Tuesday, January 8, 2008

”နားခိုရာ..”

နွေဦးဂီတသည်
ရင်ကိုမှီတွယ်လျက်
ကဗျာသီသောလက်ကိုလှုပ်နှိုးစေခဲ့ဧ။်

လေနီရိုင်းထန်သော
ထိုဂီတကပင်လျှင်
ရင်ခွင်ကိုလှုပ်ခတ်နှိုးသော
တောအုပ်တခုကိုအစပျိုးစေခဲ့ဧ။်

မြောက်ပြန်လေကြမ်းအဝှေ့တွင်
နီရဲရဲကောင်းကင်နှင့်အတူ
လေယူရာတိမ်းသောမိုးမခပင်တို့ကလည်း
လွတ်မြောက်ရာညကိုယိမ်းနွဲ့စွာဖိတ်ခေါ်ကြခဲ့ဧ။်

မိုးတွင်တေးဆိုသောစမ်းချောင်းသည်
နူးညံ့ပျော့ပြောင်းသောနရီစည်းချက်တို့နှင့်အတူ

မောင်းပြန်အေကေနှင့်ဆေးအပ်ကိုင်သောလက်ကိုဖန်တီးစေခဲ့ဧ။်

ကြည်လင်စိမ်းမြသော
ထိုစမ်းချောင်းငယ်လေးဧ။် စည်းချက်နရီတို့ကပင်လျှင်
ကြင်နာတတ်သောနှလုံးသားနှင့်
နာကျည်းစေသောနှလုံးသား
ထိုနှစ်ခုအကြားချင့်ချိန်ပြီး ကဗျာရှည်တပုဒ်အားဆိုငြီးစေခဲ့ဧ။်

ထိုမှတဖန်….
ဆောင်းတွင်ရစ်သိုင်းသောမြူတို့က
အမေ့အိမ် တေးတပုဒ်ကိုဆွေးဆွေးမြေ့မြေ့သီဆိုရင်း
အနောဖလီးခြင်မရဲ့ဆာလောင်မှုတချို့ကို
အသည်းတွင်နေရာအနှံ့နားခိုစေခဲ့ဧ။်

ရာသီဘွဲ့မဟုတ်သော ကဗျာတပုဒ်တွင်ကား
အကျွန်ူပ်ဧ။်နှလုံးသား ခိုနားခဲ့ပေဧ။်..

ဆောင်းယွန်းလ

3 comments:

Kaung Kin Ko said...

ဆောင်းတွင်ရစ်သိုင်းသောမြူတို့က
အမေ့အိမ် တေးတပုဒ်ကိုဆွေးဆွေးမြေ့မြေ့သီဆိုရင်း
အနောဖလီးခြင်မရဲ့ဆာလောင်မှုတချို့ကို
အသည်းတွင်နေရာအနှံ့နားခိုစေခဲ့ဧ။်

ကဗျာလေးကို ခံစားသွားတယ်အစ်ကို

Anonymous said...

hi saung yune la,this is my first time to visit to your blog and i can't read all of your burmese fonts on my computer

thanks for your comment on ko moe thee's C-box
i just created
my blog and still under construction

some are still missing fonts on my computer , i don't know why.

http://myanmarpoliticalwatchdog.blogspot.com/
you can visit to my blog and pls give me some idea
thanks

Nyein Chan Aung said...

”နားခိုရာ..”

နွေဦးဂီတသည်
ရင်ကိုမှီတွယ်လျက်
ကဗျာသီသောလက်ကိုလှုပ်နှိုးစေခဲ့ဧ။်

နားခိုရာ တဲ့လား..။ အဖွဲ့တွေ ကောင်းတယ် ကိုဆောင်းယွန်းလရေ..။ မျက်လုံးထဲ ပုံတွေအစီအရီ ပေါ်လာတယ်။