Sunday, October 31, 2010

”နောက်ကျတယ်ဆိုပေမယ့် နောက်မကျသေးပါဘူး”

အရေးကြီးကြီးမကြီးကြီးသွေးနီးဖို့ တိုက်တွန်းတဲ့
တတ်သိပညာရှင်ကိုယ်တိုင်က
လေတမြမြတိုက်နေတဲ့ လမ်းဘေးဘုံဆိုင်မှာ
”တနေ့တော့ဖြစ်လာမှာပါ”သီချင်းနဲ့ထိုင်ပြီး
ကော်ရက်စ်အပိုဒ်ကို စီးကရက်မီးညှိနေတယ်....

ဖိဖိဆီးဆီးလုပ်ကြဖို့ ပြောပြောနေတဲ့
နိုင်ငံတကာက အဓိပတိကြီးတချို့ကိုယ်တိုင်ကလည်း
ဒီပလိုမေစီဓာတ်တိုင်ကို လက်ဝဲရစ်ပတ်ပြီး တရားမှတ်နေကြတယ်...

ဖေးဖေးမမကူညီကြဖို့ အသံကောင်းဟစ်နေတဲ့
အိမ်နီးနားချင်းအသိုင်းအဝိုင်းကတော့
အရိပ်မှာနေပြီး အခက်ကိုချိုးတဲ့ ဓားပြသူခိုးတွေနဲ့အတူတူပဲ....

ကမ္ဘာပတ်နေတဲ့ နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးရဲ့
အထွေထွေအတွင်းရေးမှုးချုပ်ကြီးကလည်း
အထူးစိုးရိမ်မိပါသည်ဆိုတဲ့ စကားတလုံးကို
သူဝတ်နေကျကုတ်အင်္ကျီလို မချွတ်တမ်းဝတ်ထားတုန်းပဲ....

အင်္ဂလိပ်စကားပြောရင်
လျှာနဲ့သွားခလုတ်တိုက်တတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့
ကိုယ်တိုင် အမတ်လောင်းဝင်အရွေးခံဖို့ကလွဲရင်
ကျန်တာ”I don't know” ငါမသိဘူးတဲ့....

ဒေါ်လာဆယ်သန်းဆိုတာ
အခြေအနေမဟန်ရင် ပုန်းခိုဖို့ဆောက်ထားတဲ့
အကောင်းတို့နိုင်ငံက ငါ့ရဲ့အိမ်ငါးလုံးစာလောက်ပဲရှိပါတယ်ကွာဆိုတဲ့
ဗိုလ်မဲလုံးကြီးတယောက်ကတော့
မုန်တိုင်းကြောင့်ပျောက်သွားတဲ့ အိမ်ယာတွေအစား
နိုဝင်ဘာ၇ရက်နေ့မှာ မဲပုံးတွေထောင်ထားမယ်တဲ့ ...

ဆွေးနွေးနေရုံနဲ့ ပြီးသွားမှာမဟုတ်တဲ့
၄၈နှစ်တာ မီးလောင်ပြာကျနေရတဲ့ မြန်မာ့အရေးမှာ
လက်နှေးနေကြသေးသမျှ စစ်ကျွန်ဘဝကလွတ်မှာမဟုတ်သေးဘူး...

”အတ္ထ္ထ္ထာဟိ အတ္ထနော နာထော”တဲ့
ဗုဒ္ဒရဲ့စကားကို လက်ကိုင်ထားပြီး
တဦးချင်းစီရဲ့ ကျောက်ရိုင်းတုံးတွေကို ကိုယ်တိုင်သွေးယူကြလို့
အနိုင်မခံအရှုံးမပေးတဲ့ စိတ်တွေကိုလည်း မွေးမြူကြဖို့လိုတယ်...။ ။

3 comments:

Maung Myo said...

သိပြီး မပြောတတ်တဲ့ အသုံးတွေကို အစ်ကို့ ကဗျာ မှာတွေ့လိုက်တယ် အစ်ကိုရေ ...

Anonymous said...

ကိုယ်တိုင်ရော တိုင်းပြည်တွင်းမှာ ဒီမိုကရေစီရေးတွက်လုပ်နေတာလား? ကိုယ်တိုင် တိုင်းပြည်မှာ မရှိပဲ မလုပ်နိုင်ပဲ ဘာလို့သူများတကာကို တိုက်တွန်းနေရတာလဲ?ကုလ ကိုဝေဖန်တယ်ဆိုတော့ ကုလရဲ့လုပ်ပိုင်ခွင့်နဲ့ပဋိဥာဏ်ထဲက စည်းကမ်းတွေက ဘယ်လိုလည်းဆိုတာရော နားလည်ထားပြီးပြီလား? အိမ်နီးချင်း နိုင်ငံတွေကိုဝေဖန်သေးလိုက်တယ်ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ သံတမာန်မူတွေဘောင်တွေ စည်းကမ်းတွေကို နားလည်ထားပြီးပြီလား...

အာဆီအဖွဲ့ဝင်ထဲက နိုင်ငံအချင်းချင်းတွေထားရှိချုပ်ဆိုထားတဲ့ ပဋိဥာဏ်တွေကို သိရှိနားလည်သလား?

ဘာမှမသိပဲ အပေါ်ယံသူများတွေကို ဘာလို့အပြစ်တင်နေတာလဲ...အဲဒီ ကုလ တို့ နိုင်ငံတာတို့က မြန်မာနိုင်ငံသားတွေမဟုတ်တဲ့တွက် သူတို့က အကြံပေးယုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး...လက်တွေ့လုပ်ရမှာက မြန်မာနိုင်ငံသားတွေကိုယ်တိုင်ပဲ...

ဒါကိုသိရဲ့နဲ့မိမိအပြစ်ကိုဖုံးကွုယ်ပြီး သနားသောအားဖြင့် ကုလတို့နိုင်ငံတကာတို့က သူတို့လုပ်ပေးနိုင်သလောက်လုပ်ပေးနေတာကို ဘာတွက်နဲ့အပြစ်တင်ချင်နေတာလဲ၊?

ဆောင်းယွန်းလ said...

anonymous ရဲ့ ကွန်မန့်ကို သဘောကျတယ်ဗျာ။
ကွန်မန့်အတွက် ကျေးဇူးပါ...း)