Wednesday, February 3, 2010

”၄၁နှစ်တာဖတ်စာရဲ့ ခေါင်းကြီးပိုင်းတနေရာက ခေါင်းစဉ်”

မနေ့ကအထိ စဉ်းစားတွေးခေါ်နေမိတဲ့
အကြောင်းတကာ့ အကြောင်းအရာတွေထဲမှာ
ကလေးအတွေး တွေးဖို့အတွက်
ဖြူစင်ဝင်းပ မနက်ခင်းလှလှတွေကို
အရွယ်က ကြိုးမိန့်ချခဲ့တဲ့အကြောင်းပါသလို
လမ်းမတချို့ပေါ်က လူငယ်ဘဝကို
အချိန်က အနုကြမ်းစီးလို့
ဇရာက စစ်ကြေငြာထားပြီးခဲ့တဲ့အကြောင်းလည်းပါတယ်……

အဲဒီ ဇရာစစ်တပ်ကြီးက
သူ့ရဲ့ အင်ပါယာကို ချဲ့ထွင်ဖို့အတွက်
မင်းညီမင်းသားပေါင်း ၉၆ပါးနဲ့အတူ
ခန္ဒာကိုယ်ပေါ်က လူလတ်ပိုင်း ဒေသတချို့ကို
ရောင်စုံပရိယာယ်တွေနဲ့ နယ်ချဲ့ယူဖို့ ကြိုးစားနေတဲ့အကြောင်းပါသလို....

ကံကြမ္မာ ကမ်းလွန်ပင်လယ်ဒေသနဲ့
စစ်ပြေငြိမ်းရေး ဆွေးနွေးဖို့အတွက်
ငြိမ်းချမ်းရေးအလံဖြူကို ထောင်ပြထားခဲ့ပါလျှက်က
ဧည့်ဆိုးအမည်ခံ အသေခံဗုံးခွဲတပ်သားတွေက
ဘဝတောင်တန်းဒေသကို အလုံးအရင်းချီတက်လာကြပြီး
စိတ်ရဲ့ ကောင်းကင်ကြီးကို မီးရှို့ဗုံးခွဲ
လူကို ပက်လက်လဲအောင်တွန်းချဖို့ ကြိုးစားနေကြတဲ့အကြောင်းလည်း
တနေ့တာဖတ်စာရဲ့ ခေါင်းကြီးပိုင်းတချို့အဖြစ် ပါဝင်နေခဲ့ပြန်တယ်….

ဒီကနေ့ရဲ့ စိတ်ပြတင်းကို ဖွင့်ကြည့်လိုက်မိတော့.
နှင်းအပြည့် ပစ်တင်ခုတ်မောင်းလာတဲ့
ဖေဖော်ဝါရီ ရထားအသစ်တစင်းက
ကုမ်ရာသီရဲ့ အချက်ပြ ဥသြဆွဲသံကိုပေးပြီး
ကျနော့် ဘူတာအိုလေးရှေ့ကို ဆိုက်ရောက်လာတာတွေ့ရတယ်…

အဝေးက အဖေနဲ့အမေတို့ရေ..
ဟောဒီ. ၄၁နှစ်ပြည့်ခဲ့ခြင်းရဲ့ မှတ်တမ်းထဲမှာတော့
ကျနော့်ရဲ့ အမှတ်တရလွမ်းစရာ ငဝန်မြစ်ကမ်းလေး
ဘယ်သူပြန်ပေးမလဲဆိုတဲ့ ခေါင်းစဉ်တခုကိုပဲ
ခပ်ငေးငေး ထိုင်ရေးနေမိတော့တယ်ဗျာ…။ ။

21 comments:

ကိုအောင် said...

အကိုဆောင်းယွန်းလ အသက်(၄၁)နှစ်မှသည် အသက်ရာကျော် ရှည်ပြီး ဖြစ်ချင်တဲ့ ဆန္ဒမှန်သမျှ ပြည်စုံပါစေလို့ ဆုတောင်းပါတယ်၊ မိသားစုနဲ့အတူ ပျော်ရွှင်စရာအပေါင်း ပြည့်စုံပါစေလို့လည်း ဆန္ဒပြုပါတယ် ..
ခင်မင်လျက်

အိန္ဒြာ said...

ပျော်ရွှင်ချမ်းမြေ့နိုင်တဲ့ မွေးနေ့ဖြစ်ပါစေ အကို။
ဒီမိသားစုနဲ့ အိုအောင်မင်းအောင်ပေါင်းရပါစေ
အဖေနဲ့အမေတို့နဲ့အတူ င၀န်မြစ်ကမ်းနဘေးမှာ
လေညှင်းခံနိုင်ပါစေ..။

ကဗျာလေးလည်းသိပ်ကောင်းပါတယ် အကို

ကိုချစ်ဖေ said...

င၀န်မြစ်ကမ်းလေးကလဲ..

Anonymous said...

ကိုဆောင်းယွန်း ရဲ့  လေးဆယ့် တနှစ် ပြည့် မှတ် တမ်း
မှာ ကံကောင်းခြင်းများ နဲ့ သာ တွေ့ ကြုံ ခံစား ရပါစေလို့ ဆုတောင်းလိုက် ပါတယ် ......

mie nge

Anonymous said...

ဒီအရွယ်တွေက ပထဝီသေမင်းက အလံစိုက်ထားပြီး၊
ဓါတုဆေးဝါးကလဲ မှီဝဲရနဲ့ ဗျာ...
ဒါဟာ အိုခြင်းအနုပညာ လားမသိ၊

ကျန်းမားပါစေဗျာ..

ကျော်နိုင်

စိတ်စမ်းရေ said...

ပျော်ရွင်ဖွယ်မွေးနေ့ ဖြစ်ပါစေအကို...။

Nge Naing said...

Happy Birthday ပါ ကိုဆောင်းယွန်းလ။
မွေးနေ့ နှစ် ၁၀၀ ကျော်အောင် ကျန်းမာပျော်ရွှင်စွာ၊ မိသားစုဘ၀ နွေးထွေးစွာနဲ့ ဖြတ်သန်းရပါစေ။

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
ကဗျာလေးကိုဖတ်ရင်းခံစားသွားတယ်ဗျာ...။
မွေးနေ့မှတင် မဟုတ်ပါဘူး...နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေလို့ညီဆုတောင်းပေးပါတယ်အစ်ကို...။
(စကားမစပ်... ညီလည်းကုမ်ရာသီဖွားပဲ..အစ်ကို..။ ကုမ်ရာသီရဲ့နောက်ဆုံးရက်မှာမွေးတာ...း))
ခင်မင်လေးစားနေဆဲပါ အစ်ကို...
ညီ
ဏီလင်းညို

မောင်ပါလ said...

ဒီလိုမွေးနေ့ကဗျာကတော့ ရှားတယ်ဗျာ။ ခုမှ ဘ၀ စတာပါဗျာ။ Happy Birthday ကိုဆောင်းယွန်းလ။

Anonymous said...

Be extra careful in this year, as you are entering into the "Ingar Marana" thet-yauk, while you are also in the "Sanay Binga" jo-sar, according to the Maharbote from today. Best of luck.

သဒ္ဓါလှိုင်း said...

အကိုဆောင်းယွန်းလ..
မွေးနေ့မှစပြီး ပျော်ရွှင်ဖွယ်မိသားစုနဲ့ ကျန်းမာစိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ...
လွမ်းစရာကျန်နေခဲ့တဲ့ နေရာလေးကိုလည်း တချိန်မှာ ပြန်လည်ရောက်ရှိနိုင်ပါစေ...
ခင်တဲ့
ညီမသဒ္ဓါ

မြစ်ကျိုးအင်း said...

ခင်မင်ရတဲ့အကိုအတွက်ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေဗျာ ။

ဖြူစင်ဝင်းပ မနက်ခင်းလှလှတွေကို
အရွယ်ကကြိုးမိန့်ချတာတဲ့လား
ဖော်ပြတာလေး သိပ်လှလွန်းတယ်

ဒဏ္ဍာရီ said...

အကို့ရဲ့ မွေးနေ့ကဗျာလေးက ထူးဆန်းလိုက်တာ။ ဒီလို မွေးနေ့ကဗျာမျိုး ဒါ ပထမဆုံး ဖတ်ဖူးတာပဲ အကိုရေ..။ အကို့ရဲ့ (၄၁) နှစ်ပြည့် မှတ်တိုင်လေးမှ စပြီး ပျော်ရွှင်ခြင်းတွေနဲ့ စတေးခဲ့တဲ့ ကာလတွေအတွက် လှပတဲ့ အနာဂတ်ကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ညီမ ဆုတောင်းပေးသွားပါတယ်။

ခင်မင်လေးစားလျှက်

သက်အောင် said...

ငါ့ အကိုကြီး ခုမှ ဘဝ စတာ .. ဖလမ်း ~ ဖလမ်းထလို့ ရသေးတယ် ။ :D
လူဆိုတာ စိတ်နဲ့ပဲ ဆိုင်တယ် .. စိတ်ပျိုမှ ကိုယ်နုတာ .. စိတ်ပြိုပြီးတော့ ကိုယ်နူ အောင်တော့ နေနဲ့ပေါ့ဂျာ ..
အသက် ၄၁ မှသည် နောင် နှစ်ပေါင်းများစွာ ဘလောဂ်ဂါ လောက မှာ ဆက်လက်ပြီး စာတွေ ကဗျာတွေ ရေးနိုင်ပါစေဗျာ ..

သက်အောင် (ကလောင်တိုက်ပွဲ)

သက်အောင် said...
This comment has been removed by the author.
မြတ်မွန် said...

မွေ့နေ့ နောင်နှစ်ပေါင်း များစွာ..
အကို ရင်ထဲမှာ တောင်းတဲ့ ဆုတိုင်း ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်..

သွယ်လင်းဆက် said...

ကောင်းသောမွေးနေ့မှသည် ကောင်းသောနေ့ရက်များဆီသို့ အကောင်းဆုံးချီတက်နိုင်ပါစေ အကိုဆောင်းယွန်း။

ကိုခိုင် said...

၄၁နှစ်မြောက်မွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်အောင်မိသားစုနဲ့အတူတကွမွေးနေ့ပွဲများပျော်ရွှင်စွာကျင်းပနိုင်ပါစေ။

tin min htet said...

တနှစ်ပြည့် မွေးနေ့မှာ ..
တောင်းတဲ့ဆု မတောင်းတဲ့ဆု
အားလုံးပြည့်ပါစေ ..

mirror said...

အရောက်နောက်ကျသွားခဲ့တယ်။
င၀န်မြစ်ကမ်းလေးနားပြန်ရောက်နိုင်မယ့်တနေ့ကျရင်
အကို့ကို ညီမ ဘယ်ကားစီး၊ဘယ်နားဆင်းဆိုတာ လမ်းပြမယ်လေ :)
(မေ့နေခဲ့ရင်ပေါ့)

khin oo may said...

ရှေ့ဆက်ဘဝခရီးပျော်ရွင်ချမ်းမြေ့ကျန်းမာချမ်းသာပါစေ