Friday, June 19, 2009

“နောက်ဆုံးကျည်တတောင့်”
ကြက်သားဝယ်မစားနိုင်လို့

ကြွက်ဖမ်းစားနေရတာမဆန်းဘူး
နောင်မှဖြစ်လာမယ့် ဝမ်းရောဂါထက်
လောလောလတ်လတ် ဝမ်းရောဂါကပိုဆိုးနေလို့
အသားဓာတ်ကလေးရဖို့အရေး
မြောင်းကြိုမြောင်းကြားနဲ့ လမ်းဘေးမှာ
အမှိုက်ပုံကြိုကြားနဲ့ မီးဖိုချောင်ထဲမှာ
ကြွက်တွေလမ်းသလားနေတာကိုပဲ ကျေးဇူးတင်ရဦးမယ်…

ရပ်ထဲရွာထဲက လူမြင်ကွင်းတွေပေါ်မှာ
ခွေးလေခွေးလွင့်တွေတောင်
ခြင်္သေ့ယောင်ဆောင်
လူတွေကို ဟိန်းဟောက်ရန်စောင်နေတယ်ဆိုပဲ
ဒါဆို တကြုတ်ကြုတ်ဆာလောင်နေတဲ့ဝမ်းရေးအတွက်
ကြွက်တွေကို ဘေးမဲ့ပေးပြီး
ခွေးလေခွေးလွင့်တွေကိုပဲ အမဲဖျက်လိုက်ကြရအောင်…

ကဲ…အဲဒီခွေးတွေနောင်ဘယ်တော့မှမဟောင်နိုင်အောင်
ထောင်နေတဲ့ လက်ညှိုးတွေကိုရိုက်ချိုး
ငြှိမ့်နေတဲ့ ခေါင်းတွေကိုဆွဲခါ
လမ်းဆုံးရင်ရောက်မယ့် ရွာတရွာအတွက်
နောက်ဆုံးကျန်နေတဲ့ ကျည်တတောင့်ကိုတော့
သက်စောင့်ကျည်မဖြစ်မိစေကြနဲ့………။

6 comments:

မမသီရိ said...

ရဲရင့် တဲ့ ကဗျာ

Anonymous said...

ဒီကဗျာလေးကြိုက်တယ်ဗျို့ ..........

mie nge

အိုင်လွယ်ပန် said...

တစ်ဘဝစာလုံး
ခါးသီးမှုဆိုတာ ကို
နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့နောက်
နောက်ဆုံးကျည်ဆိုတာဟာ
သက်စောင့်ဖို့ မလိုအပ်တော့ပါပေါ့ ... အစ်ကိုရာ

Banyarshein said...

ရပ်ထဲရွာထဲက လူမြင်ကွင်းတွေပေါ်မှာ
ခွေးလေခွေးလွင့်တွေတောင်
ခြင်္သေ့ယောင်ဆောင်
လူတွေကို ဟိန်းဟောက်ရန်စောင်နေတယ်ဆိုပဲ

ကောင်းလိုက်တဲ့ ကဗျာ . . .
ဟုတ်တယ် အဲဒီကျည်က သိမ်းထားလို့ မဖြစ်တော့တဲ့ ကြည့် ဆွဲထုတ်ပြီး တိုက်ထုတ်ပစ်ရမှာပဲလေ

mgngal said...

လုပ်လိုက်စမ်းပါ ။

kyalkalay said...

မာန်ပါတယ်ဗျာ
ဖတ်ရတာအားရတယ်