Sunday, August 2, 2009

”အချိန်ကပေးလာခဲ့တဲ့တရား”

လေလို လွင့်ခဲ့ဖူးသလို
မြေလိုလည်း ကျင့်ခဲ့ဖူးတယ်….

တဘဝလုံးကိုခင်းပြီး
ရင်းနှီးမှုရေးရာ စာမျက်နှာကို
ချွေးထွက်အောင် လှန်လှောခဲ့ဖူးပါရဲ့
ဒီလိုနဲ့ အရာရာအားလုံးကို
နည်းနည်းနဲ့ကျဲကျဲဝိုင်းတတ်လာခဲ့ပေါ့…

စိတ်ဆိုတဲ့အမျိုး
ပုံစံခွက်ထဲမှာ ဘယ်လောက်ကြာကြာများ
ဆေးဆိုးခံနိုင်မှာမို့လဲ
အကြောင်းကြောင်းကြောင့်
လွန်ဆွဲခဲ့ရတာတွေရှိသလို
စွန်လိုဝဲခဲ့ဖူးတာတွေလည်းရှိခဲ့ပါတယ်…

လောကသားတွေရင်ခုန်တဲ့
၃၁ဘုံမှာ ဟိုလိုလိုဒီလိုလိုပါပဲ
ရုံခါချိန်ထိ ခင်တွယ်နေမိဦးမှာတော့အမှန်
အတ္တလက်ကျန်လို့တော့ဆိုရမလားပဲ
မိုးထဲ လေထဲ
သက္ကရာဇ်တွေကို ခိုရင်းတွဲရင်း
လက်ကျန်အချိန်တွေနဲ့ စစ်မက်ခင်းနေမိပေါ့…။

6 comments:

tin min htet said...

လေလို လွင့်ခဲ့ဖူးသလို
မြေလိုလည်း ကျင့်ခဲ့ဖူးတယ် .. ဆိုတာ သိပ်လှတယ်။

မမသီရိ said...

လောကသားတွေရင်ခုန်တဲ့
၃၁ဘုံမှာ ဟိုလိုလိုဒီလိုလိုပါပဲ
ရုံခါချိန်ထိ ခင်တွယ်နေမိဦးမှာတော့အမှန်
...
ဒိထက်မှန်ကန်တဲ့ အမြင်တွေ မရှိနိုင်တော့ဘူး

ကျမတို့ လူတွေ ဖြစ်နေတာကိုး နော်

mgngal said...

မပြီးဆုံးနိုင်သ၍တော့ ဆက်လျှောက်ရဦးမှာပေါ့ဗျာ ။ ကဗျာဖတ်ပြီး ကိုဆောင်းပြတဲ့ တရား နာကြားသွားတယ်ဗျ ။ ကောင်းသောနေ့ ပါ။

အိန္ဒြာ said...

လေလို လွင့်ခဲ့ဖူးသလို
မြေလိုလည်း ကျင့်ခဲ့ဖူးတယ်….

သဘောကျသွားတယ် အကိုရေ

ကိုအောင် said...

အကို့ရဲ့ ကဗျာနှစ်ပုဒ်လုံးကို သေသေချာချာ ဖတ်သွား
ပါတယ်။ အားပေးလျက်ပါ ကိုဆောင်း။

ATN said...

ကောင်းတယ်... ဆိုတာ ထက်ပိုပြီး... ဘာပြောရဦးမလဲ...း)