”ဘလော့ဂါ ညီလေးတယောက်နဲ့ မိတ်ဆက်ပေးပါရစေ”
သူနဲ့ကျနော် သိခဲ့ကြတာ ၁၃နှစ်လောက်ရှိပြီလို့ ထင်ပါတယ်။ ကျနော်တို့နှစ်ယောက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတွေ့ခဲ့ကြပြီး ရင်းနှီးလာခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ၁၃နှစ်
လောက်က သူရောကျနော်ပါ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဖြစ်တဲ့ ကျောင်းသားတပ်မတော်ကနေ
ထွက်လာခဲ့ကြပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယောင်ချာချာ ဒုက္ခသည်ဘဝနဲ့
ခေတ္တအခြေချခဲ့ကြပါတယ်။
ဒီလိုနဲ့ သူက မနီလွိုင် ကျောင်းသားဒုက္ခသည်စခန်းထဲကို ကျနော့်ထက်အရင်
ဝင်သွားခဲ့ပြီး တတိယနိုင်ငံတခုကိုထွက်ဖို့ ကြိုးစားနေချိန်မှာ ကျနော်ကတော့
ဘန်ကောက်မှာ ကျောင်းတက်ရင်းကျန်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်ကုန်ခါနီးလောက်မှာ
ကျနော်လည်း မနီလွိုင်စခန်းထဲကို ကျနော့်မိသားစုနဲ့ အတူဝင်လာခဲ့ပါတယ်။
ကျနော်တို့ မနီလွိုင်စခန်းမှာ နှစ်ဝတ်ကျော်ကျော်နီးပါးလောက်ပြန်တွေ့
ခဲ့ကြရပြီး ကျနော်ကတော့ သူနဲ့သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ကျနော့်ရဲ့အကိုကြီး
ကဗျာဆရာကိုအောင်ပွင့်ရဲ့သား မောင်ကြီးငြိမ်းချမ်းတို့ နှိပ်စက်တဲ့ဒဏ်ကို
မကြာခဏဆိုသလို ခံခဲ့ရပါတယ်။ သူတို့က ကိုယ့်ထက် ငယ်ကြတဲ့သူတွေဆိုတော့
ကျနော့်ကို အကိုကြီးတယောက်လို သဘောထားပြီး နှိပ်စက်ကြ တာဖြစ်မှာပါ။
ကျနော်တို့ တယောက်နဲ့တယောက် ရင်းနှီးခဲ့ကြကတည်းက တယောက်ရဲ့ ဝါသနာနဲ့
အရည်အချင်းတွေကို တယောက်ကသိရှိနားလည်ခဲ့ကြပြီးသားပါ။ ဒါကြောင့် အခု
ကျနော်မိတ်ဆက်ပေးမယ့် ကျနော့်ရဲ့ညီတယောက် ကဗျာတွေရေးနေတယ်
ဘလော့လေးတခု စလုပ်နေတယ်ဆိုတာကို သိရတော့ ကျနော့်အတွက် ထူးထူး
ခြားခြား အံ့သြလောက်စရာ ဘာမှ မရှိခဲ့ပါဘူး။ သူက ကျောင်းသားတပ်မတော်မှာ
တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလကတည်းက ”ချိုကြီး”ဆိုတဲ့ ကလောင်အမည်နဲ့
ဒေါင်းအိုးဝေမှာ ကဗျာတွေရေးခဲ့ဖူးတာပါ။
အခု ကျနော့်ညီလေးက သူ့ရဲ့ကဗျာတွေကို ”မိုးမြင့်အောင်” ဆိုတဲ့ ကလောင်အမည်နဲ့
ရေးပြီး ဘလော့လေးတခုကို စပြီးမွေးဖွားပေးလိုက်ပါပြီ။ သူ့ရဲ့ ဘလော့အမည်ကိုလည်း
”မိုးမြင့်အောင်” လို့ပဲ ပေးထားပါတယ်။ ကဗျာမြတ်နိုးတဲ့ ကဗျာချစ်သူ ညီအကိုမောင်နှမ
အားလုံးကို ကျနော့်ညီလေး ”မိုးမြင့်အောင်”ရဲ့ဘလော့မှာ သူ့ရဲ့ ရဲရဲရင့်ရင့် နူနူရွရွ
ကဗျာလှလှလေးတွေက စောင့်မျှော်နေကြပါလိမ့်မယ်။
အဆင်ပြေရင် http://moemyintaung.blogspot.com/ ကို
သွားရောက်အားပေးနိုင်ကြပါတယ်။ ကဲ…အားပေးလိုက်ကြပါဦးဗျာ။
လမ်းကလေးရေ
3 weeks ago
8 comments:
ဒို့အစ်ကိုရေ..
အခုပဲ သွားလိုက်ပါမယ်..း)
သွားလိုက်မယ် အစ်ကိုကြီးေ၇့း)
သွားပီးမှ အကို့ဆီ ပြန်လာတယ်
သွားလိုက်မယ် အကိုရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ရောက်ပြီးကြောင်း သတင်းလာ ပို့တာပါ။
ရောက်သွားတယ် ကိုဆောင်းယွန်းရေ ..........
ဒိုးလိုက်ဦးမယ် အစ်ကိုကြီးရေ့...၊ပြန်လာခဲ့မယ်နော်..:)
သွားလည်လိုက်အုံးမယ် ကိုဆောင်း၊ အသိပေးတာ
ကျေးဇူးပါ။
Post a Comment