”အကုန်ရရင်..ရ”
ဟေ့..ဒီမှာ
တစ်ရာမှမရရင် တစ်ကိုလည်းမလိုချင်ဘူး
ကိုယ့်ဒူးကိုယ် ယုံကြည်နေသမျှ
ကိုယ့်ဘဝကို ကိုယ်သွေး
ဘာမဆို လိုတာရအောင် ရေးနိုင်ပါတယ်…..
ငါတို့ဟာ
ဈေးဝယ်ရောင်းနေတာ မဟုတ်သလို
အကြွေးလည် တောင်းနေတာလည်း မဟုတ်ဘူး
ငါးမရရင် ရေချိုးပြန်ဖို့အတွက်
ပျော်ပွဲစားထွက်လာတာလည်း မဟုတ်ဘူး….
လေထဲမှာ အိမ်ဆောက်
စင်္ကြာဝဠာလောက် မြင့်မောက်တဲ့စကား
လေထဲမှာပဲ ကျက်စားနေတာပါ
လေနဲ့ဖောက်နေတဲ့
လေအမြှောက်တွေအကြောင်း နားထောင်ဖို့
ငါတို့မှာ နားအပိုတစ်စုံပါမလာသလို
စကားအပိုပြောတတ်တဲ့ အရေခြုံပါးစပ်
ငါတို့မျက်နှာမှာ အပိုတစ်ချပ်တပ်မထားဘူး…
လေဟာ လေမှာ လေလိုလွင့်ပါးတတ်လို့
ဥတုသုံးပါး လေတရားနာနေရသူတွေကတော့
လေစကားတွေရဲ့အောက်
လေငွေ့ရှုရမှာကိုတောင် သေမလောက်ကြောက်နေကြပြီ….
ဒီဇာတ်က နာနိုင်သမျှနာမှ
ဇာတ်လိုက်ဟာ မင်းသမီးနဲ့ဇာတ်ပေါင်းထုတ်
ငါတို့လည်း မိုးမချုပ်မီ အိမ်ပြန်နိုင်မယ်
တိုင်ကွယ် မိုင်နှစ်ဆယ်ဖောက်တဲ့
ရိုင်ဖယ်သေနတ်ဒဏ်တောင် ခံခဲ့ရပြီးပြီပဲ
ကဲ..တစ်ရာမှမရရင် တစ်ကိုလည်းမလိုချင်ဘူး
ငါတို့…ကိုယ့်ဒူး ကိုယ်ချွန်ထားဖို့တော့လိုတယ်…။
လမ်းကလေးရေ
4 weeks ago
17 comments:
ဒီဇာတ်က နာနိုင်သမျှနာမှ
ဇာတ်လိုက်ဟာ မင်းသမီးနဲ့ဇာတ်ပေါင်းထုတ်
ငါတို့လည်း မိုးမချုပ်မီ အိမ်ပြန်နိုင်မယ်
တိုင်ကွယ် မိုင်နှစ်ဆယ်ဖောက်တဲ့
ရိုင်ဖယ်သေနတ်ဒဏ်တောင် ခံခဲ့ရပြီးပြီပဲ
ကဲ..တစ်ရာမှမရရင် တစ်ကိုလည်းမလိုချင်ဘူး
ငါတို့…ကိုယ့်ဒူး ကိုယ်ချွန်ထားဖို့တော့လိုတယ်…
.....................
ကောင်းတယ်..
ဆက်တောင့်ထား..
၁၀၀ မရ မှတော့ ဘာလို့ ၁ ပဲ ယူမှာလဲ..
...
အခုတလော အစ်ကို့ကဗျာတွေက
အားပြည့်အင်ပြည့်တွေပဲ....
ကောင်းတယ်အစ်ကိုရာ ....
မိုးက ချုပ်နေခဲ့တာ ကြာပြီကော ကဗျာဆရာရယ်။
ကျနော်တို့က အရုဏ်ဦးကို မှောင်ထဲကနေ ငံ့လင့်နေကြတာပါ။
ဒီဇာတ်လမ်းဟာ နောက်ပိုင်းဇာတ်ထုပ်ဆိုရင်လည်း ပတ်စာခွာ ဖျာသိမ်းတဲ့အခါမှာတော့
အရုဏ်ဦးနဲ့အတူ အိမ်ပြန်ကြရဦးမှာပါ။ အဲ….မင်းသမီးနဲ့ မင်းသား ပြန်ပေါင်းထုပ်တာတော့ မြင်ချင်တာပေါ့ဗျာ။
တရာမရရင် တစ်ကိုလည်း မလိုချင်တာတော့ တူသဗျိုး။
အားမာန်အပြည့် ကဗျာလေးဖတ်ရတဲ့အတွက် ကျေးဇူးဘဲဗျာ
အား စကားလုံးတွေ က အားမာန် အပြည့်နဲ့ ရေလည် လန်းတယ် အကိုရေ..
ဟုတ်တယ် အပေါ်ကပြောထားကြသလိုပဲ အစ်ကို့ ကဗျာတွေ ခုရက်ပိုင်း အားနဲ့ မာန်နဲ့ ချိနဲ့နဲ့ ဖြစ်ချင်နေတဲ့ ညီတောင် အားပြန်ပြည့်သွားသလို ။
စကားလုံးတွေက အားမာန်ပြည့်လွန်းတယ်ဗျာ..၊တစ်ရာမရ
ရင် တစ်ကိုလဲမလိုချင်ဘူး....ကိုယ်ဒူး ကိုယ်ချွန် ပြင်ဆင်ဖို့တော့ လိုနေပြီ။
အကိုရေ ကဗျာကိုစီးမျောလိုက်တာ လူကအလိုလိုကို စိတ်ဓါတွေတက်ကြွလာတယ်။ အကို့ ကဗျာထဲမှာ မာန်တွေအပြည့်ပါနေတယ်အကိုရေ။ ကြိုက်တယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အစ်ကိုရေ လိုတာတွေ ရနိုင်ပါစေ
အစ်ကို့ ကဗျာလေးဖတ်ပီး အားယူသွားတယ်အစ်ကို
ကဲ..တစ်ရာမှမရရင် တစ်ကိုလည်းမလိုချင်ဘူး
ငါတို့…ကိုယ့်ဒူး ကိုယ်ချွန်ထားဖို့တော့လိုတယ်…။
လေနဲ့ဖောက်နေတဲ့ လေအမြှောက်တွေ အကြောင်းနားထောင်ဖို့ .. ငါတို့မှာ နားအပိုတစ်စုံပါမလာသလို
စကားအပိုပြောတတ်တဲ့ အရေခြုံပါးစပ်
ငါတို့မျက်နှာမှာ အပိုတစ်ချပ်တပ်မထားဘူး..
ကဗျာလေးရဲ့ စကားလုံးတွေက အရမ်းအသက်ပါတယ်..။
ကဗျာက မိုက်တယ် ဦးဆောင်းယွန်းလ
ပထမအပိုဒ်ကိုအကြိုက်ဆုံးပဲ.....
ဒီဇာတ်က နာနိုင်သမျှနာမှ
ဇာတ်လိုက်ဟာ မင်းသမီးနဲ့ဇာတ်ပေါင်းထုတ်
ငါတို့လည်း မိုးမချုပ်မီ အိမ်ပြန်နိုင်မယ်
တိုင်ကွယ် မိုင်နှစ်ဆယ်ဖောက်တဲ့
ရိုင်ဖယ်သေနတ်ဒဏ်တောင် ခံခဲ့ရပြီးပြီပဲ
ကဲ..တစ်ရာမှမရရင် တစ်ကိုလည်းမလိုချင်ဘူး
ငါတို့…ကိုယ့်ဒူး ကိုယ်ချွန်ထားဖို့တော့လိုတယ်…။
ကဗျာတွေ အရမ်းမိုက်နေပါလားကိုဆောင်း။ ကျနော်လည်း ကဗျာဆရာနဲ့ သဘောတူပါတယ်။ အောက်ဆုံးအပိုဒ်နဲ့ အပေါ်ဆုံးအပိုဒ်ကိုတော့ အကြိုက်ဆုံးပဲဗျာ။
အကိုရေ....တကယ့်ကိုပြတ်ပြတ်သားသား
ပါဘဲလား....ခိုင်လိုက်တဲ့စိတ်.....
တစ်ရာမရမှတော့တစ်ကိုလည်းမယူဘူးတဲ့.....
ကဗျာ ကောင်းတယ်ဗျာ ။ ကျနော်ဆိုရင်တော့ တစ်ကနေ တစ်ရာဖြစ်အောင်လုပ်မယ်ဗျ ။ :)
ကဗျာထဲက အားမာန်တွေကို ခံစားမိပါတယ် ကိုဆောင်း
ရေ။ အားပေးလျက်ပါ အကို။
ကဗျာလာဖတ်ပါတယ်ဗျာ :)
(ကဗျာကတော့ ၁၀၀ အပြည့်ပဲ နည်းနည်းမှ မလျော့ဘူး)
Post a Comment