Wednesday, August 26, 2009

”အိပ်မက်အလွန် တဘူတာ”

ကိုယ်တိုင်က ခရီးပြင်းကြောင်းထွင်သူဖြစ်ခဲ့ရသလို
ကိယ်တိုင်ပဲ စီးနင်းမောင်းနှင်သူလည်းဖြစ်ခဲ့ရတယ်…

ပထဝီအနေအထား သမိုင်းကျောထောက်နောက်ခံနဲ့
တယောက်ချင်းစီရဲ့ မျိုးစေ့ဗီဇစိတ်အလှတွေအပေါ်တည်မှီရင်း
ခရီးကပြင်းခဲ့တခါ နာခဲ့တချီ ပြာချီတလှည့်
စိတ်နဲ့နဲ့ လူယဲ့ယဲ့ ကိုယ့်အသက်ကိုယ်မနဲပြန်ကဲ့ယူနေရခဲ့တဲ့အခါ
ရောင်စုံကြားဘူတာတွေရဲ့ တံတားအထပ်ထပ်ကိုဖြတ်တိုင်း
နိုးလျက်မက်မိနေရတဲ့ အိပ်မက်တွေက
ခရမ်းလွန်နွေဦးပေါက်လို အထိုင်းထိုင်းအမှိုင်းမှိုင်း
အပြိုင်းပြိုင်းအရိုင်းရိုင်းနဲ့ စိတ်တွေပေါ်လဲပြို
လူကိုဘိုင်းကနဲ လဲသေနိုင်လောက်အောင်ဆိုး
အက်ဆစ်မိုးတွေရွာ နျူကလီးယားဆောင်းနှင်းတွေပွင့်….

အိပ်မက်ကိုလည်း အိပ်မက်ထဲနေတံခါးဖွင့်စေချင်လှပါပြီ….

လတ်မှတ်ဖြတ်ထားခဲ့တဲ့ ခရီးကတော့
ကိုယ်တိုင်ဘယ်ထိသွားရမယ်မှန်းမသိခဲ့ရတဲ့ ခရီးပါ
အလွယ်ဆုံးနာမည်တခုပေးရမယ်ဆိုရင်
လမ်းဆုံးဘူတာဟာ
ဝေဒနာတွေရဲ့ပြင်ပဘူတာ လူညာတွေနဲ့ဝေးရာအရပ်
တရားနဲပြီး စကားမစဲတဲ့လူတွေနဲ့ဝေးရာ ငြိမ်းချမ်းရေးရွာပေါ့…..

အိပ်မက်အလွန်တဘူတာမှာ လူညာတွေမစုကြေး
တူရာတွေအခုရွေးကြရအောင်လား…………။

မှတ်ချက်။ ။ ”ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုး၊ နျူကလီးယားဆောင်း” တို့သည် ဆရာမြသန်းတင့်၏ ဘာသာပြန်စကားလုံးများသာဖြစ်ပါသည်။

12 comments:

Anonymous said...

ငြိမ်းချမ်းရေးရွာကို လာရောက်မျှော်မှန်းသွာပါတယ် ကိုဆောင်း။ တရားနဲပြီး စကားမစဲတဲ့လူတွေနဲ့ဝေးပြီဆိုရင် ကျုပ်တို့ရောက်ပြီလို့ စိတ်ချ ယုံကြည်တယ်....
လေးစားစွာဖြင့်
ကျော်နိုင်

မမသီရိ said...

အဲဒီ ဘူတာ မြန်မြန်ရောက်ချင်ပါပြီ ကိုဆောင်းယွန်း

မိုးစက်အိမ် said...

အိပ်မက်အလွန်တဘူတာမှာ လူညာတွေမစုကြေး
တူရာတွေအခုရွေးကြရအောင်လား…………။
အဆုံးသတ်က အထိဆုံးဘဲ အစ်ကိုရေ ...
”ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုး၊ နျူကလီးယားဆောင်း”
ဆိုတဲ. ဆရာမြသန်းတင်. စားသားတွေ လည်းမှတ်သား
သွားပါတယ်ဗျာ ...

Anonymous said...

လမ်းဆုံဘူတာ...
တရားနဲပြီး...ငြိမ်းချမ်းရေးရွာကိုအမြန်ရောက်ပါစေတော့

ရည်မွန်(ငြိမ်းချမ်းရေးလိုလားသူတစ်ဦး)

MANORHARY said...

အိပ်မက်အလွန်တစ်ဘူတာမှာ...........
..............................

လေပြေ said...

ပထဝီအနေအထား သမိုင်းကျောထောက်နောက်ခံနဲ့
တယောက်ချင်းစီရဲ့ မျိုးစေ့ဗီဇစိတ်အလှတွေအပေါ်တည်မှီရင်း
ခရီးကပြင်းခဲ့တခါ နာခဲ့တချီ ပြာချီတလှည့်
စိတ်နဲ့နဲ့ လူယဲ့ယဲ့ ကိုယ့်အသက်ကိုယ်မနဲပြန်ကဲ့ယူနေရခဲ့တဲ့အခါ
ရောင်စုံကြားဘူတာတွေရဲ့ တံတားအထပ်ထပ်ကိုဖြတ်တိုင်း
နိုးလျက်မက်မိနေရတဲ့ အိပ်မက်တွေက
ခရမ်းလွန်နွေဦးပေါက်လို အထိုင်းထိုင်းအမှိုင်းမှိုင်း
အပြိုင်းပြိုင်းအရိုင်းရိုင်းနဲ့ စိတ်တွေပေါ်လဲပြို
လူကိုဘိုင်းကနဲ လဲသေနိုင်လောက်အောင်ဆိုး
အက်ဆစ်မိုးတွေရွာ နျူကလီးယားဆောင်းနှင်းတွေပွင့်….
အိပ်မက်ကိုလည်း အိပ်မက်ထဲနေတံခါးဖွင့်စေချင်လှပါပြီ….

ကိုဆောင်ယွန်းရေ...စာလုံးအသုံးလေးတွေကိုအရမ်း
သဘောကျတယ်ဗျာ။ကွန်မကောင်းလို့ မရောက်တာကြာ
သွားတယ်...နောက်လည်းကဗျာတွေဆက်ရေးနိုင်ပါစေ
လို့ ကျနော်မေတ္တာပို့ သလိုက်ပါတယ်အစ်ကိုရေ.....

emayarKhin said...

အဓိပ္ပါယ်ရှိရှိနဲ့
လှပသေသပ်နေတဲ့
အိမ်မက်အလွန်တဘူတာကို
နှစ်ခြိုက်ပါကြောင်း...ကိုဆောင်းယွန်းရေ.....

Nge Naing said...

”အိပ်မက်အလွန်တဘူတာမှာ လူညာတွေမစုကြေး
တူရာတွေအခုရွေးကြရအောင်လား”
ဆိုတော့ တူရာရွေးဖို့ အစီစဉ် တိတိကျကျ သိရင်တော့ ပါမှာပေါ့။

ကိုအောင် said...

ကဗျာလာဖတ်တယ် အကို၊ ကဗျာထဲက စာသားတွေ
ခံစားသွားပါတယ်၊ အားပေးလျက် ...။

အိန္ဒြာ said...

အိပ်မက်အလွန်တဘူတာမှာ လူညာတွေမစုကြေး
တူရာတွေအခုရွေးကြရအောင်လား…

အကိုရေ..

ခံစားချက်တွေ မျှယူသွားပါတယ်...။

အိုင်လွယ်ပန် said...

အိပ်မက်တံခါးတွေ အမြန်ဆုံးပွင့်နိုင်ပါစေ
ငါ့အစ်ကိုရေ .......

မြစ်ကျိုးအင်း said...

တူရာဘက်မှာရှိနေမှာပါ အိမ်မက်အလွန်တဘူတာကို မျှော်လင့်မိတယ်.။