”နာဂစ်အဖျားသွေးအတွက် အားဆေးတစက်”
ပုတ်ချလို့မရနိုင်ခဲ့တဲ့ ဒုက္ခတွေပေါ့
ပင်လယ်မှာ နေခဲ့ကြရလို့
ဒုက္ခတွေ ပင်လယ်လိုဝေခဲ့ကြရသလား..
ဘီလူးဆိုင်တီးပြီး
လှိုင်းတွေကြီးခဲ့တဲ့ ပင်လယ်ပြင်ကြီးကတော့
ဘာကိုမှ အမှတ်တရမရှိခဲ့သလိုပါပဲ….
ကြည့်စမ်းပါဦး
အဲဒီပင်လယ်ပြင်ကြီးရဲ့
အေးစက်ငြိမ်သက်နေလိုက်ပုံများ
သူ့ရဲ့ပဉ္စလက်နဲ့ လူတွေသတ်ခဲ့တယ်ဆိုတာ
ယုံမှားဖွယ်ရာကောင်းလိုက်လေရဲ့…
အရိုင်းဆန်လေပြင်းက
သူ့ရေပြင်ကိုဆင်းပြီး
အညှိုးကြီးကြီးနဲ့ ရိုက်ခွင်းတဲ့တခဏမှာ
ဘဝတွေကြေမွသွားခဲ့ပုံက
အားလုံးရဲ့ရင်ကို ထိရှပဲ့ကြွေကျသွားစေခဲ့တယ်…
အဲဒီပင်လယ်ထဲက
လှိုင်းလုံးကြီးတွေရဲ့အောက်မှာပဲ
ဘဝတွေ သွက်သွက်ခါအောင်မှောက်ပြိုလဲခဲ့ရလို့
နာဂစ်ကြောင့်ကျတဲ့ မျက်ရည်စတွေကဆို့နင့်
သောကတွေကိုလည်း
ဘယ်တရားနဲ့မှ ကျင့်လို့မပျောက်နိုင်ကြသေးဖူး….
နာဂစ်အဖျားသွေးဝေနေတဲ့ ဘဝတွေအတွက်
အားဆေးတခွက်လောက် မတိုက်နိုင်ရင်တောင်မှ
အဖျားသွေးတဝက်လောက် ပျောက်ဖို့အတွက်
အားဆေးတစက်လောက်ဖြစ်ဖြစ် လိုနေတယ်
အဲဒီ အားဆေးတစက်ဟာ
ခင်ဗျားဖြစ်သလို ကျနော်လည်းဖြစ်တယ်…။
ဒီကဗျာလေးကို နာဂစ်မုန်တိုင်းတနှစ်ပြည့်ခြင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်
အနေနဲ့ရေးတာပါ။
တလက်စတည်းမှာ ကျနော်ပြောချင်တာကတော့ ကျနော့်ရဲ့ဘဝအကျိုးပေးအခြေ
အနေတွေကြောင့် ဘလော့ရေးခြင်း ဘလော့လည်ပတ်ခြင်းတွေကို အရင်လိုအချိန်
အများကြီးပေးနို်င်တော့မှာ မဟုတ်တော့ဘူးဆိုတာပါပဲ။ ဘလော့ပေါ်က ချစ်တဲ့ညီ
အကိုမောင်နှမတွေကိုတော့ အမြဲသတိရနေမှာဖြစ်ပြီး အချိန်ရရင်ရသလို ဘလော့
ရေးမှာ ဘလော့လည်ပတ်မှာဖြစ်ပါကြောင်း အသိပေးလိုပါတယ်။
အားလုံးကို ချစ်ခင်လေးစားလျှက်
ဆောင်းယွန်းလ
Wednesday, May 6, 2009
Posted by ဆောင်းယွန်းလ at 12:50 PM
Subscribe to:
Post Comments (Atom)
11 comments:
အကိုရေ..
ကဗျာတွေလာဖတ်တယ်
အရမ်းကောင်တာပဲနော်
နာဂစ်မုန်တိုင်း တနှစ်ပြည့်ခြင်း ဝမ်းနည်းခြင်း
အထိမ်းအမှတ်ကဗျာလေးကို လာရောက်ခံစား
သွားပါတယ်...။အားဆေးတစက်ဖြစ်ဖို့လဲ ကြိုးစားနေဆဲပါ...။
ကဗျာ ကြိုက်တယ်ကိုဆောင်းရေ။ အားလပ်တဲ့ အချိန်တွေမှာတော့ ကဗျာတွေ ဆက်လက်ရေးနိုင်ပါစေ။
ခင်မင်စွာဖြင့်..
ကဗျာလာဖတ်ပါတယ် အကိုရေ၊ ဘလော့ ရေးတာ လည်တာကတော့ အဆင်ပြေမှ ရေးပါ လည်ပါ အကိုရေ၊ နားလည်ပါတယ်
နာဂစ်အဖျားသွေးဝေနေတဲ့ ဘဝတွေအတွက်
အားဆေးတခွက်လောက် မတိုက်နိုင်ရင်တောင်မှ
အဖျားသွေးတဝက်လောက် ပျောက်ဖို့အတွက်
အားဆေးတစက်လောက်ဖြစ်ဖြစ် လိုနေတယ်
အဲဒီ အားဆေးတစက်ဟာ
ခင်ဗျားဖြစ်သလို ကျနော်လည်းဖြစ်တယ်…။
How can we thank you for your many kindnesses?
Bino
အဆင်ပြေသလိုပေါ့ ကိုဆောင်းရေ
နာဂစ်အမှတ်တရ အသံကို နားထောင်သွားပါတယ်
အဲဒီ အားဆေးတစက်ဟာ
အစ်ကိုလည်း ဖြစ်နေသလို
ကျွန်တော်တို့လည်း ဖြစ်နေတယ် အစ်ကို
- မလည်နိုင်တာထက် မရေးနိုင်မှာပဲပူတာပါ အစ်ကို
အဆင်ပြေပါစေဗျာ ။
စိတ်မကောင်းစွာနဲ့ ပဲ ............ ။
ပုတ်ချလို့မရနိုင်တဲ့ ဒုက္ခတွေကို မတမ်းတချင်ပေမဲ့ ဘယ်လို မေ့ပျောက်နိုင်ပါ့မလဲ။ ကဗျာလေး ကြိုက်မိတယ်။
ဘလော့ဂ်ကို ရေးနိုင်တဲ့အချိန်တိုင်း လာလည်နိုင်ဖို့ ကြိုးစားမယ်။ လာမလည်လည်း နားလည်နေမှာပါ။ တပြည်ထဲနေသူချင်းမို့ ဆုံချင်လဲ ဆုံနေမှာနော်..
ကဗျာလေး ခံစားရတယ်ဗျာ။
အချိန်တွေ ရပါစေဗျာ။
အကိုရေ
ဘ၀ပေးအခြေအနေအရ အလာနောက်ကျသွားပါတယ်.။
အချိန်အားတာနဲ့ ကဗျာတွေသာကောက်ရေးပစ်လိုက်အကို...
ကဗျာဟာ...ကိုယ့်အနာတရတွေအတွက်..
အလျှင်မြန်ဆုံး.အနာဖေးတက်စေနိုင်တဲ့ဆေးမြီးတိုပဲ..
မြုံနေ လှိုက်စားနေတာတော့ မတတ်နိုင်ဘူးပေါ့ အကိုရာ...
Post a Comment