”အမြင့်ဆုံးကိုပစ်လွှတ်လိုက်မိတဲ့..စိတ်တွေ”
ခြစ်ကုတ်ရုန်းထပြီး
အကျယ်လောင်ဆုံး အသံတွေကို
အလင်းလက်ဆုံး မီးအိမ်တခုအဖြစ်
ထွန်းညှိလိုက်ကြရအောင်…
သင့်ရဲ့သဲတပွင့်နဲ့ ကျုပ်ရဲ့သဲတပွင့်ပေါင်းပြီးရင်
အုပ်ကောင်းတချပ်ဖြစ်လာမှာ သေချာပါတယ်…
နေသာသလို နေနိုင်သူတွေရဲ့အကြောင်းကို
ခေါင်းထဲက အပြီးထုတ်ပစ်လိုက်ကြတာပေါ့
ဖော့ပြီးတွေးရင် ကြာရင်လေးလံလာမယ်
လေးလေးနက်နက်တွေးပြီး
နက်နက်နဲနဲရေးရမယ့် သမိုင်းစာအုပ်မှာ
ခင်ဗျားနဲ့ကျုပ်ရဲ့ အသက်ကိုယမ်းငွေ့ပြာပုံပေါ်မှာထပ်
ပေးဆပ်သင့်တာထက် ပိုပြီးပေးဆပ်ကြရမယ်….
ကယ်တင်ရှင်ရဲ့ လက်နှစ်ဖက်ဟာ
သင်နဲ့ကျုပ်ရဲ့ ပခုံးတွေအောက်မှာပေါက်နေခဲ့ပြီးသား
လျှောက်ပါများလို့ မရောက်တဲ့ခရီးရောရှိဖူးလို့လား
အနီးအဝေးကိုတော့
ခင်ဗျားနဲ့ကျုပ်ရဲ့ စိုက်ထုတ်မှုကသာ အဖြေပေးမှာပေါ့….
ခရီးမဆုံးမချင်းတော့
ခင်ဗျားနဲ့ကျုပ်ရဲ့ ခြေထောက်တွေ
တာဝန်ကျေမှာမဟုတ်သေးဘူး
အခု..ခင်ဗျားလက်တွေ ဘာလုပ်နေသလဲ
လက်ညှိုးကွေးပြီး မောင်းခလုတ်ကိုဖြုတ်ရင်ဖြုတ်
လက်သီးဆုပ်ပြီး လက်မောင်းတွေလေထဲမှာတန်းရင်တန်း
ကျုပ်ကတော့.
နှလုံးသားစက်ခလုတ်ကို
သံယောဇဉ် လက်ချောင်းတွေနဲ့ကုတ်ပြီး
အနာဂတ်တခုကိုတောင်းဆိုဖို့ မောင်းဖြုတ်လိုက်တယ်….။
Monday, May 18, 2009
Posted by ဆောင်းယွန်းလ at 6:47 PM
Subscribe to:
Post Comments (Atom)
5 comments:
ရဲရင့်တဲ့ ကဗျာလေးပါပဲ...။ ကိုယ်ကို ကိုယ်တော့ တာဝန်မကျေသလို ခံစားမိစေပါတယ်.....။
ကယ်တင်ရှင်ရဲ့ လက်နှစ်ဖက်ဟာ
သင်နဲ့ကျုပ်ရဲ့ ပခုံးတွေအောက်မှာပေါက်နေခဲ့ပြီးသား
ကယ်တင်ရှင်ရဲ့ လက်နှစ်ဖက်ဟာ
သင်နဲ့ကျုပ်ရဲ့ ပခုံးတွေအောက်မှာပေါက်နေခဲ့ပြီးသား
ကယ်တင်ရှင်ရဲ့ လက်နှစ်ဖက်ဟာ
သင်နဲ့ကျုပ်ရဲ့ ပခုံးတွေအောက်မှာပေါက်နေခဲ့ပြီးသား
ကြက်သီးတောင် ထမိတယ် အစ်ကိုရယ်...။ အိုင်းစတိုင်းရဲ့ သီအိုရီအရဆို ကျွန်တော် တို့ရဲ့စိတ်ဓာတ်တွေ တစ်ကယ်လို့သာ အလင်းရဲ့လျှင်မြန်မှု မျိုးနဲ့ ညီညွတ်...မှန်ကန်စွာ... လျှင်မြန်ကြမယ်ဆိုရင်...။ ခရီးက ကြုံသွားမှာပါ...။
နှလုံးသားစက်ခလုတ်ကို
သံယောဇဉ် လက်ချောင်းတွေနဲ့ကုတ်ပြီး
အနာဂတ်တခုကိုတောင်းဆိုဖို့ မောင်းဖြုတ်လိုက်တယ်….။
ကဗျာဆရာလက်ကတော့ ရေးလိုက်တိုင်း
အနှစ်တွေချည်းပဲ
နယူတန်ဟာ တတိယနိယာမကို မတွေ့ရှိဘဲ ကဗျာတစ်ပုဒ်သာဖတ်နေခဲ့မယ်ဆိုရင် အေးချမ်းမယ်လို့ကျွန်တော်ထင်တယ်။ အခုတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုတွေ ကြီးစိုးတဲ့ခေတ်လေ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီကဗျာလေးတော့ကြိုက်တယ်။ရဲရဲတောက်ဘဲ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment