”ကဗျာသီချင်းတပုဒ်နဲ့ စာရင်းရှုပ်ကြည့်ခြင်း”
စိတ်ကို ကြိုးတပ်ရင်း သံစဉ်ညှိ
သီချင်းတပုဒ် တီးခတ်ကြည့်လိုက်ပါ…
ထွက်ကျလာတဲ့ ကဗျာတပုဒ်
ဘာသာဗေဒတူရင်
တချို့က ပွဲထုတ်ကြတယ်…
ဘာသာဗေဒ မတူရင်
တချို့က ဆွဲစုတ်ကြတယ်…
တကယ်တော့…
ကဗျာတပုဒ်က
သူ့အလုပ် သူလုပ်ရင်း
သူ့သီချင်း သူဆိုနေတာ…
တီးခတ်သူ အလိုကျ
ထွက်ကျလာတဲ့ အဲဒီဂီတမှာ
မြင်တတ်သူ ရပြီး
ပြုံးကြ ပျော်ကြ
ကြည်နူးကြ ဝမ်းသာကြ
မဲ့ကြ ငိုကြ
ပူဆွေးကြ ဝမ်းနည်းကြ
အားတက်ကြ အားပြတ်ကြ
သောကဖြစ်ကြ ဒေါသဖြစ်ရ
စိတ်ညစ်ကြ အိပ်ပစ်မရ…
ပရိဒေဝ ဖျောက်လိုသူတွေက
အဲဒီ ဂီတကို စိတ်နဲ့သောက်ကြပြီး
ပရိဒေဝ တောက်လိုသူတွေက
အဲဒီ ဂီတကို ကိုယ်ရောင်ဖျောက်
ကိုယ့်အဆိပ် ကိုယ်သောက်ကြလေရဲ့…
ကန့်သတ်ချက်မရှိတဲ့
ကဗျာတပုဒ်အတွက်
တွေးထုတ်
ကြည့် သိ မြင် ခံစားတတ်ရင်
သူဟာ သစ်တပင်ဖြစ်သလို
ငှက်တသောင်း နားနိုင်ကောင်းရဲ့
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက်ကတော့
ကဗျာတပုဒ်ဟာ
မဆလာထုပ်တဲ့ စာရွက်စုတ်မျှသာ…။ ။
လမ်းကလေးရေ
4 weeks ago
17 comments:
အကိုဆောင်းယွန်း...
ကဗျာတစ်ပုဒ်များ သေသွားခဲ့ရင်ပေါ့.......
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေ အတွက်ကတော့...
"နာရေး" လို့ မည်မယ်မထင်ပါဘူး
သူတို့အတွက် သေချာတာက
အဲ့ဒီနေ့ဟာ "အောင်ပွဲနေ့"...
with love....
ကောင်းလှချည်လားအစ်ကိုရာ ....
ထွက်ကျလာတဲ့ ကဗျာတပုဒ်
ဘာသာဗေဒတူရင်
တချို့က ပွဲထုတ်ကြတယ်…
ဘာသာဗေဒ မတူရင်
တချို့က ဆွဲစုတ်ကြတယ်…
တကယ်တော့…
ကဗျာတပုဒ်က
သူ့အလုပ် သူလုပ်ရင်း
သူ့သီချင်း သူဆိုနေတာ…
သိပ်မှန်တဲ့ စကားလုံးတွေပါပဲ ကိုဆောင်း။ တစ်ယောက်နဲ့ တစ်ယေက် ခံစားချက်ခြင်း၊ အကြိုက်ချင်းတော့ မတူကြပါဘူး။
ိလိုရင်းကို ကွက်တိ အပိုအလို မရှိ ရေးစပ်နိုင်တာ လေးစားပါတယ်ဗျာ။
ကဗျာထဲက စကားလုံးတွေဟာ အရမ်းမှန်ပါတယ်၊
လိုရင်းကို ကွတ်တိပါပဲ။ အားပေးလျက်ပါ ကိုဆောင်းရေ။
မဆလာထုပ်တဲ့ စာရွက်စုတ် တဲ့။ သဘောကျလိုက်တာ။ အနည်းဆုံး မဆလာနံ့လေးတော့ မွှေးသေးတာပဲလို့ မျက်ကန်းတွေ မထင်ဘူးလား မသိ။ :)
ဒီကဗျာ ကြိုက်တယ်...
ပရိဒေဝ ဖျောက်လိုသူတွေက
အဲဒီ ဂီတကို စိတ်နဲ့သောက်ကြပြီး
ပရိဒေဝ တောက်လိုသူတွေက
အဲဒီ ဂီတကို ကိုယ်ရောင်ဖျောက်
ကိုယ့်အဆိပ် ကိုယ်သောက်ကြလေရဲ့…
ကောင်းတယ် အစ်ကိုရေ...
ကန့်သတ်ချက်မရှိတဲ့
ကဗျာတပုဒ်အတွက်
တွေးထုတ်
ကြည့် သိ မြင် ခံစားတတ်ရင်
သူဟာ သစ်တပင်ဖြစ်သလို
ငှက်တသောင်း နားနိုင်ကောင်းရဲ့
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက်ကတော့
ကဗျာတပုဒ်ဟာ
မဆလာထုပ်တဲ့ စာရွက်စုတ်မျှသာ…။ ။
.......................
အရမ်းကောင်းတာပဲ .. ကိုဆောင်းယွန်း ရဲ့
....
ပြီးတော့ စိတ်ညစ်သွာတယ်..း(
ကျမ ကဗျာတွေ ဘယ်သူ များ မဆလာ ထုပ်လိုက်ပြီလဲ လို့...း)
ကဗျာ ဆိုတာကို သိပ်မသိပေမယ့် ခံစားတတ်လာပြီးမို့ တစ္ဆေကိုကြောက်တယ် အစ်ကို ဒါကြောင့် မာဆလာထုတ်တဲ့ စာရွတ်စုတ်လို့မထင်ဘူး သူကတန်ဖိုးကြီးတဲ့ စာရွက်လေးပါ ။
အကိုရေ ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။
ကဗျာဆရာတွေနဲ့ တည်ဆောက်တဲ့ကမ္ဘာရောက်ရင် အဲဒီ့မျက်ကန်းတွေ တစ္ဆေကြောက်စေရမယ် အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကောင်းလွန်းတယ် အစ်ကိုရာ။
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက်ကတော့
ကဗျာတပုဒ်ဟာ
မဆလာထုပ်တဲ့ စာရွက်စုတ်မျှသာ…တဲ့လား
ကောင်းလိုက်တာ
မိုးမြင့်တိမ်ပြောတဲ့ကမ္ဘာရောက်ရင်တော့
ကမဝါဖတ်သံတွေဆူညံနေမလားပဲနော်...
ကဗျာကောင်းလေး လာဖတ်တယ်အကို၊
ကိုဆောင်းရေ ကဗျာလေးက ထိမိတယ်ဗျို့။ ကြိုက်တယ်.........။
ကဗျာကို ကဗျာလို ဖတ်သွားတယ် ကိုဆောင်း ။း)
That's Right!!
Not Left :P :D
အရမ်းကောင်းတယ်
Post a Comment