”မုန်တိုင်းကို..ဖြတ်သန်းခြင်း”
အိပ်မက်ဗုံးကျင်းထဲ
အလုံးအရင်း ဗုံးဆင်းကွဲတဲ့ ညတွေမှာ
နှစ်တစ်ရာပြက္ခဒိန်ထဲက နေ့ရက်တွေကို တမ်းတ
လွမ်းဆွတ်သတိရခြင်း မျက်ရည်မိုးတွေက
ရင်ဘတ်တာရိုးကို ချိုးဖဲ့
နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်းကိုလည်း မျိုချခဲ့ကြရတယ်....
သဘာဝ မုန်တိုင်းဆိုတာ
ရာသီဖောက်ပြား မှောက်မှားပြီး
ခြောက်ခြားစေတဲ့ ဘေးဆိုး
လူ့ရင်ဘတ်ထဲက မုန်တိုင်းကတော့
ကာလပျက်ရဲ့ ဖျက်မြင်းတွေဒုန်းဆိုင်းလို့
မျက်ရည်တွေ အပြိုင်းပြိုင်းကျလဲပြိုဆင်း
လည်မြိုကိုနင်း မျှော်လင့်ခြင်းကိုဖြိုခွင်းတဲ့ ကပ်ဘေး
ခပ်ဝေးဝေး ရှောင်ပြေးမရ
ဖေးမသူမရှိရင် စိတ်ဓာတ်တွေဇောက်ထိုးကျစေတယ်….
ကဲ……
ဘယ်လိုပဲဖြစ်ဖြစ်
မုန်တိုင်းနှစ်စင်းလုံးက လူ့လည်ပင်းနင်းခဲ့ကြပြီးပြီ
သန်းခေါင်ထက်နက်တဲ့ညမျိုး ရှိကြရိုးလား
ခေတ်တစ်ခုကို ထမ်းပိုးတဲ့နေရာမှာ
ခါးကျိုးရင် ကျိုးမယ်
အမှား အဆိုးတွေကို သိမ်းဖျောက်
ဓါးမိုးထားရင် တံတားထိုးဖောက်
အသက်နဲ့ရင်းပြီး လမ်းလျှောက်ကြရမယ်….။
လမ်းကလေးရေ
4 weeks ago
16 comments:
ကဲ……
ဘယ်လိုပဲဖြစ်ဖြစ်
မုန်တိုင်းနှစ်စင်းလုံးက လူ့လည်ပင်းနင်းခဲ့ကြပြီးပြီ
သန်းခေါင်ထက်နက်တဲ့ညမျိုး ရှိကြရိုးလား
ခေတ်တစ်ခုကို ထမ်းပိုးတဲ့နေရာမှာ
ခါးကျိုးရင် ကျိုးမယ်
.........
အမှား အဆိုးတွေကို သိမ်းဖျောက်
ဓါးမိုးထားရင် တောင်
တို့ အင်အားတွေ စု...
ညီညွတ်ခြင်း တံတားနဲ့ထိုးဖောက်
အသက်နဲ့ရင်းပြီး လမ်းလျှောက်ကြမယ်...
...
အသက်နဲ့ရင်းပြီး ဆက် လျှောက်ကြမယ်...
.......
အသက်နဲ့ရင်းပြီး ဆက်လျှောက်ကြမယ်...
........
......
ကိုဆောင်းယွန်း ရေ..
တကယ်ကောင်း တဲ့ ကဗျာလေး ပါ..
ကျမတို့....
အသက်နဲ့ရင်းပြီး ဆက် လျှောက်ကြမယ်...
မုန်တိုင်း ၂စင်းစလုံးကို ကြောက်၊ ရွံ၊ မုန်း၊ ဖြစ်မိတယ် ။
အိပ်မက်ဗုံးကျင်းထဲ
အလုံးအရင်း ဗုံးဆင်းကွဲတဲ့ ညတွေမှာ
နှစ်တစ်ရာပြက္ခဒိန်ထဲက နေ့ရက်တွေကို တမ်းတ
လွမ်းဆွတ်သတိရခြင်း မျက်ရည်မိုးတွေက
ရင်ဘတ်တာရိုးကို ချိုးဖဲ့
နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်းကိုလည်း မျိုချခဲ့ကြရတယ်....
.................
..................
ဆက်တောင်မဖတ်ရဲဘူးးးးးးး
လျှောက်ကြစို့အကိုရေ
မုန်တိုင်းက ၂ စင်းတောင်ပါလား..။
မလွယ်ဘူး..:)
အစ်ကို့ရေ့..တို့ အင်အားတွေ စု...
ညီညွတ်ခြင်း တံတားနဲ့ထိုးဖောက်
အသက်နဲ့ရင်းပြီး လမ်းလျှောက်ကြမယ်...တဲ့လား
အဲ့နေရာလေးရောက်တော့ ကြက်သီးတွေတောင် ထတယ်။
လျှောက်ကြပါစို့ အစ်ကိုရေ..။
mirror
မုန်းတိုင်းနှစ်စင်းကြားမှာ လောကဓံသီချင်းသီရင်း
ဖြတ်သန်းခဲ့တဲ့ဘဝတွေကတော့ လေးစားလောက်တယ်ဗျာ
အသက်နဲ့ရင်းပြီး လမ်းလျှောက်ကြရမယ် ဆိုပါလား။
ကြက်သီးထစရာကောင်းတယ်.....။
ကဗျာရဲ့ အပိုဒ်တိုင်းက အရမ်းကောင်းတယ် ကိုဆောင်း။
အဲဒီမုန်တိုင်းတွေကို ရင်ဆိုင် တွန်းလှန်ဖို့ ခံနိုင်ရည် အားကောင်း တည်ငြိမ်ဖို့ အသည်းကောင်းလိုပါတယ် ကိုဆောင်းရေ..
အိပ်မက်ဗုံးကျင်းထဲ
အလုံးအရင်း ဗုံးဆင်းကွဲတဲ့ ညတွေမှာ
နှစ်တစ်ရာပြက္ခဒိန်ထဲက နေ့ရက်တွေကို တမ်းတ
လွမ်းဆွတ်သတိရခြင်း မျက်ရည်မိုးတွေက
ရင်ဘတ်တာရိုးကို ချိုးဖဲ့
နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်းကိုလည်း မျိုချခဲ့ကြရတယ်....
သဘာဝ မုန်တိုင်းဆိုတာ
ရာသီဖောက်ပြား မှောက်မှားပြီး
ခြောက်ခြားစေတဲ့ ဘေးဆိုး
လူ့ရင်ဘတ်ထဲက မုန်တိုင်းကတော့
ကာလပျက်ရဲ့ ဖျက်မြင်းတွေဒုန်းဆိုင်းလို့
မျက်ရည်တွေ အပြိုင်းပြိုင်းကျလဲပြိုဆင်း
လည်မြိုကိုနင်း မျှော်လင့်ခြင်းကိုဖြိုခွင်းတဲ့ ကပ်ဘေး
ခပ်ဝေးဝေး ရှောင်ပြေးမရ
ဖေးမသူမရှိရင် စိတ်ဓာတ်တွေဇောက်ထိုးကျစေတယ
လှပတဲ့ အဖွဲ့ တွေပါပဲ ကိုဆောင်း။
မုန်တိုင်းအမြန်စဲပါစေ..။
ယုံကြည်ချက်မှာရဲရင့်လိုက်တဲ့စာသားတွေ ....
အောက်ဆုံးအပိုဒ်လေးနဲ့အတူ ကဗျာထဲစီး
ကြက်သီး ထခဲ့ရတယ် အစ်ကို .....
ဒို့အစ်ကိုရေ..
ဂွတ်တယ်.. စာသားလေးတွေ ထိမိလှတယ်..
ခင်တဲ့..
ခေတ်က သေနတ်ပစ်ကားတွေကြိုက်တယ်..
အငုံစိတ်မှာ သွေးဆာတယ်
သွေးရဲရဲ သံရဲရဲ အနုပညာပြကွက်တွေနဲ့ စိတ်အပမ်းတွေဖြေကြတယ်...
ရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ပေါ့ အစ်ကို...
တစ်ခါတစ်ခါ...
ကဗျာတွေဟာ..နမိတ်...
ကဗျာတွေဟာ..အတိတ်တဘောင်...
သန်းခေါင်ထက်နက်တဲ့ညမျိုး ရှိကြရိုးလား
ခေတ်တစ်ခုကို ထမ်းပိုးတဲ့နေရာမှာ
ခါးကျိုးရင် ကျိုးမယ်
အမှား အဆိုးတွေကို သိမ်းဖျောက်
ဓါးမိုးထားရင် တံတားထိုးဖောက်
အသက်နဲ့ရင်းပြီး လမ်းလျှောက်ကြရမယ်….။
သန်းခေါင်ထက်နက်တဲ့ညမျိုးရှိကြရိုးလား
သန်းခေါင်ထက်နက်တဲ့ညမျိုး ရှိကြရိုးလား
သန်းခေါင်ထက်နက်တဲ့ညမျိုး ရှိကြရိုးလား
ခေတ်တခုကို ထမ်းပိုးတဲ့နေရာမှာ
ခါးကျိုးရင် ကျိုးမယ်
အမှားအဆိုးတွေကိုသိမ်းဖျောက်
ဓါးမိုးထားရင် တံတားထိုးဖောက်
အသက်နဲ့ရင်းပြီးလျှောက်ကြရမယ်။
(ဒီနေရာလေးကို ကြိုက်မိတယ်)
မုန်တိုင်းဆဲမဲ့ အချိန်ကို မျှော်လင့်နေမိပါတယ်အကို။
သန်းခေါင်ထက်တော့ ညဉ့်မနက်ချင်တော့ဘူး။
ိစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment