Saturday, May 23, 2009

”ဖဝါးနဲ့နာနေရတဲ့ တရားတွေအကြောင်း”

အကြောင်းရှိမှ အကျိုးဖြစ်တယ်ဆိုပဲ
အကြောင်းမဲ့ အကျိုးဖြစ်ထွန်းနေပုံများ
တရားကျဖို့ပဲကောင်းတော့တယ်
မြေနိမ့်ရာမှာချည့် ပစ်စိုက်နေကြတဲ့လှံတွေ
ဗီတာမင်အပင်တွေသာဆိုရင်
ရေနဲ့နေမမြင်ရပဲနဲ့တောင် ကြီးထွားနိုင်တယ်
ဘယ်လိုသတ္တလောကမျိုးပါလိမ့်….

သိမ်သိမ်မွေ့မွေ့ဆက်ဆံတော့
နောက်ကျောကို ဓားနဲ့ထိုးပြီး
ရင့်ရင့်သီးသီးဆက်ဆံပြန်တော့
လူမိုက်သားရမ်းကားလို့ ဝေဖန်တယ်
တွန့်လိန်ကောက်ကွေးနေတဲ့ လောက
တရားကျစရာပဲကောင်းလှတော့တယ်…

နောက်ကျောကဓားကို
လူမသိအောင် ဆွဲနှုတ်ပြီး
ဝေဖန်ရေးစကားလုံးတွေကို
သည်းခြေကြိုက် ခြုံထည်နဲ့ဖုံးအုပ်လိုက်တော့
”သိပ်ဟုတ်တဲ့လူ”ဆိုပဲ
ပွဲလည်တင့်လိုက်ပုံများ
ဒီတခါတော့ တရားမကျမိတော့ဘူး
အားပါးတရပဲ
ဝါးလုံးကွဲအော်ဟစ် ရယ်မောပစ်လိုက်မိတော့တယ်…။

9 comments:

အိန္ဒြာ said...

ရယ်ပစ်လိုက် အကို..

သိမ်သိမ်မွေ့မွေ့ဆက်ဆံတော့
နောက်ကျောကို ဓားနဲ့ထိုးပြီး
ရင့်ရင့်သီးသီးဆက်ဆံပြန်တော့
လူမိုက်သားရမ်းကားလို့ ဝေဖန်တယ်
တွန့်လိန်ကောက်ကွေးနေတဲ့ လောက
တရားကျစရာပဲကောင်းလှတော့တယ်…

မိုက်တယ်ဗျာ

မြူးသျှရီ said...

ကောင်းလိုက်တာ
လာဖတ်တယ်အကိုရေးးး
သိပ်နားမလည်ပေမယ့်
နားလည်တဲ့နေရာတွေကြိုက်တယ်
ကျေးဇူးပါ

ကောင်းကင်ပြာ said...

အကို့ ကဗျာတွေက အရမ်း ကောင်းလွန်းပီး အမှန်ဆုံးတွေ ဖြစ်နေတော့ တခါတလေ ကွန့်မန့် ကို မရေးနိုင်ဘူး၊ ကိုရေးလိုက်လို့ ကဗျာရဲ့ အနှစ်သာရလေးပျောက်မှာ စိုးတယ်၊

အိုင်လွယ်ပန် said...

ရယ်ပစ်ရပြီလားအစ်ကိုရာ ....
များခဲ့ပေါ့ .......
ကဗျာကောင်းတယ်ဗျာ ....

Nyein Chan Aung said...

ကဗျာကောင်းတယ်ကိုဆောင်း။ ကျနော်ကျောင်းရောက်နေလို့ အင်တာနက်သုံးရတာရော၊ အချိန်ရော အရင်လို မလွယ်တော့ဘူး ဖြစ်နေလို့။

မယ့်ကိုး said...

ဝေဖန်ရေးစကားလုံးတွေကို
သည်းခြေကြိုက် ခြုံထည်နဲ့ဖုံးအုပ်လိုက်တော့
”သိပ်ဟုတ်တဲ့လူ”ဆိုပဲ

ကဗျာလေး ကောင်းလွန်းရဲ့ နော်။

စိတ်စမ်းရေ said...

အော်လို့သာ ရယ်လိုက်ချင်ရဲ့
ကဗျာလေးကို ကြိုက်တယ်အကိုရာ....

ဆည်းဆာသံစဉ် said...

ဒီကဗျာက တော်တော်လေးကို ကောင်းလွန်းနေတယ် အကိုရာ....ကဗျာလေးဖတ်ပြီး မှန်လွန်းနေတော့ တော်တော်ကြိုက်ပါတယ်..။ အဆင်ပြေ ပျော်ရွှင်ပါစေ အကို....လေးစားခင်မင်လျှက်...

မင်းအိမ်ဖြူ Minn Eain Phyu said...

လာရောက်ခံစားသွားပါ၏...

"သိမ်သိမ်မွေ့မွေ့ဆက်ဆံတော့
နောက်ကျောကို ဓားနဲ့ထိုးပြီး
ရင့်ရင့်သီးသီးဆက်ဆံပြန်တော့
လူမိုက်သားရမ်းကားလို့ ဝေဖန်တယ်"