Tuesday, July 14, 2009

“ကိုယ့်ကိုယ်ကိုမေးကြည့်လိုက်ကြ”
အသုဘတရားရှုနေရုံနဲ့
နှိဗ္မာန်ရောက်ကြောင်းတရားမရနိုင်ဘူး
မြင်အောင်ကြည့်တတ်မှ အသိတရားကိုတွေ့မယ်
”အိုရှိုး”နဲ့မတွေ့ခင်ကအထိ
ကိုယ့်ကိုယ်ကို မှန်ထဲခဏခဏကြည့်ဖြစ်တယ်
ဒီကနေ့
မှန်မကြည့်ဖြစ်ပဲ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိသွားတဲ့အခါ
ကိုယ်ဟာ ဘာဆိုဘာမှမဟုတ်တော့ဘူး…

ဘာဘာညာညာဖြစ်ချင်တဲ့ အကောင်တွေက
အိမ်အောက်မှာတောင် ဥမင်လှိုဏ်ခေါင်းတူးပြီး
မြေအောက်ရထားကြီးစီးဦးမယ်ဆိုပဲ
တတ်လည်းတတ်နိုင်ပါပေ့
ဟေ့...မြေမပြိုဘူးလို့ ဘယ်သူပြောနိုင်မလဲ
အိုရှိုးကိုမေးကြည့်ဖို့တော့ မစဉ်းစားကြနဲ့
သူက ၁၉၉၀ခုနှစ်ကတည်းက ငြိမ်သက်သွားခဲ့ပြီးပြီ….။

3 comments:

မမသီရိ said...

တကယ်တော့
ကျမတို့အားလုံးဟာ
ဧည့်သည်တွေပါ ကိုဆောင်ယွန်း

မြေအောက်မှာလိုဏ်ခေါင်းတူးနေသူတွေလဲ
ဧည့်သည်တွေပါပဲ

ကိုအောင် said...

ကဗျာလာဖတ် အကို။ အရာရာ အဆင်ပြေပါစေ။

အိန္ဒြာ said...

အကို..

အကုသိုလ်တွေ အတွက် ပြေးစရာပြေမရှိပါဘူး..

ဘယ်သူသိသိ မသိသိ ကိုယ့် လိပ်ပြာကိုယ်သိနေသရွေ့
ညတွေမှာ အိပ်ရေးဘယ်ဝနိုင်ကြပါ့မလဲ အကိုရယ်..