Tuesday, November 27, 2007


စိုက်ပျိုးခဲ့သမျှ...အတွက်
တစစီကျိုးပဲ့ကြွေကျသွားတဲ့ ကြယ်တွေကို
ရင်ထဲမှာဝေတဲ့ ပန်းတွေအလား မင်းများချစ်တတ်ခဲ့ရင်
ပြီးတော့...
မြတ်နိုးယုယ အမှတ်တရသိမ်းထားတတ်ခဲ့မယ်ဆိုရင်
ဟောဒီသစ်ပင်ထက်မှာ တပွင့်ကြွေတိုင်း တရွက်သစ်
စိုက်ပျိုးခဲ့သမျှ..အမြစ်ထွက် အသားတက်
ပြန်ရိတ်သိမ်းဖို့နေ့ရက်တခုအတွက်...မင်းနဲ့ငါ
ခုချိန်မှာ...
အဆင်သင့်ဖြစ်နေကြလောက်ပြီ......
ခြင်္သေ့တကောင်ရဲ. ရဲရင့်ခြင်းဟာ
မိမိစိုက်ပျိုးခဲ့သမျှကို ပြန်ရိတ်သိမ်းရိုးမှန်ရင်..
ငါတို့ပြင်ဆင်ခဲ့ကြတဲ့ နှစ်သန်းပေါင်းများစွာထဲကအနာဂတ်
ဧရာဝတီမြစ်လက်တက်တလျှောက်......
သံလွင်ကမ်းပါးတွေတဆုံး...
မေခနဲ့ မလိခ...ပြီးတော့ချင်းတွင်းနဲ.စစ်တောင်း
အဲဒီမြစ်တွေထဲကဆုတောင်းတွေနဲ့အပြိုင်
မျှော်လင့်ခြင်းကောင်းကင်မှာမြိုင်မြိုင်ဆိုင်ဆိုင်ပေါင်းဆုံနေလောက်ကြပြီ..........
တကယ်တော့...
မျှော်လင့်ချက်ဆိုတာ..ဆုတောင်းတိုင်တည်နေရုံနဲ့ပွင့်တဲ့ပန်းမဟုတ်ဘူး
ပြီးတော့...ရဲရင့်ခြင်းဆိုတာမင်းနဲ့ငါ့ရဲ.
မွေးရာပါမိနဲ့ဘရဲ.အမွေတခုလည်းမဟုတ်ခဲ့ဘူး..........
သူငယ်ချင်းရေ...
Mississippiမြစ်ရေတွေတသွင်သွင်စီးနေသလို
Bangkok မြို.ကြီးကလည်းငြိမ်သက်မနေပါဘူး
Lion City ကမျိုးဆက်သစ်တွေရဲ.အားအင်သစ်
ဥရောပတကြောစီးမြောနေတဲ့သံစဉ်နဲ့ပေါင်းစပ်
နယူးဒေလီရဲ.အသံ တိုကျိုနဲ့ ကိုရီးယားပါမကျန်
နေရာအနှံ့ရိုက်ခတ်ထိမှန်နေခဲ့...နေ့အဆက်ဆက်..........
အဲဒီအသံတွေအားလုံးပေါင်းစပ်ထိမှန်စေမယ့် တော်လှန်ရေးတခု
ငါတို့မွေးဖွားပြုစုရမယ် သူငယ်ချင်းရေ............။
ဆောင်းယွန်းလ





3 comments:

ကောင်းကင်ကို said...

နိဒါန်းက တင်စားချက်လေးတွေ နဲ့ ဆွဲခေါ်သွားသလို ကဗျာရဲ့ နိဂုံးကလည်း အားမာန်ဖြစ်စေပါတယ်။

Nyein Chan Aung said...

ကောင်းတယ်ဗျာ...။ သိပ်လှတဲ့ကဗျာလေးပါပဲ..။

chaos said...

it's really a nice poem
i love it
i feel smt after reading it
but i dont' know how to express that feelings
it's true bro