”အသစ်နဲ့အဟောင်းထဲမှာ အစစ်ကို လှန်လှောရှာဖွေခြင်း (၂)”
ငါတို့ကိုယ်တွေက…
ဆယ်ပိုင်းလောက်သေနေရပြီး
ငါတို့စိတ်တွေက…
အပိုင်းပိုင်းသေနေကြတဲ့အခါ
ဘာကိုကြည့်ကြည့် အမြင်တွေမရှိခဲ့….
ဒီလိုနဲ့…
ငါတို့ကိုယ်နဲ့စိတ်ကို ဖြတ်မောင်းသွားခဲ့တဲ့
နာရီပေါင်းများစွာမှာ
ဘာကိုဖြစ်လို့ဖြစ်ရမှန်းမသိခဲ့တဲ့ သူတွေဟာ
လူလူသူသူမဖြစ်ခဲ့တဲ့ ကမ္ဘာမှာ
ကိုယ့်ကိုကိုယ် ညာမှန်းမသိညာနေခဲ့ရ..
မကြာခင်ပြန်လာခဲ့မယ်ဆိုတဲ့ စကားနဲ့
မုသာဝါဒများအပေါ် ပျားရည်သုတ်လိမ်း
ဇာတိနဲ့ ခပ်စိမ်းစိမ်းနေခဲ့ရတဲ့ နှစ်တွေမှာ
ကိုယ့်ဒဏ်ရာကိုယ် အခါခါပြန်မြိုချနေရရင်းက
အနာဂတ်ဆိုတဲ့ ပင်လယ်ဝကိုလည်း
ငါတို့..တခေါက်တလေမျှ အလည်မရောက်နိုင်ခဲ့ကြသေး…
ပစ္စုပ္ပန်ဈေးခင်းမှာ
ငါတို့ကိုယ်ကိုငါတို့ ရောင်းချနေခဲ့ကြရရင်း
အသက်ကို ခပ်မျှဉ်းမျှဉ်းသာရှုနိုင်ခဲ့ကြ..
အတိတ်မုန့်လုံးကို စက္ကူအခါခါကပ်
သေတတ်ဖို့ နေတတ်ခဲ့ရသူတွေမှာ
ဘဝကို
ကံမျက်လှည့်ဆရာရဲ့ လက်ထဲထိုးအပ်
အရာရာကို ဖာသိဖာသာနေတတ်ဖို့ ကြိုးစားနေခဲ့ကြရ…
ဒီလိုနေထိုင်ကြီးပြင်းမှုတွေနဲ့ပဲ
သေမင်းခံတွင်းဝ
ငါတို့ ခုန်ချရတော့မှာလား
ဟင့်အင်း….
ကိုယ့်ချဉ်ခြင်းအတွက်
ကျန်ရှိနေသေးတဲ့ နာရီတွေကို
ကိုယ့်ဘက်ဆွဲလှည့်ပြီး
ပစ္စုပ္ပန်ကို တည့်တည့်လျှောက်
အနာဂတ်တခုကိုတော့ တည့်တည့်ရောက်ကြရအောင်….။
(ကိုမင်းကိုနိုင် အသက်၄၇နှစ်မြောက်မွေးနေ့အတွက် အမှတ်တရရေးဖွဲ့သော ကဗျာ)
Sunday, October 18, 2009
Posted by ဆောင်းယွန်းလ at 1:52 PM
Subscribe to:
Post Comments (Atom)
9 comments:
အတိတ်မုန့်လုံးကို စက္ကူအခါခါကပ်
သေတတ်ဖို့ နေတတ်ခဲ့ရသူတွေမှာ
ဘဝကို
ကံမျက်လှည့်ဆရာရဲ့ လက်ထဲထိုးအပ်
အရာရာကို ဖာသိဖာသာနေတတ်ဖို့ ကြိုးစားနေခဲ့ကြရ…
ကိုယ့်ဇာတာ ကိုမပိုင်တာ . . . အရာရာကို ကံကြိုးဆွဲရာ ကနေရတဲ့ အခြေအနေလောက် စိတ်ဓာတ်ကျတာ ဘာမှမရှိဘူး . . . ကိုယ့်အတွက် ရွေးချယ်ပိုင်ခွင့်မရှိဘူး ကြိုးစားပိုင်ခွင့် မရှိခဲ့ဘူး . . . . . ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ
အကို့ရဲ့ ကဗျာလေးကို ဖတ်ရင်း လွတ်လပ်မှုအတွက် စတေးနေရတဲ့ ဘ၀ပေါင်းများစွားအတွက် မျက်ရည်ဝဲသွားတယ် အကို။
ဒီလိုနေထိုင် ကြီးပြင်းမှုတွေနဲ့ပဲ အဝေးတနေရာက ဘ၀တွေ ပြီးဆုံးတော့မှာလား။ မဖြစ်နိုင်ပါဘူးနော်။
ခင်မင်လေးစားလျှက်
ကျန်နေသေးတဲ့နာရီတွေမှာ ကိုယ့်အနာဂါတ်ကို ကိုယ်ပိုင်ချင်ကြတယ်။။။။
ရေရာတဲ့ ဘ၀ရပ်တည်မှုလည်း ဖြစ်ချင်တယ်....။
မတရားဖိနှိပ်ဖမ်းဆီးခံရတဲ့ ကျောင်းသားခေါင်းဆောင် နိင်ငံ ခေါင်းဆောင်တွေလည်း လွတ်မြောက်စေချင်တယ်
ခင်မင်လေးစားလျက်
ညီငယ်
ဟုတ်ကဲ့….
ဟုတ်ကဲ့..
ကိုယ့်ချဉ်ခြင်းအတွက်
ကျန်ရှိနေသေးတဲ့ နာရီတွေကို
ကိုယ့်ဘက်ဆွဲလှည့်ပြီး
ပစ္စုပ္ပန်ကို တည့်တည့်လျှောက်
အနာဂတ်တခုကိုတော့ တည့်တည့်ရောက်ကြရအောင်….။
ကိုမင်းကိုနိုင်အတွက် အမှတ်တရရေးဖွဲ့ထားတဲ့ အကို့
ကဗျာကို ဖတ်ရူသွားပါတယ် ကိုဆောင်း၊
“မကြာခင်ပြန်လာခဲ့မယ်ဆိုတဲ့ စကားနဲ့
မုသာဝါဒများအပေါ် ပျားရည်သုတ်လိမ်း
ဇာတိနဲ့ ခပ်စိမ်းစိမ်းနေခဲ့ရတဲ့ နှစ်တွေမှာ
ကိုယ့်ဒဏ်ရာကိုယ် အခါခါပြန်မြိုချနေရရင်းက”
ဆိုတဲ့ စာသားတွေ အရမ်းကောင်းတယ် အကို။
တကယ်ကို အမှတ်တရတစ်ခုပါပဲ။
လေးစားပါတယ် အကို။
ဒီလိုရေးဖွဲ့နိုင်တဲ့ စိတ်ကူးကိုလဲ ဂုဏ်ပြုပါတယ်။
ကဗျာ ဖတ်သွားတယ် အစ်ကို ..
မော တယ် ..။
ခံစားရတယ်...
ဒီလိုနေထိုင်ကြီးပြင်းမှုတွေနဲ့ပဲ
သေမင်းခံတွင်းဝ
ငါတို့ ခုန်ချရတော့မှာလား
ဟင့်အင်း….
ကိုယ့်ချဉ်ခြင်းအတွက်
ကျန်ရှိနေသေးတဲ့ နာရီတွေကို
ကိုယ့်ဘက်ဆွဲလှည့်ပြီး
ပစ္စုပ္ပန်ကို တည့်တည့်လျှောက်
အနာဂတ်တခုကိုတော့ တည့်တည့်ရောက်ကြရအောင်….။
တကယ်မှတ်သားစရာ စာသားလေးတွေအတွက် ကျေးဇူးပါကိုကြီး...လေးစားခင်မင်အားပေးလျှက်..။
Post a Comment