“ဘဝမှာ….”
ဘဝမှာ…
အထိမ်းအမှတ်တွေကို ခပ်များများသိမ်းမထားချင်သလို
အမှတ်တရတွေကိုလည်း ခပ်ပါးပါးပဲထားချင်တယ်….
ဘဝမှာ..
လူထူထူအရပ်ထဲ စကားပူပူတွေ နားဆူအောင် မပြောချင်ဘူး
တကိုယ်ရည်ရူးသွပ်မှုသံစဉ်ခပ်ပါးပါနဲ့ပဲ နားအေးချင်တယ်….
ဘဝမှာ..
တစုံတရာကို ဦးညွှတ်ချင်တဲ့အခါတိုင်း သမိုင်းစာအုပ်ကိုပြန်လှန်ဖတ်ပြီး
အတိတ်လှေခါးထစ်တွေကို တဆစ်ဆစ်အိပ်မက်မက်ချင်တယ်…
ဘဝမှာ..
အတိတ်ခေတ်ရဲ့ အမျိုးသားတယောက်ကို လေးစားချစ် ချစ်ခဲ့ရပြီး
လက်ရှိခေတ်ရဲ့ အမျိုးသမီးတယောက်ကို အလေးထားချစ် ချစ်နေမိတယ်…
ဘဝမှာ…
မကြာမကြာရစ်တတ်တယ်လို့ ပြောတတ်သူတယောက်အကြောင်းကို
တခါတရံပေါင်းများစွာ အထပ်ထပ်ပြန်တွေးနေချင်မိတယ်…
ဘဝမှာ..
သတိတရလှုပ်နှိုးတတ်တဲ့ ကိုယ့်ရဲ့အသံသီချင်းနဲ့
တယောက်သောသူရဲ့ အိပ်ပျော်နေတဲ့နံနက်ခင်းတွေကို လင်းစေချင်တယ်…
ဘဝမှာ…
တစုံတယောက်ကို သတိရမိတဲ့ ညနေခင်းတွေတိုင်း
သက်မဲံ့ဓာတ်ပုံတချို့ထဲက အလှအပြုံးတွေထဲမှာ ကဗျာစပ်ချင်တယ်….
ဘဝမှာ
ကိုယ့်ကိုကိုယ် သတိရမိတဲ့အခါတိုင်း
စိတ်ဒဏ်ရာတွေကို ကော်ဖီတခွက်ထဲမှာ ထည့်သိပ်ပြီး
အရိပ်ဆိုးတွေထဲက လက်ရှိဘဝကို တိတ်တခိုး မီးမှိတ်ချင်တယ်..
ဘဝမှာ…
အလျော်အစားမရှိတဲ့ နားလည်မှုစားပွဲဝိုင်းတခုမှာ ထိုင်ရင်း
အရုဏ်ရဲ့ ဂီတကို ညီညီမျှမျှ စည်းချက်လိုက်ချင်တယ်…
ဘဝမှာ..
အပေးအယူမရှိတဲ့ ဖေးကူမှုစားပွဲဝိုင်းတခုမှာထိုင်ရင်း
ဆည်းဆာရဲ့ ဂီတကို ပီပီသသဆိုပြီး ကြည်ကြည်မြမြတီးခတ်ချင်တယ်…
ဘဝမှာ….
လွဲမှားစွာကွဲပြားနေတဲ့ အစွဲများစွာကို ကြယ်သီးတပ်ပြီး
ရင်ဘတ်ချင်းအတူတူထပ် တရားဒေသနာရှုမှတ်ချင်တယ်….
ဘဝမှာ..
အဝေးဆုံးဝေးခဲ့ရတဲ့ တိုင်းပြည်နဲ့ အနီးဆုံးနီးချင်ပြီး
မပြီးဆုံးသေးတဲ့ ပန်းချီကားတချပ်ကို ငြိမ်းချမ်းစွာလက်စသပ်ချင်နေမိတယ်…
ဘဝမှာ…ဘဝမှာ……ဘဝမှာ…….။ ။
Sunday, April 22, 2012
Posted by
ဆောင်းယွန်းလ
at
2:27 PM
Subscribe to:
Post Comments (Atom)


5 comments:
ဘဝမှာ…
အထိမ်းအမှတ်ေတွကို ခပ်များများသိမ်းမထားချင်သလို
အမှတ်တရတွေကိုလည်း ခပ်ပါးပါးပဲထားချင်တယ်…. :)
ဘဝမှာ…
တစုံတယောက်ကို သတိရမိတဲ့ ညနေခင်းတွေတိုင်း
သက်မဲံ့ဓာတ်ပုံတချို့ထဲက အလှအပြုံးတွေထဲမှာ
ကဗျာစပ်ချင်တယ်….
မှန်၏ ...
Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog
hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog
ဘဝမှာ..
အဝေးဆုံးဝေးခဲ့ရတဲ့ တိုင်းပြည်နဲ့ အနီးဆုံးနီးချင်ပြီး
မပြီးဆုံးသေးတဲ့ ပန်းချီကားတချပ်ကို ငြိမ်းချမ်းစွာလက်စသပ်ချင်နေမိတယ်…
ဘယ်တော့များမှ ပြီးဆုံးးပါ့မလဲ..
ဘ၀ မှာ...
နှစ်သက်စွာအားပေးခဲ့ပါတယ်
ဝိုင်အမ်
Post a Comment