”မျိုးတုန်းစေသော အပေါင်းလက္ခဏာများအကြောင်း”
တနေ့သောအခါ…ငါ
ဂဏန်းသချာင်္တပုဒ်ရဲ့
အဖြေကိုရှာဖွေတွေ့မိ
စိတ်မှာ ပီတိဖြစ်သွားမိပါတယ်
၁+၁=၂
သို့မဟုတ် သုံး လေး ငါးထက်ပိုများတဲ့
ရလာဒ်အဖြေကို တွေ့သွားခဲ့လို့…
တနေ့မှာ…ငါ
အဲဒီ ဂဏန်းသချာင်္ရဲ့ အဖြေကို
ပြန်လည်ဆန်းစစ်မိရင်း
စိတ်ထဲမှာ ကျဉ်းကျပ်နောက်ကျိ
၁+၁=၂
ထို့နောက်…..
၂+စစ်=သုံည
သို့မဟုတ် မျိုးတုန်းစေသော
လောဘ ဒေါသ မောဟများနှင့်
ကပ်ဆိုက်တွားသွားနေသော ကမ္ဘာ….။
Thursday, April 16, 2009
Posted by ဆောင်းယွန်းလ at 9:14 PM
Subscribe to:
Post Comments (Atom)
6 comments:
၂+စစ်=သုံည
အကိုရေ..
ပျော်ရွှင်ချမ်းမြေ့နိုင်စွမ်းသော..နှစ်သစ်ဖြစ်ပါစေ..
သုညရမှတော့ ဘယ်သူပျော်နိုင်ပါ့မလဲ ကိုဆောင်းရာ.. သုညတွေ မလိုချင်တော့ပါဘူး။ များနေပြီ..
အပေါင်းလက္ခဏာတွေက
ခေါင်းတော်တော်စားစေပါလားနော်.............
စစ်ပွဲတွေကတော့ နိုင်လည်းရူံး၊ ရှူံးလည်းရှူံးပါပဲ ကိုဆောင်းရေ..။ ဒါပေမဲ့ လိုအပ်ချက်အရ စစ်ပွဲတွေကတော့ ရှိနေဦးမှာပါပဲ။ အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါ။
် မျိုးတုန်းစေသော
လောဘ ဒေါသ မောဟများနှင့်
ကပ်ဆိုက်တွားသွားနေသော ကမ္ဘာ
လောဘကြောင့် ကမ္ဘာကြီးလည်း အရုပ်ဆိုးနေတာကြာပေါ့ ။
Post a Comment