”နွေမှာတေးဆို ခွပ်ဒေါင်းပျို”
လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ကျနော်နေတဲ့ အင်ဒီယာနာပြည်နယ်
ဖော့ဝိန်းမြို့ကို ရောက်နေတဲ့ အဖွဲ့တဖွဲ့က ပြည်သူချစ်တဲ့ ညီလေးတယောက်
ရင်ထဲကပွင့်ထွက်လာတဲ့ ကဗျာလေးတပုဒ်ပါ။ သူ့ရင်ထဲက ခံစားချက်တွေကို
သူ့ကိုချစ်တဲ့ ပရိဿတ်တွေလည်း သူနဲ့အတူ တထပ်တည်းခံစားစေချင်တာမို့
အခုလို ကျနော့်ဘလော့ပေါ်မှာ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အရောင်စုံ လင်းချေပြီ
ခွပ်ဒေါင်းကြီးလည်း တရေးနိုးလေပြီ
ကျနော်တို့အကတွေ တိုက်ပွဲဝင်မည်
မမောပါနဲ့ကွယ် ခွပ်ဒေါင်းကြီးရယ်
ဆက်ပါဦးကွယ် အရောင်လေးများရယ်..
ခွပ်ဒေါင်းကြီးလည်း မမောပါစေနဲ့ဦး
အရောင်များတို့လည်း လှပေးကြပါဦး
ဘာဖြစ်လို့လည်းဆိုတော့…
ကျနော် သိပ်ချစ်တဲ့ အမိမြေကြီးကိုလေ
မနှောင်းစေချင်ဘူး
မဟောင်းစေချင်ဘူး
မပြောင်းစေချင်ဘူး
တကောင်း အမွေတွေထူး
ကျနော်တကယ်…မနှောင်းစေချင်ဘူးကွယ်…
မမောပါနဲ့ကွယ်
ခွပ်ဒေါင်းကြီးရယ် တိုက်ပါဦးကွယ်
အရောင်လေးများရယ်
ကျနော်တို့ သွေးမအေးချင်သေးလို့
အလှထွင်ကာရယ် ကချင်ပါတယ်..
ဘယ့်နှယ့်လဲဗျာ ခွပ်ဒေါင်းကြီးရာ
ပျော်စေချင်လို့ အားလုံးကို ကစေချင်တာ
မြန်မာအလှ မြန်မာအကမို့ပါ
အားလုံးကို ကစေချင်တာ
အကုန်ပျော်ရအောင်
ကျနော်တို့ကသလောက် ကပေါ့ဗျာ…
ထမင်းစားရင်လည်း ကဖို့ပြင်ကာ
ဘုရားရှိခိုးလည်း ဆုတောင်းတဲ့ အကပါ
မြန်မာတပြည်လုံး ကကြဖို့ရာ
ကျနော်တို့အတွက် အရေးမဟာ
အရောင်တွေစုံစွာကရင်
ခွပ်ဒေါင်းကြီးက သိပ်လှမှာ…။
လက်သီး (T4T)
လမ်းကလေးရေ
5 weeks ago
10 comments:
ဒို့အစ်ကိုရေ..
ခွပ်ဒေါင်းကြီး ကို လာရောက်ခံစားသွားပါတယ်..
ခါတိုင်းလို ရင်ဘတ်ကြီးနဲ့ပဲပေါ့..း)
ကပါ ကပါ ခွပ်ဒေါင်းရာ မောတဲ့အခါ...? မသိတော့ဘူးဗျာ
သီးလေးသီးထဲမှာ လက်သီးတော့ မကြားဖူးသေးဘူး။ မီးသီးပဲ သိတယ်။ :)
ဖတ်သွားပါတယ်။
ကဗျာ ခံစားသွားတယ် အစ်ကို ........
ခံစားမိပါတယ် အစ်ကို
မျှဝေ ခံစားသွားပါတယ် အကိုရေ။
သီးလေးသီးထဲက လက်သီးကဗျာက ရင်ထဲက ထွက်ကျလာမှန်း သိသာတယ်၊ သူပြောသလို အရောင်တွေစုံလင်တဲ့ ခွပ်ဒေါင်းကြီး အမြန်ဆုံး ပြန်ကနိုင်ပါစေဗျာ။
ခွပ်ဒေါင်းကြီး ပြန်ကနိုင်ဖို့အားလုံးလည်း မျှော်လင့်နေကြပါတယ်။
ဖို့ဝိန်းမှာ သီးလေးသီးကို အားပေးတာ ၀က်ဝက်ကွဲ ဆိုပဲ။ ၀မ်းသာလိုက်တာ။ သူတို့လဲ အတော် အားရှိသွားမယ်။
Post a Comment