Tuesday, March 31, 2009

”Delete လုပ်ချနေရတဲ့ Yahoo ပေါ်ကအီးမေးလ်တွေ”

မာန်ကလေး တကြွကြွနဲ့
အသံလေးဟဟပြီး ဟန်ရေးပြ
စာမျက်နှာတွေလည်း အရေထူပြီးဖောင်းကြွ
တယောက်နဲ့တယောက် ထုကြထောင်းကြ
အင်တာနက်ပေါ်က အီးမေးလ်ဆိုတာကြီးလည်း ညောင်းလှ
အကြောင်းတခုမှ ”လှ“မလာတာတော့သေချာတယ်…

ဆဲဆိုရင်း လှဲဖြိုရင်း
သတင်းအပုပ်ဖော် အတင်းတုတ်ဆော်
ညှော်နံ့တသင်းသင်းနဲ့ အင်တာနက်ဆိုတာကြီးတောင် သက်ပြင်းချ
အခု တပေါင်းတန်ခူးထိတော့ ဘာမှအကြောင်းမထူးလှပါဘူး…

သူ့နဖူးငါပေါက် ငါ့နဖူးသူဖောက်
တယောင်နဲ့တယောက် အမနာပ ကောင်းချီးသြဘာပြု
သူအတု ငါအစစ်ငြင်းခုန် လေကုန် ကြိုးပြတ်
အရှက်ရ အမြက်ရှ သွေးကြွတိုင်း ရေး
သူ့ဘေးကိုမသိ ကိုယ့်ဘေးသူမသိ
အရက်ဝိုင်းမှာ အမြည်းရဖို့အရေး
မခုတ်တဲ့ ဓါးတွေကို သွေးကြတာလည်း တမြမြ
ကျနော်ကတော့..
တွေ့တဲ့Yahooမေးလ်မှန်သမျှ အားလုံးကို Delete လုပ်ချတယ်….။

9 comments:

Mhu Darye said...

အေးရော...အေးရောပဲ...။
:P

MANORHARY said...

how about googlemail ?? ;P

လင်းထက် said...

ဟုတ်ပါ့ ကိုဆောင်းယွန်းရေ ဝင်လိုက်တဲ့ မေးလ်တွေ ဆိုတာ ဖောခြင်းသောခြင်းပါပဲ..။

ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးဆောင်းယွန်း..

ဒါဆို...!! Hotmail နဲ့ Gmail ကိစ္စ ထပ်ရှင်းပြ..

လေးစားချစ်ခင်ခြင်းများစွာဖြင့်..

အိုင်လွယ်ပန် said...

mail ကတော့ ဒီအတိုင်းပဲအစ်ကိုရေ :P

မိုးမြင့်အောင် said...

သွေးနေကြ သွေးနေကြ မြမြသွေးနေကြ မခုတ်ရသေးတဲ့ ဓါးများရှိရင် ၁လက်လောက်ငှားပါလား ဆရာသမား
ကြိုက်တယ်ဗျာ

Nyein Chan Aung said...

ဟုတ်တယ်။ ကျနော်ရော တူတူပဲ။ နေ့စဉ် ဖျက်နေရတယ်။ ကဗျာ ကောင်းတယ်ကိုဆောင်းရေ။

Moe Cho Thinn said...

:'D

Kaung Kin Ko said...

ကဗျာလေးကြိုက်တယ် အစ်ကိုရာ