”အလွဲများ”
ညစ်စရာတွေချည့်ပဲ ရေးရကောင်းလားလို့ အပြစ်တင်ကြရင်လည်း ခံရတော့မှာပါပဲဗျာ။
ဗိုလ်ချုပ်မွေးနေ့ ကလေးများနေ့ ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့တွေအကြောင်း ကဗျာတွေ
ရေးကြည့်ဖို့တော့ စဉ်းစားကြည့်တာပါပဲ…ဒါပေမယ့် နောက်ဆုံးမှာ ကိုငှက်ဆိုထားတဲ့
”တစ်နေ့စာအလွဲများ” ဆိုတဲ့သီချင်းလေးအကြောင်းကို စဉ်းစားရင်း ဒီကဗျာလေးပဲ ထွက်ကျ
လာလေတယ်……။
”အလွဲများ”
ခုန်ဆွ ခုန်ဆွ
လက်တွေ လေထဲ မြှောက်မြှောက်ပြတဲ့
ခေတ်ရဲ့ ဟစ်ပ်ဟော့ပ် တစ်ပုဒ်ကလည်း
ရင်နဲ့နားထဲ လုံးဝမစွဲလေဘူး…
ဟိုသီချင်း တစ်ပုဒ်ထဲကလို
မေရှင် ဓာတ်ပြားဟောင်းလေးပဲ
နားထောင်ရရင် ကောင်းမလား
”အင်း”….ခေါင်းစားတယ်….
ချစ် ကြိုက် ကွဲ ညား
ရုပ်ရှင်တစ်ကားလည်း မကြည့်ချင်ဘူး…
မင်းသားနဖူးကို သေနတ်နဲ့ချိန်
ဗီလိန်ကို အကယ်ဒမီပေးနေတဲ့ ဇာတ်ကား
ရုံတင်ထားတာလည်း ကြာပြီ….
မကြာမီ မျှော်..
ရင်ခုန်ရလေသော ဇာတ်လမ်း
ကြော်ငြာ စာတမ်းတွေကတော့ တင်းကျပ်ပြည့်
ရုံတင်ဖို့ နေ့စွဲကမရှိသေး…
အေးအေးသက်သာ
ကဗျာတစ်ပုဒ် ရေးဖို့အတွက်
ကီးဘုတ်ပေါ် လက်တင်တဲ့အခိုက်
”ဟိုက်”…မီးပျက်သွားပါပကော
စိတ်ထဲ မောလိုက်တာ…
နေ့တစ်နေ့ရဲ့ ”ပြီးပါပြီ” စာတန်းအထိုး
ကောင်းကင် အဆိုးက
သတင်း မိုးတွေရွာ
ဒီကနေ့ညလည်း မနေ့ညကလိုပါပဲ
အပြိုပြို အလဲလဲ
မျှော်လင့်ချက်တွေ နည်းပြီး
အကွဲအပြဲတွေ ရွှဲစိုနေတဲ့ လေအိုအိုမှာ
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေတယ်…..။
လမ်းကလေးရေ
3 weeks ago
19 comments:
~နည်းနည်းလေးတော့ လွဲနေတယ်.. လွဲလွဲလေးပဲကောင်းပါတယ်..
စိတ်ကျေနပ်ရင်ပြီးတာပဲ..
နေတတ်ရင်အေးဆေလေး...~
အဟက်.. ကဗျာလေးဖတ်ပြီး သီချင်းလေးဆိုသွားပါတယ်..း)
း)
နီကိုရဲကောမပါဘူးလား
အလွဲများဆိုလို့ပါ..
ကဗျာ လာဖတ်ပါတယ်ဗျာ :)
(တစ်ပုဒ်လုံးရဲ့ အသားက နောက်ဆုံးပိုဒ်မှာပဲ စုထားသလို)
:)
အစ်ကို့ အလွတွေက အရှိကိုမြင်သာအောင် လွဲပြသွားတာ အနှစ်ပါတယ် ။
မင်းသားနဖူးကို သေနတ်နဲ့ချိန်
ဗီလိန်ကို အကယ်ဒမီပေးနေတဲ့ ဇာတ်ကား
ရုံတင်ထားတာလည်း ကြာပြီ….
မကြာမီ မျှော်..
ရင်ခုန်ရလေသော ဇာတ်လမ်း
ကြော်ငြာ စာတမ်းတွေကတော့ တင်းကျပ်ပြည့်
ရုံတင်ဖို့ နေ့စွဲကမရှိသေး…
နေ့တစ်နေ့ရဲ့ ”ပြီးပါပြီ” စာတန်းအထိုး
ကောင်းကင် အဆိုးက
သတင်း မိုးတွေရွာ
ဒီကနေ့ညလည်း မနေ့ညကလိုပါပဲ
အပြိုပြို အလဲလဲ
မျှော်လင့်ချက်တွေ နည်းပြီး
အကွဲအပြဲတွေ ရွှဲစိုနေတဲ့ လေအိုအိုမှာ
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေတယ်…..။
အစ်ကို့ နိမိတ်ပုံတွေ စကားလုံးတွေ ကတော့ ကြောက်ခမန်းလိလိပဲဗျာ။
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေသတဲ့…ဟုတ်ရဲ့ဗျာ…
ရုံတင်မယ့် ရက်စွဲ လေး အမြန်သတ်မှတ် နိုင်ဖို့ ဆုတောင်းနေတယ် အကိုရေ..။
ဒီလိုပါပဲအစ်ကို
တခါတလေဆို
ရေးသင့်တာက တစ်ခု
ရေးဖြစ်တာက တစ်ခု
ဟုတ်တယ်ကိုဆောင်းရေ ရာသီဥတုတွေ အရမ်းဆိုးနေ
တော့ ရတဲ့ကြားထဲက အချိန်လုပြီးရေးပေးတာ ကျေးဇူး
အကို။
ကဗျာလေး ဖတ်သွားတယ်။ တစ်ခါတစ်လေ လွဲချော်ခြင်းကလည်း နောင် ကောင်းဖို့ ဖြစ်တတ်သေးတယ် ထင်တာပဲ..။ သိသလို ပြောသွားတယ်.. ဟီးးး ^-^
အင်း ....
မောတယ်အစ်ကို
ကဗျာဖတ်ပြီး ....
မျှော်လင့်ချက်တွေ နည်းပြီး
အကွဲအပြဲတွေ ရွှဲစိုနေတဲ့ လေအိုအိုမှာ
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေတယ်…..။
အကိုရေ ကွက်တိပါဘဲဗျာ။ ကျွန်တော် တစ်ယောက်တည်းလို့ ထင်နေတာ အခုတော့ အဖော်ရသွားပြီ။
တစ်ခါတစ်ရံ အချိန်တွေကို နောက်ပြန်ရစ်လို့ရရင် သိပ်ကောင်းမယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အကိုဆောင်းယွန်း.. ကျနော်လည်း ထူးအိမ်သင်ရဲ့ အဲ့ဒီသီချင်းလေးကို သိပ်ကြိုက်တာ..
စိတ်ညစ်လာရင် .. သိပ်လွဲတာတွေများလာရင် .. ပါးစပ်ကအလိုလိုဆိုဖြစ်တဲ့သီချင်းတပုဒ်ပေါ့..
အလွဲတွေအကုန်အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးမယ်နော်။
:(
ကဗျာလေးကောင်းလိုက်တာ :)
အစ်ကို..
US မှာလဲမီးပျက်တာပဲလား....
မင်းသားနဖူးကို သေနတ်နဲ့ချိန်
ဗီလိန်ကို အကယ်ဒမီပေးနေတဲ့ ဇာတ်ကား
ရုံတင်ထားတာလည်း ကြာပြီ….
အစ်ကိုရယ်..
ပရိတ်သတ်ကပေးတဲ့ အကယ်ဒမီက
ပိုတန်ဖိုးကြီးပါတယ်...
အစ်ကို့ ကဗျာတွေ က
လွဲလွဲလေးလဲ ကောင်းတာပါပဲလား....
ခင်မင်လေးစားစွာ
အစ်ကို့ကဗျာကို ဖတ်ပြီးတော့ ကျွန်တော် ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်...။
ကဗျာကြိုက်တယ်ဗျာ..။ မိုက်တယ်။ ကျနော်လည်း ကွန်ပြူတာ ပျက်နေလို့ ၂ ရက် အင်တာနက် သုံးမရဘူး။ အခုမှပဲ အဆင်ပြေသွားလို့ လာလည်တာ ကိုဆောင်းရေ။ ခင်မင်လျှက်ပါ။
အလွဲကို အလွဲနဲ့ပဲ ကပ်ရတာပဲလေ...း)
အိုးရွဲ့ စာလောင်းရွဲ့လို့ ဆိုတာကိုး...
ဒါနဲ့ စကား မစပ် ကိုဆောင်းရေ့
ကိုယ့်ကဗျာတွေကိုယ် Google မှာ ရိုက်ထည့်ပြီး ပြန်ရှာကြည့်ဦး.... ခပ်တည်တည်နဲ့ သူများကဗျာ စာ ကိုယ့်ကဗျာ စာလုပ်နေတဲ့ ဘလော့တွေ အများကြီးဖြစ်နေသဟ
အခုတင် - အကိုရယ် ကောင်းကင်ကိုရယ် မပန်ရယ်
အဲ အကြောင်းတွေ တင်ထားသေးတယ်
မနော်တို့ မေဓါဝီတို့နဲ့ တခြား လူတွေလည်း ကြုံဖူးသတဲ့ဗျား
ဘာပဲ ဖြစ်ဖြစ် ရှာကြည့်ကြည့်ပေါ့ မမှားပါဘူး
ATN
Post a Comment