန်တဲ့ကဗျာလေးတပုဒ်..
သေချာခြင်းတခုအတွက် ပြင်ဆင်ထားတတ်ဖို့ ကြိုးစားရဦးမယ်။
တရားတွေကျနေတယ်
သေချာခြင်းတစ်ခုကဘာလဲဆိုတာ မနက်ကပဲ
တွေးနေတာ တိုက်ဆိုင်လိုက်တာများကွာ..ဆိုတာလိုပဲ
ဒီတော့
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။
ဟုတ်ပါတယ် ကဗျာဆရာရေ။ လိုရင်း တိုရှင်း ထိမိတဲ့ ကဗျာတစ်ပုဒ်ပါဗျာ။
“ဒီတော့
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။”
ခုမှပထမဆုံးလာဖြစ်တာပါ ... နောက်ဆုံးအပိုဒ်လေးကောင်းလိုက်တာ ....
ပြင်တော့ပြင်ထားတာပဲ ... သေချာခြင်းတစ်ခုကလဲ မလွဲမသေရောက်လာဦးမှာပဲ ... ခုတော့ မသေချာမှုတွေနဲ့ခရီးဆက်နေတယ် အစ်ကိုရေ ....
nae nae sax tway pe nae nae sax yay parr larr!
mike tel!
ဟုတ်ပါတယ်..
သေချာတာက မသေချာဘူး..အဲဒါအမှန်ပဲ =)
လာဖတ်သွားပါတယ်.. ကောင်းသောနေ့ပါ
သေချာခြင်းတွေဆိုတာ ဂျိုကာဖဲတစ်ချပ်နဲ့တူတယ်.
မသေချာတဲ့ ဖဲချပ်တွေကို
လက်ထဲမှာ ဖြန့်ကစားရင်း
ပွဲသိမ်းခါနီးမှာ
ဂျိုကာကို လိုရာအသုံးချနိုင်ရင်
ဒီဘ၀ဟာ အောင်ပွဲတစ်ခုပဲပေါ့...
ခက်တာက
ဒီကဗျာလည်း ဘယ်လောက်ထိ သေချာနေဦးမယ်မသိတာပဲ.
ဒီတော့လည်း ကိုဆောင်းရေ...
ဟောင်းလောင်းပေါက်နှလုံးသားနဲ့ပဲ
လမင်းကို ဒီည ကျွန်တော်ချောင်းကြည့်မယ်.
(စကားချပ်... လမင်းဆိုတာ ဟိုးးးးးးကောင်းကင်ထက်က လမင်းကို ပြောတာနော်. လူ လမင်းမဟုတ်. တော်ကြာ တရားစွဲခံနေရဦးမယ်.း) )
Y.
သေသေချာချာ နားလည်လား ဆိုတော့..မသေချာဘူး။
း))
ဒီတော့
သေချာမှုတစ်ခုက ကိုယ့်ရှေ့မှောက်ရောက်မလာခင်
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။
အစ်ကိုက မသေချာမှုတွေ အကြောင်းရေးတယ်..
အစ်မ မနော်က သူယောင်နေ့များတဲ့...
အင်း...
ကဗျာကို သေချာ နားလည်လားဆိုတော့ သိပ်မသေချာဘူး...။ သေချာတာ တစ်ခုက နည်းနည်းအူသွားတယ်...။း)
မသေချာခြင်းနဲ့ သေချာခြင်းကြားမှာ သေချာတာနောက်ထပ်တစ်ခုက ခုဖတ်လိုက်မိတာ ကဗျာ ဆိုတာပဲ။ ^-^ အဲဒါနဲ့ပဲ သေသေချာချာ ၃ခေါက်ဆင့် ဖတ်သွားတယ်။ပိုသေချာ သွားအောင်လို့..။ ရှူပ်သွားပြီလား မသိဘူး..အဟီးးးးး
မသေချာမှုတွေအတွက် ခရီးဆက်ရင်း
သေချာခြင်းတစ်ခုတွက် ပြင်ဆင်ထားတတ်ဖို့တော့လိုတယ်။ ။....
သိပ်သေချာတာပေါ့ဗျာ.. ဒါပေမယ့်လည်း...။
တကယ့်ကို လောဂျစ်ဆန်တဲ့ ကဗျာတစ်ပုဒ်ပဲ၊ ကျနော်
ကတော့ အရမ်းကြိုက်တယ်၊ တကယ်ပါ ကိုဆောင်း။
သေချာတာတစ်ခုက
အချိန်မရွေးဖြစ်နိုင်တယ် ....
ပြင်ဆင်ထားတတ်ဖို့တော့လိုတယ် ....
ကောင်းတယ်ကိုဆောင်းယွန်းရေ ......
သေချာတာ...
ဖြစ်ခဲ့ပျက်ခဲ့တာတွေပေါ့ အစ်ကိုရာ...
သိပ်သေချာတယ်...
မသေချာတာက..
မဖြစ်တော့မပျက်တော့ပါဘူးဆိုတာ.တွေ..
သေချာတာ..ဘာကိုမှမယုံကြည်နိုင်ဘူး..
မသေချာတာက ..............
အစ်ကို့ကဗျာကပေးတဲ့ အတွေးစတွေ....
တွေးလက်စနဲ့ပြန်သွားခဲ့ပါပြီ..
မသေချာမှုတွေနဲ့ခရီးဆက်နေရတယ်အကိုရေ
ကျွန်တော်တို့ဟာ အဲဒီ့မသေချာမှုတွေကိုဘဲ အသေအချာဖမ်းဆုပ်နေကြတယ်အကို။
အတွေးပါတဲ့ ကဗျာတွေဟာ စိတ်အဆာကို ပြေစေတာပေါ့အကို။
အကို့ ကဗျာတွေဖတ်ရတာ အတွေးတွေ အများကြီးရတယ်။
အကို့ ကဗျာကောင်းတွေကို မျှော်နေပါတယ် အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
သေချာတာကတော့ မသေချာသေးဘူးဆိုတာပဲ..
ပေါက်သွားတယ်အကိုရေ..
ကောင်းတယ်ဗျာ..
ခင်မင်လေးစားလျက်
မိုးကြယ်
မူးသွားပြီ ။ ဘယ်လိုတွေးပြီး ဘယ်လိုရေးလိုက်တာလဲ ။
သေချာတာတစ်ခုတော့ရှိတယ် ။ ---------------- ။ အဲဒါပဲ ။ :P
အကိုရေးတာတွေအမှန်ပဲဗျ...
သေချာမှုနဲ့မသေချာမှုတွေအတွက်....
ဘာတွေပဲလာလာခံနိုင်ရည်ရှိဖို့လိုတယ်.....
အကိုရေးတာတွေအမှန်ပဲဗျ...
သေချာမှုနဲ့မသေချာမှုတွေအတွက်....
ဘာတွေပဲလာလာခံနိုင်ရည်ရှိဖို့လိုတယ်.....
သေချာခြင်းတစ်ခုအတွက် ပြင်ဆင်ထားဖို့လိုတယ်....
သေချာခြင်းတွေဟာ မကြာမှီ တို့ရှေ့ရောက်လာတော့မယ်....
အဲဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားကြဘို့လိုတယ်....။
Post a Comment