”စိတ်၏ညောင်းညာမှုအား ဓာတ်လိုက်ခံရခြင်း”
တခါတခါ
အားလုံးနဲ့ ပျောက်နေခဲ့ရတယ်…
ငါ့ခေါင်ကို ထီးလိုမိုးပေးထားတဲ့
နှင်းပွင့် ဖြူလွလွတွေကိုတောင်
မေ့ချင်ယောင်ဆောင်ထားရတဲ့ နေ့ညတွေမှာ
တကယ်တော့ ဆောင်းဆိုတာလည်း
ငါ့အတွက်တော့ ကန္တာရထဲက နွေတခုလိုပါပဲ…
မကြာမကြာ
ငါနဲ့ငါ ပျောက်နေခဲ့ရတယ်…
နောက်ကျောမှာ ငြိနေတဲ့ ဓားတွေကို
ဆွဲနှုတ်ဖို့ မကြိုးစားမိတော့သလို
ဦးနှောက်မှာ ရှုပ်နေတဲ့ အဘိဓမ္မာစာအုပ်ကိုလည်း
ဆွဲစုတ်ဖို့ မကြိုးစားမိတော့ပါဘူး
ငတ်နေတဲ့ ကြမ္မာကို
ဘယ်သူ ငါးစာချမလဲဆိုတဲ့ အသိနဲ့
ကြည့်နိုင်မယ့်မျက်စိ ငါ့ရင်ဘတ်ထဲ မရှိတော့သလို
ပျက်နေတဲ့ ကမ္ဘာကို
ဘယ်သူပြင်နိုင်မလဲဆိုတဲ့ အကြောင်း
တွေးတောဖို့ ခေါင်းလည်း ငါ့ရင်ဘတ်ထဲ မရှိတော့ပါဘူး…
တခါတခါ
ငါနဲ့ငါ ပျောက်နေရခြင်းအကြောင်းနဲ့
မကြာမကြာ
အားလုံးနဲ့ငါ ပျောက်နေရတဲ့အကြောင်းကို
ခါးညောင်းနေတဲ့ ကမ္ဘာကြီးကသာ
ခပ်ကောင်းကောင်း သိနိုင်လိမ့်မယ် ထင်ပါရဲ့….။
Friday, January 15, 2010
Posted by ဆောင်းယွန်းလ at 5:55 PM
Subscribe to:
Post Comments (Atom)
9 comments:
နောက်ကျောမှာ ငြိနေတဲ့ ဓားတွေကို
ဆွဲနှုတ်ဖို့ မကြိုးစားမိတော့သလို
ဦးနှောက်မှာ ရှုပ်နေတဲ့ အဘိဓမ္မာစာအုပ်ကိုလည်း
ဆွဲစုတ်ဖို့ မကြိုးစားမိတော့ပါဘူး
ကောင်းလိုက်တဲ့ စကားလုံလေးအကို
ဒီကဗျာလေး ရေးနေနိုင်သေးတာကိုက
အလုံးစုံ မပျောက်သေးဘူး ထင်ရတာပဲ
ကိုဆောင်ယွန်းရေ
ကဗျာအနေနဲ့ကတော့
ထုံးစံအတိုင်းအင်ပြည့်အားပြည့်ပါပဲ
ကိုချိုတူးရေ.
ပျော်စရာကဗျာတွေ ပြိုင်တူရွတ်ရတဲ့နေ့ကို.မျှော်လင့်ရင်း.
တကယ်ကို ကိုယ့် ကိုကိုယ်ပြန်သိနိုင်မဲ့ အချိန်ကို တမ်းတပါတယ် ကိုဆောင်းယွန်းရေ....
အကိုရေ......... ကဗျာလေးတွေ မဖတ်ရတာ ကြာပြီနော်။ ရေးလိုက်တိုင်း ခံစားချက်တွေနဲ့မို့ ထိမိတဲ့ စာကားလုံးတွေနဲ့ ဖတ်ရတဲ့သူကို ကျေနပ်စေပါတယ်။
ခင်မင်လေးစားလျှက်
ပျောက်ဆုံးနေသူထဲမှာ ကိုယ်တိုင်လည်းပါလို့ ဒီကဗျာလေး အရမ်းကြိုက်တယ်။ စာပိုဒ်တိုင်းက ကိုယ့်အဖြစ်နဲ့ တိုက်ဆိုင်နေသလိုပဲ။
တော်သေးတာပေါ့ဗျာ .. ကဗျာပါ ပျောက်မသွားလို့။
ကိုဆောင်ရေ...
ထုံးစံအတိုင်းပဲ စာလုံးတိုင်းကို ကြိုက်တယ်အစ်ကို...။ အကြောင်းအရာကိုလည်း... ကိုယ်နဲ့နှိုင်းပြီး ခံစားသွားတယ်...။
ဟုတ်တယ်အစ်ကို... တစ်ခါတစ်လေတော့လည်း ကိုယ်တိုင်ပျောက်ဆုံးနေသလိုခံစားမိရတယ်ဗျာ...။
ခင်မင်လေးစားတဲ့
ဏီလင်းညို
မကြာမကြာ..
ငါနဲ့ ငါ ပျောက်ဆုံးနေခဲ့တယ်..
း(
ဘာမှကို မပြောချင်တော့တာ..။
Post a Comment