Thursday, December 5, 2013

“မီးခိုးရောင် သီချင်း”

ဆုတောင်းခြင်းနားနီးလို့ လူဖြစ်ခဲ့ရ
ကာရံနားနီးလို့ ကဗျာတွေဖြစ်ခဲ့ရ
မြစ်ချောင်းနားနီးလို့ တံငါဖြစ်ခဲ့ရ
တောတောင်နားနီးလို့ မုဆိုးဖြစ်ခဲ့ရ…

ဖိနှိပ်သူနားနီးတော့ သူပုန်ဖြစ်ခဲ့ရပေါ့….

လမင်းနဲ့နီးနေပါရဲ့နဲ့
အလင်းတပြက်မျှ မလက်ခဲ့သေးဘူး
ကြယ်တွေစုံနေပါရဲ့နဲ့
စံပယ်ငုံ မဖူးခဲ့သေးဘူး….

လူ့ဘုံရဲ့ ဘ၀အခန်းထဲမှာ
မညီမျှခြင်းတွေပဲ ပင့်ကူအိမ်ဖွဲ့နေခဲ့လို့…

နှစ်တနှစ် ကူးသွားတိုင်း
ငါ့ရင်ဘတ်အကိုင်းမှာ ဆူးတွေအပြိုင်းအရိုင်းနဲ့…။

1 comment:

သိ င်္ဂါ ရ said...

ကဗျာတွေ လိုက်ဖတ်ရပါဦးမည် ။

ကျွန်တော်တော့ ... ကဗျာတွေ ရေးနိုင်ဖို့ ၊

များပြားလှတဲ့ ရေးစရာတွေထဲ

စကားလုံးတွေ မရဲသလို ဖြစ်နေတယ်

ကိုဆောင်းယွန်းရေ ...