”တိုင်တည်သစ္စာစကား”
အဖေ……
အဖေက ကျနော်တို့တောအုပ်ရဲ့ဘုရင်
အဖေက ကျနော်တို့ပန်းခင်းရဲ့ဥယျာဉ်မှုး
အဖေ ဖန်ဆင်းတဲ့တောဥယျာဉ်မှာ
ပွင့်ဖူးတဲ့ ကဗျာ
ဘယ်သောအခါမျှမေ့ပစ်မရနိုင်တဲ့ဂန္တဝင်မှတ်တမ်း
ကျနော်တို့ရဲ့ တောဥယျာဉ်မှာ ပန်းအဖြစ်ပွင့်လန်းတယ်….
အဖေ…….
အဖေက ကျနော်တို့မြို့ပြရဲ့မီးမောင်း
အဖေက ကျနော်တို့ကျေးလက်ရဲ့နံနက်ခင်း
အဖေ ဖန်ဆင်းတဲ့နေခြည်အလင်းမှာ
ရှင်သန်တဲ့ ကဗျာ
နှစ်သန်းပေါင်းများစွာတိုင်ရှင်သန်မယ့်ဂန္တဝင်တေး
ကျနော်တို့ရဲ့ နေရောင်ခြည်လေးမှာ လေပြေအဖြစ်နွေးထွေးတယ်….
အဖေ……..
အဖေက ကျနော်တို့ဘဝရဲ့ ပြဌာန်းစာအုပ်
အဖေက ကျနော်တို့အသက်တာရဲ့ ကောင်းကင်ပြာ
အဖေ ဖန်ဆင်းတဲ့ပြဌာန်းချက်ကောင်းကင်မှာ
ခိုနားတဲ့ ကဗျာ
ထာဝရစွဲထင်ကျန်ရစ်မယ့်ဂန္တဝင်သတင်း
ကျနော်တို့ရဲ့ ပြဌာန်းချက်ကောင်းကင်မှာ ကြယ်စင်အဖြစ်ထွန်းလင်းတယ်…..
အဖေ….
ကျနော်တို့တောဥယျာဉ်မှာ ပွင့်လန်းတဲ့ပန်း
အဖေဖောက်ခဲ့တဲ့လမ်းမှာ ဆက်လက်ရှင်သန်စေရမယ်…
အဖေ….
ကျနော်တို့နေရောင်ခြည်မှာ နွေးထွေးတဲ့လေပြေ
အဖေခေါင်းချခဲ့တဲ့မြေမှာ ဆက်လက်ရှင်သန်စေရမယ်….
အဖေ…..
ကျနော်တို့ပြဌာန်းချက်ကောင်းကင်မှာ ထွန်းလင်းတဲ့ကြယ်
အဖေ့ကောင်းသတင်းနယ်ပယ်မှာ ဆက်လက်ရှင်သန်စေရမယ်….
ထိုမှန်သော တိုင်တည်စကား
အဖေ ရောက်ရာဘဝမှကြားပါစေ…
ထိုမှန်သော တိုင်တည်ကတိ
အဖေ ရောက်ရာဘဝမှသိပါစေ….
ထိုမှန်သော တိုင်တည်သစ္စာကတိ
အဖေ ရောက်ရာဘဝမှကြားသိပါစေ……။
လမ်းကလေးရေ
4 weeks ago
5 comments:
ကဗျာလေး ကြိုက်တယ် အစ်ကို။
အဖေ……
အဖေက ကျနော်တို့တောအုပ်ရဲ့ဘုရင်
အဖေက ကျနော်တို့ပန်းခင်းရဲ့ဥယျာဉ်မှုး
အဖေ ဖန်ဆင်းတဲ့တောဥယျာဉ်မှာ
ပွင့်ဖူးတဲ့ ကဗျာ
ဘယ်သောအခါမျှမေ့ပစ်မရနိုင်တဲ့ဂန္တဝင်မှတ်တမ်း
ကျနော်တို့ရဲ့ တောဥယျာဉ်မှာ ပန်းအဖြစ်ပွင့်လန်းတယ်….
နူးညံ့တဲ့ စကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ အားပါတဲ့ ကဗျာတစ်ပုဒ်ပါဗျာ။
ကဗျာလေး ကောင်းတယ်ဗျာ။
Feb13 အမှီထွက်ရင်ကောင်းမယ်ဗျာ။
အမှတ်တရဖြစ်တာပေါ့ဗျာ။
အခုလဲ မောင်အညတရ ရင်ဘတ်ကြီး
တည့်တည့်ထိတာပါပဲဗျာ။
ကျွန်တော်လည်း သူ့အတွက်ရေးမယ်ရေးမယ်နဲ့ အကိုရေးတာတော့်အတော်ကောင်းတယ်ဗျ
ကဗျာလေး လာခံစားသွားတယ် အစ်ကို
Post a Comment