Monday, April 13, 2009

”သင်္ကြန်မှာ ချစ်တဲ့မိတ်ဆွေညီအကိုမောင်နှမတွေအတွက် သီချင်းလက်ဆောင်လေးပေးချင်လို့”

ဒီသီချင်းလေးကို ၂၀၀၇ခုနှစ် ဧပရယ်လတုန်းက ဖော့ဝိန်းမြို့မှာကျင်းပခဲ့တဲ့ စတိတ်ရှိုးလေးမှာ M3 တေးဂီတအဖွဲ့က တီးခတ်ခဲ့ပြီး ကျနော်သီဆိုထားခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိကပင်တိုင်အဆိုတော်
ကတော့ မြန်မာနိုင်ငံမှာ Country Songs တွေသိပ်ပြီးအဆိုကောင်းတဲ့ ကျနော့်ညီရဲ့သူငယ်ချင်း လူငယ်အဆိုတော်တယောက်ဖြစ်ခဲ့ပါတယ်။ ကျနော်ကတော့ ကိုအငဲရေးပြီး ဝိုင်ဝိုင်းသီဆိုခဲ့တဲ့ ”ဖြေသိမ့်လိုက်”ဆိုတဲ့သီချင်းလေးတပုဒ်ကိုပဲ ဆိုခဲ့ပါတယ်။ ပြန်ကူးထားတာတွေ အခေါက်ရေ
များသွားလို့ အသံပိုင်းဆိုင်ရာအနေနဲ့ သိပ်မကောင်းတော့ရင်လည်း သီးခံပြီးနားထောင်ပေးကြပေါ့ဗျာ။
ကိုယ်တိုင်လည်းအသံမကောင်းတာ ဖြစ်ရင်ဖြစ်မှာပါလေ။ ပိုပြီးကြည်လင်အောင် ကြည့်နိုင်နားထောင်
နိုင်ဖို့အတွက် http://video.google.com/videosearch?q=m3musicband&hl=en&emb=0&aq=f#q=m3musicband&hl=en&emb=0&aq=f&start=0
မှာသွားပြီးကြည့်နိုင်ပါတယ်။
ချစ်ခြင်းများစွာဖြင့်....
ဆောင်းယွန်းလ

9 comments:

ကောင်းကင်ပြာ said...

ကောင်းတယ် အကိုရေ ၊ အဆိုရော အသံရော ၊ဘာမှ ပြောစရာ မလိုပါ

emayarKhin said...

ဘယ့်နှယ့်ကိုယ့်အကို...
တယ်ဟုတ်ပါလား.......ကဗျာရေး
ကောင်းရုံတင်မကအဆိုလဲတယ်ပိုင်
ပါလား....အနုပညာပါရမီပေါ့နော်.....
အားကျလိုက်တာ......အမရာလဲသီချင်းဆိုရတာ
ဝါသနာပါတယ်.........

အိန္ဒြာ said...

ဟာ.....!!!

ရူပါရော...
အမူအရာရော...
အသံရော..
ဟန်ရော..
လွှတ်မိုက်....

သေချာတွေးကြည့်တော့ဝမ်းနည်းစရာကြီး...

အနုပညာသမားစစ်စစ်တွေ..
ကဗျာဆရာတွေ..

အနုပညာသမားစစ်စစ်တွေ..
ကဗျာဆရာတွေ..

အနုပညာသမားစစ်စစ်တွေ..
ကဗျာဆရာတွေ..

ကလူသစ် said...

ရုပ်က မလာပေမဲ့ အသံကတော့ သိတ်အဆင်မပြေပါဘူး။ :)

စိတ်မဆိုးနဲ့ အိုးမဲလေးပါ အဆစ်သုတ်သွားတယ် :)

မိုးမြင့်အောင် said...

ဝါသနာ ဝါသနာ အားပေးပါတယ်

ကိုရင်နော်ခင်လေးငယ် said...

ဂွတ်ပါပေ့း)း)

မသက်ဇင် said...

လေးဖြူရှုံးလောက်တယ်--

သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--

MANORHARY said...

အားပါး...
တယ်ဟုတ်ပါလား ကိုဆောင်း
ဝိုင်ဝိုင်းထက်ကောင်းတယ်..း)
မနော်က ဝိုင်ဝိုင်းမှမကြိုက်တား)

Anonymous said...

ကျနော်ကြိုက်တဲ့ သီချင်းလေးကို အစ်ကိုကြီးက ဆိုထားတာပဲ မိုက်တယ် ရုပါကော အသံကေား)