”နာရီတွေမနည်းခင်”
ရိုမန်းတစ်ဆန်ဆန်နေထိုင်ဖို့အတွက်
နံရံမှာကပ်ထားတဲ့နာရီက
ကိုယ့်ဘက်ကိုတခါမှစောင်းငဲ့မကြည့်သလို
ကိုယ်ကလည်း သူ့ကိုပေလယကံလို့ပဲသဘောထားတယ်
ဘုရားကျောင်းကနာရီ
လက်မှာပတ်ထားတဲ့နာရီ
မှန်လုံသေတ္တာထဲက သံပတ်ပေးထားတဲ့နာရီ
ဟိုင်းဝေးလမ်းမပေါ်ကနာရီ
ပင္လယ္ကူးသေဘာၤေပၚကနာရီ
ရန်ကုန်မြို့လယ်ခေါင်ကနာရီ
နယူးယောက်ကနာရီ
အမ်စတာဒမ်ကနာရီ
ဒါမှမဟုတ်ရင် မြောက်ဝင်ရိုးစွန်းတန်းကနာရီ
အားလုံးအတူတူပဲ
ဘယ်နာရီပေါ်မှာပဲ မျက်နှာသစ်သစ်
ပန်းသီးတလုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက်
ဖောင်းပွစာမျက်နှာတွေမလိုဘူး
ဖောင်းကြွစာလုံးလှလှတွေလည်းမလိုဘူး
ဖိတ်စာနဲ့စာချုပ်တွေပေါ်က လက်မှတ်ဆိုတာ
မလိုအပ်တော့တဲ့အချိန်ကျရင်
သတိလည်းမမူ ဂူလည်းမမြင်တတ်တဲ့အရာတွေမျိုး
ကိုယ်ကတော့ နှလုံးသားပေါ်မှာအပ်နဲ့စုပ်ထိုး
ပန်းတခင်းပဲပျိုးထားလိုက်တယ်
တသီးပုဂ္ဂလချမ်းသာဖို့ထက်
ကမ္ဘာမြေကြီးရဲ့သတင်းကျန်းမာဖို့က အရေးကြီးပါတယ်ချစ်သူ
အိန်ဂျယ်လီနာနဲ့ဘရတ်ပစ်လို ကလေးတွေမွေးစားစရာလည်းမလိုပါဘူး
အချိန်တွေသိပ်မနည်းသေးခင်မှာ
နာရီတွေထဲကကိုယ်နဲ့မင်း
ကမ္ဘာမြေကြီးရဲ့ ကျန်းမာခြင်းသတင်းအတွက်
လမ်းတခုခင်းလိုက်ကြစို့ကွဲ့ချစ်သူရဲ့………….။
လမ်းကလေးရေ
1 day ago
8 comments:
တသီးပုဂ္ဂလချမ်းသာဖို့ထက်
ကမ္ဘာမြေကြီးရဲ့သတင်းကျန်းမာဖို့က အရေးကြီးပါတယ်ချစ်သူ
ကိုဆောင်းရေ.. ရေးအားကောင်းတယ်ဗျာ။ ရေးနိုင်တုန်းရေးသာထားဗျာ။ အစဉ်အားပေးလျှက်ပါ..
ပန်းသီးတလုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက်
ဖောင်းပွစာမျက်နှာတွေမလိုဘူး...
ကြိုက်တယ်။
ဒီလို ချစ်ခြင်းမေတ္တာဖွဲ့ ကဗျာလေးတွေ များများဖွဲ့ ပါဦး.... :)
ကိုဆောင်းယွန်းလ
ဘယ်ကချစ်သူအတွက် ဖွဲ့ထားပြန်ပြီလဲ။
NM ဖတ်မိရင်တော့ ဒုက္ခရောက်တော့မှာပဲ။
ကမ္ဘာမြေကြီးရဲ့ ကျန်းမာခြင်းသတင်းအတွက်
လမ်းတခုခင်းလိုက်ကြဖို့ ပဲ လိုတယ် ။ ကဗျာလေး သဘောကျ သဗျာ ။
ကဗျာလာဖတ်သွားတယ် ကိုဆောင်း။
ရိုးရိုးလေးနဲ့ကောင်းတယ်အစ်ကိုရေ
ကောင်းတယ် အကိုရေးထားတာလေးက
အချစ်အကြောင်းတွေရော လောကပါလ
တရားအကြောင်း တွေကိုပါ ရေးသားသွားတာ
နှစ်သက်မိတယ် ခင်ဗျ...
နာရီတွေထဲက ကိုယ်နဲ့မင်း
ကမ္ဘာမြေကြီးရဲ့ ကျန်းမာခြင်း သတင်းအတွက်
လမ်းတခု ခင်းဖို့ ကြိုးစားလိုက်ဦးမယ် အကို
Post a Comment