Sunday, February 19, 2012

“အတွေးဆိုင်ထိုင်မိခြင်း”

ဘယ်လင်ပဲတိုင်းတိုင်း ဟက်ပီပဲဒေးဒေး
ငါ့စိတ်တွေကတော့ လေးနေတယ်
တောင်တောင်မြောက်မြောက်
လမ်းလျှောက်ရင်း ထိုင်မိတဲ့ အတွေးဆိုင်မှာ
လှိုင်းကြီးနေတဲ့ မြစ်တစင်းရယ်
လေထန်နေခဲ့တဲ့ အတိတ်တွေရယ်
တိတ်တဆိတ် အသတ်ခံရဦးမယ့် မနက်ဖြန်တွေရယ်က
ကျကျနန စကားဝိုင်းဖွဲ့နေကြတယ်
မတ်တပ်အိပ်ပျော်နေကြတဲ့ လူအုပ်ကြီးထဲမှာတော့
အရိပ်နေနေ အခက်ချိုးချိုး
မနက်ခင်းတွေကို ဆေးဆိုးဖို့
ဖျက်ပိုးတွေက…….ရိုးရာမပျက် ။      ။

No comments: