Monday, September 22, 2008

ပထမဆုံးများ
ပထမဆုံးသောအမှတ်တရတွေကိုရေးဖို့အတွက် တော်တော်တော့ခက်တယ်ဗျ။ ဘာဖြစ်လို့လဲ
ဆိုတော့ ဦးနှောက်တွေက ငယ်ငယ်တုန်းကလို သိပ်ပြီးအလုပ်မပေးနိုင်တော့လို့ပါ။ ဒါပေမဲ့
လည်း တဂ်တဲ့သူက သတိတရနဲ့တဂ်ထားတာဆိုတော့ ပျော်ပျော်ကြီးရေးရတာပေါ့ဗျာ။
ပထမဆုံးတွေကိုပြန်စဉ်းစားပြီးတော့ရေးရတာ ကိုယ့်ကိုယ်ကို ငယ်ဘဝကိုပြန်ရောက်သွားသ
လိုခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံးသော အရာအတော်များများကို ငယ်
ဘဝမှာစတင်ကြုံတွေ့ခဲ့ရပြီး ငယ်ဘဝမှာဘဲ စပြီးလုပ်ခဲ့ရဖူးတာများလို့ပါ။ ဒါကြောင့်မို့ ငယ်ဘဝ
ကိုပြန်ရောက်သွားသလိုခံစားရအောင် တကူးတကတဂ်လုပ်ထားပေးတဲ့ ကိုအောင်သာငယ်ကို
ကျေးဇူးအထူးတင်ရှိပါကြောင်း ပထမဦးဆုံးပြောပါရစေ အကိုရေ…..

ပထမဆုံးကျနော့်ကိုဖွားမြင်ရာနေရာ…ဆေးရုံပေါ်မှာ (နောက်တာနော်)..ရန်ကုန်ဂန္ဒီဆေးရုံ

ပထမဆုံးတက်ခဲ့ဖူးသောစာသင်ကျောင်း… အထက(၆) ဗိုလ်တထောင် (စိန့်ပေါလ်) ယောကျာင်္းလေးကျောင်းဖြစ်သည်။ ထို့ကြောင့် ၁၀တန်းရောက်သည့်တိုင်အောင် မိန်းခလေး
သူငယ်ချင်းတစ်ယောက်မျှမရှိခဲ့ပါ။ (ရည်းစားရှိခဲ့သည်ကလွဲရင်ပေါ့..)

ပထမဆုံးကျောင်းစပြေးခဲ့သည့်အချိန်….၁၀တန်းနှစ်မှာပါဘဲ..၁၉၈၄ခုနှစ်တုန်းကပေါ့.(ကျောင်း
ပြေးပြီး နောက်တနေ့ကျတော့အိမ်ကိုတိုင်စာအပို့ခံရတာပါဘဲ..)

ပထမဆုံးကျောင်းပြေးပြီးသွားခဲ့သည့်နေရာ…ကန်တော်ကြီး (ရည်းစားနဲ့မဟုတ်ပါ။ အတွဲချောင်းရန်မဟုတ်ပါ။ သူငယ်ချင်းတွေနဲ့ဘောလုံးကန်ပြီး ရေကူးခြင်းမျှသာဖြစ်ဧ။်)

ပထမဆုံးရခဲ့ဖူးသောဆု…မြန်မာစာဂုဏ်ထူးဦးသိန်းနိုင်ကျူရှင်တွင်ရခဲ့ဖူးသောစာစီစာကုံး
ပထမဆု..(ကျောင်းမှာတော့တခါမှဆုမရဘူးပါ..ဂုဏ်ယူဝင့်ကြွားစရာကောင်းလောက်အောင်
တော်ပါပေသည်။)

ပထမဆုံးရည်းစားထားခဲ့ဖူးသောနှစ်…၁၉၈၄ခုနှစ် ၁၀တန်းနှစ်မှာပါဘဲ..
မြန်မာစာဂုဏ်ထူးဦးသိန်းနိုင်ကျူရှင်မှာစတွေ့ခဲ့တဲ့ ကောင်မလေးပေါ့ (ကြုံတုန်းအမှတ်ယူလိုက်ဦးမယ်.ကိုယ်ကစပြီးကြိုက်တာမဟုတ်.သူကကိုယ့်ကိုအမြဲခိုးခိုးကြည့်
နေတာကိုသူငယ်ချင်းတွေကရိပ်မိပြီး မြှောက်ပေးလွန်းတာနဲ့ ရည်းစားစကားလိုက်ပြောလိုက်
တာ အဲဒီနေ့မှာဘဲ အဖြေရပြီးချစ်သူဖြစ်သွားခဲ့တယ်..တစ်လလောက်ကြာတော့ပြတ်သွားတယ်
အိမ်ကအမေက ကောင်မလေးပေးထားတဲ့ဓာတ်ပုံတွေ ရည်းစားစာတွေတွေ့ပြီးဆူတော့ ရှက်ပြီး
အဆက်ဖြတ်လိုက်တယ်။ ကြီးမှပြန်စဉ်းစားကြည့်တော့ ကိုယ်မတရားမှန်းသိလာခဲ့ရတယ်…)

ပထမဆုံးသောက်ဖူးသောစီးကရက်….ဒူးယား (၁၉၈၄ခုနှစ်)

ပထမဆုံးသောက်ဖူးသောဆေးပေါ့လိပ်…ရျွေပြည်စိုး (၁၉၈၄ခုနှစ်)

ပထမဆုံးဖတ်ခဲ့သောဝတ္ထု…မှတ်မိသလောက်ပြန်စဉ်းစားပြီးပြောရမယ်ဆိုရင်.ဗန်းမော်တင်
အောင်ရဲ့အိမ်ပြေး..ဖတ်ပြီးတော့အိမ်ကနေပြေးကြည့်ချင်တဲ့စိတ်တွေတခါတလေပေါ်လာမိ
သေးတယ်..

ပထမဆုံးဆရာမရိုက်ခြင်းခံရသောအမှု…၁၀တန်းနှစ်တုန်းကသူငယ်ချင်းတွေမုန့်ဟင်းခါးဝယ်
ကျွေးမယ်ဆိုပြီး ၅တန်းကလေးတွေအတန်းကအတန်းပိုင်ဆရာမမရှိတုန်းစာဝင်သင်ခိုင်းတယ်
ဘာရမလဲကိုယ်လည်းခပ်တည်တည်နဲ့ဝင်ပြီးစာသင်နေလိုက်တာဆရာမရောက်လာတာမသိ
လိုက်ဖူး..ကလေးတွေရဲ့ဆရာမနဲ့ပက်ပင်းတိုးမိပြီးကျောပြင်ကိုဗြောတင်ခံရတော့တာဘဲ..

ပထမဆုံးလူလည်ခေါင်တွင်အရှက်ကွဲမတတ်ဖြစ်ခဲ့ရသောနေ့….ကျနော်ဆယ်တန်းအောင်ပြီး
ရန်ကုန်ကနေပုသိမ်ကိုပြောင်းလာခဲ့ရတယ်.ပုသိမ်ဒီဂရီကောလိပ်မှာကျောင်းစတက်တော့
မြန်မာစာသင်တဲ့ဆရာမကကျနော့်ကိုသိပ်ကြည့်ရပုံမပေါ်ပါဘူး..တစ်နေ့သူ့အတန်းချိန်
သွားတက်တော့ဆရာမကကျနော့်နာမည်ကိုခေါ်ပြီးဘာပြောတယ်ထင်သလဲ..ဟိုကောင်
ရန်ကုန်ကပြောင်းလာတဲ့ကောင် သူ့ကိုယ်သူကျော်ဟိန်းလိုလိုဘာလိုလိုနဲ့အပြင်မှာလပ်ယား
လပ်ယားလုပ်ပြီး အတန်းလည်းမှန်မှန်မတက်ဘူး..ဆယ်တန်းမှာမြန်မာစာဂုဏ်ထူးနဲ့ဘယ်လို
အောင်လာတယ်တော့မသိဘူး..ဒီပုံအတိုင်းဆက်သွားရင်တော့ပထမနှစ်ကိုအောင်မယ်မထင်
ဘူး.လာစမ်းကျောက်သင်ပုန်းမှာ ကကြီးကနေအအထိလာရေးပြစမ်းလို့ဆိုပါတယ်။ ကိုယ်လည်းဟုတ်တိပတ်တိနဲ့မြေဖြူကိုကိုင်ပြီးကျဲတော့တာပေါ့..၁၀လုံးလောက်လည်းရေးပြီး
ရော်ပြဿနာကစတော့တာဘဲ..အောက်နားကငတိမတွေတိုးတိုးတိတ်တိတ်ပြောတဲ့
အသံတွေကိုအသာနားစွင့်ပြီးမသိမသာနဲ့ဗြောင်းဗြန်ဖြစ်နေတာတွေကိုအသာပြင်ရေးရင်း
အအထိရေးပြီးသွားမှဘဲ ချွေးတလုံးလုံးနဲ့သက်ပြင်းချမိရဲ့..ဟင်းအရှက်ကွဲပေတော့မလို့ သီသီလေးလိုတယ်

ပထမဆုံးရောက်ခဲ့ဖူးသောတခြားမြို့…..ပုသိမ် (အမေကပုသိမ်သူဆိုတော့ ပုသိမ်မှာအမျိုးတွေရှိလို့မကြာခဏသွားလည်ဖြစ်ပါတယ်)

ပထမဆုံးရောက်ခဲ့ဖူးသောနိုင်ငံရပ်ခြားတိုင်းပြည်နှင့်မြို့….ထိုင်းနိုင်ငံ ရနောင်းမြို့(၁၉၈၈ခုနှစ်)

ပထမဆုံးကြိုက်နှစ်သက်ခဲ့ဖူးသောသီချင်း…အနှစ်သာရရှိတဲ့သီချင်းတွေထဲကဆိုရင် ဗိုလ်
ထီးရဲ့ ကြွက်ခြင်နဲ့လူတွေအကြောင်း

ပထမဆုံးစင်ပေါ်တွင်သီဆိုခဲ့ဖူးသောသီချင်း….ကိုတိုးကြီးရဲ့ အချစ်စစ်ဆိုတာ

ပထမဆုံးဂီတာကိုစံနစ်တကျတီးခတ်တတ်ရန်သင်ပေးခဲ့သူ…….ကိုမြင့်မိုးအောင်(တေးရေး) (တစ်လလောက်သင်ပြီးတဲ့အထိ သီချင်းတီးဖို့သင်မပေးသေးလို့ စိတ်ညစ်ပြီးနားလိုက်တယ်)
အခုမှပြန်ပြီးနောင်တရမိ

ပထမဆုံးရေးခဲ့ဖူးသောသီချင်း…..တချိန်သောညနေခင်း (ရဲဘော်ကြီးရေတေးစီးရီးတွင် ကိုမွန်းအောင်သီဆိုထားသော မိမိဧ။်တစ်ပုဒ်တည်းသောသီချင်းဖြစ်)

ပထမဆုံးတက်ခဲ့ဖူးသောဆေးရုံ……Bangkok Tropical Hospital (ငှက်ဖျားတွေအကြီး
အကျယ်ဖျားပြီးဆေးရုံတက်လိုက်ရတယ်.
မှတ်မှတ်ရရဆေးရုံကထိုင်းနာ့စ်မလေးနဲ့လည်းရည်းစားဖြစ်သွားသေးဧ။်….

ပထမဆုံးပစ်ခဲ့ဖူးသောသေနတ်…အေကေ၄၇

ပထမဆုံးစိတ်အလှုပ်ရှားဆုံးဖြစ်ခဲ့ရသောအဖြစ်အပျက်…..ကျောင်းသားတပ်မတော်တပ်ရင်း
၂၀၁မှတပ်ခွဲမှုးတစ်ဦးဧ။်အမျိုးသမီးအားမိမိကိုယ်တိုငအဖော်မပါဘဲမီးဖွားပေးခဲ့ရစဉ်


ပထမဆုံးလည်ပတ်ကြည့်ရှုခဲ့ဖူးသောဘလော့…..ကျောင်းသားတပ်မတော်ရဲ့ဆုံဆည်းရာ

ပထမဆုံးစတင်ရင်းနှီးခဲ့ရသောဘလော့ဂါ…..ကောင်းကင်ကို

ပထမဆုံးတဂ်လုပ်ထားသောဘလော့ဂါ….ကဗျာချစ်သူခေးရော့စ် (မကြာသေးခင်ကဘဲ
ကျနော့်ကလေးလေးအကြောင်းဖတ်ချင်လို့ရေးပေးဖို့တဂ်ထားတာ။ ခေးရော့စ်က ကျနော့်မှာ
ကလေးတစ်ယောက်ဘဲရှိတယ်ထင်နေတာကိုး..တကယ်ကကျနော့်မှာကလေးသုံးယောက်ရှိ
တော့သုံးယောက်စလုံးအကြောင်းပါအောင်ရေးနေရတယ်…ရေးနေတုန်းဘဲညီမလေးရေ..
ပြီးတဲ့အခါမှသံချောင်းခေါက်လိုက်မယ်…

လက်ရော ပြန်စဉ်းစားရတဲ့ဦးနှောက်ပါညောင်းသွားပြီဖြစ်ပါသဖြင့်..တခန်းရပ်လေပြီ။

5 comments:

ATN said...

ညီရေ့ ရေးပေးတာကျေးဇူးပါ့။

ညီ့ ပထမဆုံးတွေက အလွန်တရာ စိတ်ဝင်စားစရာ ကောင်းပါပေတယ်။

အကိုတောင် ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး ထပ်ရေးချင်စိတ်ပေါက်လာပြီ။

ချမ်းမြေ့ပါစေကွာ

kay said...

ရောက်လေရာ..မျက်နှာပွင့်တာပဲ။
း)

Kaung Kin Ko said...

အစ်ကိုက စွံသဗျာ။ အားကျတယ်။ ဆေးရုံတက်တာတောင်မှ နာ့စ်မလေးနဲ့ အိုကေတယ်။ အစ်ကို့ ကို မမြင်ဖူးပေမယ့် (ဆယ်တန်းတုန်းကလည်း ကောင်မလေးက ခိုးခိုးကြည့်ရတယ်ဆိုတော့) တော်တော်ခန့် မယ် ထင်တယ်။
အစ်ကိုနဲ့ ဘလော့ပေါ်မှာ ပထမဆုံး ခင်မင်ရင်းနှီးခွင့် ရတဲ့ အတွက်လည်း ဝမ်းသာ ဂုဏ်ယူလျက်ပါ။

Nyein Chan Aung said...

ကိုဆောင်း ပထမဦးဆုံးတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ တော်တော်လည်း စွံခဲ့တာပဲ... ရွှေရောင်အတိတ်နေ့ရက်များလား.. ဟဲဟဲ.. ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..

ကလူသစ် said...

ဗိုလ်ချုပ်အောင်ဆန်းကို အားကျတယ်ထင်ပါ့